2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Tuesday, December 18, 2012

Samsung မှ စမတ်ဖုန်းအသစ် Galaxy Grand အားမိတ်ဆက်

Samsung မှ စမတ်ဖုန်းအသစ် Galaxy Grand အားမိတ်ဆက်

Android 4.1.2 'Jelly Bean' OS ကို အသုံးပြုမယ့် စမတ်ဖုန်း အသစ်ကို Samsung တို့ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ မျက်နှာပြင် ၅ လက်မ အရွယ်ရှိမယ့် အရွယ်ကြီး စမတ်ဖုန်း ဖြစ်ပါတယ်။

dual core 1.
2 Ghz processor နဲ့ အားဖြည့်ထားပြီး RAM 1GB ရှိပါ တယ်။ နောက် ကင်မရာ 8 megapixel , ရှေ့ ကင်မရာ 2 megapixel ဆီ အသီးသီး ရှိပါတယ်။ အတွင်းမှာ 8GB memory ပါပြီး microSD နဲ့ ထပ်ဖြည့် လို့ ရပါသေးတယ်။ Wi-Fi b/g/n, GPS function များပါပြီး အခြားသော feature များလည်း ပါရှိပါသေးတယ်။

Direct Call, Popup Video, Smart Alert နဲ့ S-Voice တို့လို အခြားသော function များလည်း စုံစုံလင်လင် ပါရှိ ပါတယ်။ S-Voice က Apple ရဲ့  Siri ကိုယှဉ်ပြိုင်မယ့် Samsung အသံ နဲ့ စေခိုင်း feature တစ်ခု ဖြစ်ပါတယ်။ အခြားသော ပါဝင်မယ့် Function များစွာလည်း ရှိပါတယ်။ မျက်နှာပြင်ကတော့ WVGA LCD အမျိုးအစား ကိုသုံးပါတယ်။

အထူ ၉.၆ မီလီမီတာ အလေးချိန် ၁၆၅ ဂရမ်ဆိုတော့ Samsung Galaxy Note 2 ထက်ပေါ့ပါတယ်။ အရွယ်ကလည်း Note 2 နဲ့မတိမ်း မယိမ်းဖြစ်ပြီး နောက်ထပ် မျိုးဆက်သစ် Note လားလို့တောင် ထင်ရ ပါတယ်။ Samsung Galaxy Grand ကို ၂၀၁၃၊ ဇန်နဝါရီ CES အီလက်ထရောနစ် ကုန်စည်ပြပွဲမှာ ပြပပြီး မကြာမီ ဈေးကွက်ဖြန့်ချိတော့မယ် ဖုန်း ဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment