2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Friday, February 22, 2013

iPhone အဟောင်းများကို ပြန်လည်ရောင်းချ။


iPhone မော်ဒယ်ဟောင်းများအပေါ် ၀ယ်ယူသုံးစွဲမှု ဒေါ်လာ ၉ ဘီလီယံထိရှိနေပြီး၊ iPhone အသုံးပြုသူ ၂၀ ရာခိုင်နှုန်းလောက်ကသာ ၄င်းတို့၏ iPhone အဟောင်းများကို ပြန်လည်ရောင်းချ။


ဖေဖော်ဝါရီ ၁၅ရက်၊ သောကြာနေ့ကထွက်ရှိလာတဲ့သ တင်းစစ်တမ်းတစ်ခုရဲ့အဆိုအရ အမေရိ ကန်မှာရှိတဲ့အိမ်ထောင်စုတွေက သူတို့ဆီမှာ လောလောဆယ်အသုံးမပြုရသေးတဲ့ဆဲလ်ဖုန်းတွေ ၂ လုံးနဲ့အထက်အပိုရှိနေတယ်ဆိုပြီးပြောကြတယ်လို့သိရပါတယ်။ အဲဒီဖုန်းအဟောင်းတွေကို အလိုက် ပေးပြီးလဲမယ်ဆိုရင်တောင် ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိကြောင်း ဖုန်းပြန်လည်ရောင်းချတဲ့ဆိုဒ် SellCell.com ကထုတ်ပြန်ထားပါတယ်။ iPhone အမျိုး အစားဟောင်းတွေရဲ့တန်ဖိုးကတော့ အကြမ်း ဖျင်းအနေနဲ့ အဲဒီ ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရဲ့လေးပုံတစ်ပုံရှိတယ်လို့ဆိုပါတယ်။
Apple ဟာ ၂၀၀၇ ခုနှစ်ကတည်းကစပြီး နှစ်စဉ် iPhone အမျိုးအစားသစ်တစ်မျိုးကို ထုတ် လုပ်လာနိုင်ခဲ့ပြီး ဖုန်းအလုံးရေပေါင်း ၈၅ သန်းနဲ့ ဒေါ်လာ ၅၀ ဘီလီယံဝင်ငွေရှိခဲ့ပါတယ်။ ဒါကြောင့် တစ်စိတ်တစ်ဒေသအားဖြင့်တော့ ဖုန်းအသုံးပြုသူတွေအတွက်ဖုန်းအဟောင်းတွေကိုရောင်းချပြီး၊ ဖုန်း အသစ်တစ်လုံးဝယ်ယူရတာ အဆင်ပြေပြီးဈေးသက်သာနေတာဖြစ်ပါတယ်။ ဒါပေမယ့် အသုံးပြုသူ တော်တ်ာများများက သူတို့ရဲ့ဖုန်းအဟောင်းတွေကို မစွန့်ပစ်ဘဲသိမ်းထားကြပါတယ်။
“တကယ်လို့ ဈေးကွက်ထဲကို iPhone တွေလှိမ့်ဝင်လာတာနဲ့အမျှ ဖုန်းအဟောင်းပြန်လည် ရောင်းချတဲ့ဈေးနှုန်းကျဆင်းလာနိုင်ပြီး၊ ဖုန်းအသုံးပြုသူတွေကို ဖုန်းအသစ်တွေဝယ်ယူအသုံးပြုဖြစ် အောင်ဆွဲဆောင်ဖို့အားနည်းလာနိုင်တယ်” လို့ နည်းပညာသုတေသီ Jeff Kagan ကပြောပါတယ်။ iPhone အမျိုးအစားဟောင်းတွေရဲ့ပြန်ရောင်းဈေးမြင့်မားမှုဟာ ဖုန်းအသစ်တွေဝယ်ယူအားပေးမှုကို တိုးတက်လာစေနိုင်လိမ့်မယ်လို့ သူကဆက်လက်ပြောကြားပါတယ်။
iPhone အသစ်တစ်လုံးရဲ့လက်လီရောင်းဈေးမှာ ဒေါ်လာ ၆၅၀ နဲ့စတင်တယ်ဆိုပေမယ့် အများစုအနေနဲ့က wireless carriers တွေကို ၂ နှစ်စာချုပ်နဲ့ဝယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ၁၉၉ ကနေပဲစတင်ပေးချေရပါတယ်။ ဒါပေမယ့် ပြန်လည်ရောင်းချတဲ့ဆိုဒ်တွေက အရင်ဖုန်းအမျိုး အ စားတွေကို ဒေါ်လာ ၂၀၀ ပေးပြီးကမ်းလှမ်းဝယ်ယူလာပြီးတဲ့နောက်မှာတော့ ၀ယ်ယူသုံးစွဲသူတွေ ဟာ မော်ဒယ်အသစ်တွေကို နောက်ထပ်ငွေထပ်စိုက်စရာမလိုဘဲအစားထိုးမြှင့်တင်အသုံးပြုနိုင်ကြပါတယ်။
တချို့ iPhones တွေ ပြင်မရလောက်အောင်ပျက်စီးသွားတဲ့ဖုန်းတွေလည်းရှိပေမယ့် စစ် တမ်းကောက်ယူချက်အရ ငါးဦးမှာတစ်ဦးကတော့ ဖုန်းအဟောင်းတွေကိုရောင်းဖို့စိတ်မ၀င်စားဘူးလို့ ပြောကြားကြောင်း စစ်တမ်းကောက်ယူရေးအဖွဲ့ကတင်ပြထားပါတယ်။ နောက်ပြီး အထက်ပါအရေ အတွက်အတိုင်းပဲ ငါးဦးမှာတစ်ဦးကလည်း သူတို့ရဲ့ ဖုန်းအဟောင်းတွေကိုစွန့်ပစ်လိုက်ခြင်းအားဖြင့် အဲဒီဖုန်းတွေကိုပြန်ပြင်ပြီး ဖုန်းထဲကသူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို တခြားသူတွေ ရရှိသွားမှာစိုးရိမ်တယ်လို့ပြောသလို၊ တချို့တွေကလည်း အဲဒီဖုန်းအဟောင်းတွေကနေ ငွေကြေးတစ်စုံ တစ်ရာရနိုင်တယ်ဆိုတာကိုမသိကြသေးဘူးလို့ SellCell.com က မန်နေဂျင်းဒါရိုက်တာ Colin White ကပြောပါတယ်။ ဖုန်းအသုံးပြုသူ ၂၀ ရာခိုင်နှုန်းလောက်ကပဲ ဖုန်းအဟောင်းတွေကိုရောင်း ချတာ၊ ပြန်လည်ပြုပြင်သုံးစွဲတာတွေလုပ်တယ်လို့ ၄င်းကဆက်လက်ပြောကြားပါတယ်။
တကယ်လို့ T-Mobile ကသာ အမေရိကန်ပြည်ထောင်စု ဖုန်းစာချုပ်စနစ်စံနှုန်း ဖျက်သိမ်းမယ့် အစီအစဉ်တွေကိုဆက်လက်လုပ်ဆောင်သွားပြီး၊ ဖုန်းအသုံးပြုသူတွေကို ဖုန်းတစ်လုံးအတွက် ကြို သွင်းရတဲ့များပြားတဲ့ငွေပမာဏကို လစဉ်နည်းနည်းချင်းစီပေးရတဲ့နှုန်းထားနဲ့ပြောင်းလဲပေးမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုမှာ သုံးပြီးသားဖုန်းတွေဝယ်ယူမှုအားဟာ ပိုပြီးမြင့်တက်လာနိုင်ဖွယ်ရှိတယ် လို့ Morningstar ကသုတေသီတစ်ဦးဖြစ်တဲ့ Brian Colello ကပြောပါတယ်။ ဒါပေမယ့် အဆင့်မြင့်ဖုန်း အသစ်တစ်လုံးထုတ်လုပ်လိုက်တဲ့အချိန်မှာ အဲဒီဖုန်းအသစ်မှာ ပိုပြီးထူးခြားကောင်းမွန်တဲ့အချက်တွေ ပါဝင်မှုနည်းလာတဲ့အတွက်ကြောင့် iPhone ၀ယ်ယူအသုံးပြုသူတွေဟာ ၂၀၁၃ မှာ ထွက်ရှိလာတဲ့ iPhone အသစ်ကိုဝယ်ယူမယ့်အစား iPhone 4S နဲ့ 5 ကိုသာအကြာကြီးဆက်လက်အသုံးပြုနေ မယ်ဆိုရင် Apple အတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်တယ်လို့ Brian Colello ကပြော ပါတယ်။
Apple ကတော့ ဖုန်းအသစ်အသစ်တွေထုတ်လုပ်နိုင်မှုနှုန်းအ များဆုံးလုပ်ငန်းတွေထဲမှာ တစ်ခု အပါအ၀င်အဖြစ်ရပ်တည်နေဆဲဖြစ်ပြီး iPhone အသုံးပြုသူအရေအတွက်ဟာ ၂၀၁၁ ခုနှစ်မှာ ၇၃ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၂ ဒီဇင်ဘာမှာ ၈၃ ရာခိုင်နှုန်းထိတိုးတက်လာခဲ့တယ်လို့ Morgan Stanley သုတေသနအဖွဲ့ကဆိုပါတယ်။ Apple နဲ့ပြိုင်ဘက်တွေဖြစ်တဲ့ Samsung ကတော့ အသစ်ထွက်ရှိ လာတဲ့မော်ဒယ်သစ်တွေအပေါ် အသုံးပြုသူအရေအတွက်ဟာ ၆၃ ရာခိုင်နှုန်းရှိပြီး HTC ကတော့ ၄၇ ရာခိုင်နှုန်းရှိပါတယ်။
ဒါပေမယ့် Apple ကုမ္ပဏီဟာ iPhone, iPad Mini နဲ့ iWatch တို့လို ထုတ်ကုန်အသစ်တွေ ပေါ်မှာအများကြီးအားထားနေရဆဲဖြစ်ပြီး iPhone ရောင်းရငွေတစ်ခုတည်းကပဲ ၅၆ ရာခိုင်နှုန်းဝန်း ကျင်ရှိပြီး၊ အဲလိုထုတ်ကုန်တစ်မျိုးတည်းမှာပဲမှီခိုနေရတဲ့အချက်ကြောင့် Apple ဟာ ပြီးခဲ့တဲ့ စက်တင် ဘာလက အမြင့်ဆုံးရှယ်ယာ တန်ဖိုး ဒေါ်လာ ၇၀၀ ကနေကျဆင်းသွားခဲ့တာဖြစ်တယ်လို့ Kagan ကပြောကြားထားပါတယ်။
=====================================
(၂၀ ရာခိုင်းနှုန်းပဲပြန်ရောင်းတဲ့ iPhone တွေ ၀ယ်ချင်တယ်ဆို -->http://www.ads.com.mm/for-sale/mobile-phones-phone-accessoires)ads.com.mm တွင်ဝင်ရောက်ကြည့်ရှူစုံစမ်းနိုင်ပါသည်။
Credit By: NetGuide Journal
Post by minzarnitgi 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်

No comments:

Post a Comment