2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Sunday, December 23, 2012

ဗီဇာကတ် များကို ပြည်တွင်း၌ ထုတ်ဝေ သွားမည်

သမ၀ါယမဘဏ် CB Bank မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ နိုင်ငံတကာမှာ အသုံးပြုလို့ရတဲ့ ဗီဇာကတ် များကို ပြည်တွင်းမှာ ထုတ်လုပ် သွားနိုင်ဖို့
အမြန်ဆုံး စီစဉ် ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ ဒီလို စီစဉ်ရာ မှာတော့ အချိန်ကာလ အားဖြင့် အနည်းဆုံး ၆ လ၊ ၉ လနဲ့ ၁ နှစ် လောက် ကြာမြင့်နိုင်မှာ ဖြစ်ပါတယ်။ အခုလို ဗီဇာကတ် ထုတ်ဝေရာမှာ အဆိုပါ ဗီဇာကတ်ဟာ Prepaid Card နဲ့ Debit Card ဆိုပြီး နှစ်မျိုးရှိတဲ့ အတွက် ထုတ်လုပ် ရမယ့် ကတ်အမျိုးအစားကို ဗီဇာ ကုမ္ပဏီနဲ့ ဆွေးနွေးပြီးမှ ထုတ်ဝေ နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် CB Bank ဘဏ်အနေနဲ့ Visa ကတ်တွေကို CB Bank ရဲ့ ATM စက် ၄၅ ခုစလုံးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က စတင်ပြီး အသုံးပြု နိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘောဇဘဏ်ရဲ့ ATM စက်များမှာလည်း ဗီဇာကတ်တွေ အသုံးပြု နိုင်နေပြီ ဖြစ်ပါတယ်။ အဆိုပါ ဗီဇာကတ် တွေကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၂၀၀ မှာလည်း အသုံးပြု လျက်ရှိနေပြီ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

Post a Comment