2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Thursday, January 10, 2013

အပြိုင်အဆိုင်ရောင်းချနိုင်ရန်ပြင်ဆင်နေပြီ


လျော့ချပေးမည့်မိုဘိုင်းဈေးနှုန်းများအပေါ်မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင်ရောင်းချနိုင်ရန်ပြင်ဆင်နေပြီ
Friday, 11 January 2013

ရန်ကုန်မြို့အတွင်းရှိမိုဘိုင်း အရာင်းဆိုင်များအနေဖြင့် မြန်မာ့ ဆက်သွယ်ရေးမှ ဇန်န၀ါရီလအတွင်း လျှော့ချပေးမည့်မိုဘိုင်း ဈေးနှုန်းများ
အပေါ်မူတည်ပြီး One Stop Service ဖြင့် အပြိုင် အဆိုင်ရောင်းချနိုင်ရန်
ပြင်ဆင် မှုများပြုလုပ်နေကြောင်း မိုဘိုင်း အရောင်းဆိုင်များမှ တာဝန်ရှိသူ များ၏ ပြောပြချက်အရ သိရသည်။

ဆက်သွယ်ရေးဖုန်းများ ဈေး လျှော့ပေးမည်ဆိုသည့်သတင်းကြားသည်နှင့် မိုဘိုင်းအရောင်းဆိုင်များ က ပြင်ဆင်မှုနှင့် ၀န်ဆောင်မှုပိုင်း ကို
ပြင်ဆင်လာကြကြောင်း နှစ် သိန်းတန်ဖုန်းဈေးကျတုန်းက တော်တော်
ရောင်းရကြောင်း ဟန်းဆက်ရော၊ ဖုန်းကတ်တွေရော ရောင်းရကြောင်း၊ ဆိုင်များတွင် ၀န်ထမ်းအင်အားရော ပစ္စည်းပိုင်း ကိုပါ ဖြည့်တင်း
ထားကြောင်း ဈေးကျမည်သတင်းကြားသည်နှင့် ၀ယ်သည့်သူများက ယခုကတည်း က ဟန်းဆက်များကို ကြိုတင်ဝယ် ထားကြကြောင်း ယခုရောင်းမည့် ဈေးနှုန်းက တစ်သိန်းတန်းကျင်ဟု သိရ၍ ဖုန်းများကို အဆင်မြင့်များ ကိုသာ ၀ယ်ရန်များမည်ဟုထင် ကြောင်း ယခု (၁) သိန်းဟုဆို၍ ၀ယ်မည့်သူမှာပို၍များပြားမည်ဟု ယူဆကြောင်း မိုဘိုင်းအရောင်းဆိုင်ကြီးတစ်ခုမှ မန်နေဂျာတစ်ဦးကပြော သည်။

အောင်ဘသိန်း
The Hot News

No comments:

Post a Comment