2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Monday, January 21, 2013

Android Development လုပ်ချင်သူတွေအတွက်


Android Development လုပ်တော့မည်ဆိုလျှင်
------------------------------
Java သင်ခန်းစာလေးတွေဖတ်ပီးကြလောက်မှာပါ
Java လေ့လာရင်းနဲ့ တချိန်တည်း လေ့လာလို့ရတာကတော့
Android Programming ပဲဖြစ်ပါတယ် :)
ဒါကတော့ ရေးတော့ရေးချင်တယ် ဘာတွေလိုအပ်လဲမသိတဲ့လူတွေ
အတွက်ပါ ခင်ဗျာ
Android app တစ်ခုရေးဖို့အတွက်ဆိုရင် လိုအပ်တာလေးတွေသွင်းရဦးမှာပါ

Adnroid ဟာ Java language နဲ့ရေးသားရတာဖြစ်တဲ့အတွက်
1 . JDK လိုအပ်ပါတယ် ၊
နောက်ပီးတော့ ဒီနေရာမှာပြောရရင် IDE ကို Eclipse ကိုသုံးကြပါတယ်
Eclipse က တရားဝင် support ပေးထားတဲ့ IDE ဖြစ်တဲ့အတွက်သုံးသင့်ပါတယ်
အခု အရမ်းလွယ်တဲ့နည်းလေးသုံးစေချင်ပါတယ်
လွယ်တဲ့နည်းဆိုတော့ နည်းနည်းရူပ်တဲ့နည်းလဲရှိလို့ပါ :)
2."ADT Bundle " ဆိုတာပါပဲ ၊ သူက Eclipse ကို အထူး modify လုပ်ထားတာပါ
Android Develop အတွက်သီးသန့်ထုတ်ထားတာပါ
ADT plugin တစ်ခါတည်းသွင်းပီးသားဖြစ်တယ် ၊ နောက်ပီး အောက်ပါအတိုင်းပါပါတယ်

Eclipse + ADT plugin
Android SDK Tools
Android Platform-tools
The latest Android platform
The latest Android system image for the emulator

ှADT ဆိုတာ Android Developer Tools ကိုပြောတာပါ
ဒီတော့တကယ်သွင်းရမှာက JDK သွင်းပီးပီဆိုတာနဲ့ ADT bundle လေးသာဒေါင်းလိုက်ပါ
ပြီးရင် ရေးချင်တာရေးနိုင်ပါပီ ၊ ADT bundle က platform အစုံလဲရနိုင်ပါသေးတယ်
Mac , Linux တွေလဲဒီလိုပါပဲ JDK သွင်းဖို့သာလိုတာပါ ၊
ကျွန်တော် အခု mac မှာ ADT bundle သုံးပီးရေးနေပါတယ် ၊

Download Link :
http://developer.android.com/sdk/index.html

တစ်ခုရှိတာက Lastest ဖြစ်တဲ့ Android SDK တစ်ခုကိုပဲထည့်ပေးထားတာပါ
အခုဆိုရင် Lastest ဖြစ်တာက Android 4.2 ( API 17 ) Jelly Bean ပါပါလိမ့်မယ်
ကိုယ် Develop လုပ်ချင်တာက ဒီထက်အနိမ့်တွေဆိုရင်တော့
SDK manager ကတိုက်ရိုက်ဖြစ်စေ ၊ zip file တွေဒေါင်းပီးဖြစ်စေထပ်ဖြည့်
သွင်းနိုင်ပါတယ်ခင်ဗျာ ၊
အောက်ကလင့်တွေမှာလဲဝင်ရောက်လေ့လာနိုင်ပါတယ်.သူအဆင့်ဆင့်သွားနိုင်ပါတယ်

No comments:

Post a Comment