2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Wednesday, February 13, 2013

ရေစိုခံ အားကစားဘက်စုံသုံး Sony MP3 player


ရေစိုခံ အားကစားဘက်စုံသုံး Sony MP3 player
*****************************************
ရေကူးရင်း သီချင်းနားထောင်လို့ရမယ်လို့ ဘယ်သူ စိတ်ကူးကြည့်ဖူးပါသလဲ။ တကယ်ပဲ ရေကူးရင်းနဲ့ သီချင်းနားထောင်လို့ရမယ့် MP3 ကို Sony က ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

Walkman စီးရီးထဲကနေပဲ တစ်မျိုးအဖြစ် ထွက်ရှိလာမှာ ဖြစ်ပြီး Sony Sport W လို့ အမည်ပေးထားပါတယ်။ ရေကူးရင်းနဲ့ သီချင်းနားထောင် တာ တောင် ရတယ်ဆိုတော့ အခြားသော အားကစားတွေမှာလည်း အသုံးပြု လို့ ရမရဆိုတာ မေးနေစရာ မလိုပါဘူး။ Walkman ရဲ့  အသံထွက် စနစ်က အပြစ်ရှာစရာ နည်းပါတယ်။ MP3 လောကမှာ Sony ကလည်း သက်တမ်း အကြာဆုံး ရပ်တည်လာတဲ့ ကုမ္မဏီထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

၃ မိနစ် အားသွင်းပြီးရင် ၁ နာရီတိတိ မနားတမ်း နားထောင်လို့ရတယ်လို့ ဆိုပါတယ်။ အံ့မခန်းပါပဲ။ အားအပြည့်သွင်းထားရင် ၈ နာရီ ကတော့ အေးဆေး နားထောင်လို့ရမယ်လို့ ဆိုပါတယ်။ သီချင်း အပုဒ်ပေါင်း ၈၀၀ ဆံ့မယ် 4GB Memory နဲ့ ဆိုတော့ အနေတော်ပါပဲ။ အပုဒ် ၈၀၀ လုံးတောင် နားထောင်ဖြစ်မှာမဟုတ်ပါဘူး။

ပုံစံလည်းလှ၊ အရောင်စုံလည်း ရွေးချယ်လို့ရမယ့် Sony Sport W ရဲ့  ဈေးနှုန်းတော့ မသိသေးပါဘူး။ ၂၀၁၃ ခုနှစ် နှစ်ဆန်းအတွင်း ထွက်ရှိမယ် လို့ ကြေညာထားတာမို့ မကြာမီ ဈေးကွက်ရောက်ရှိလာမယ့် Gadget တစ်ခု ဖြစ်ကြောင်း သိရပါတယ်။
**************************************
Ref: techblog
Credit to Aung Kham (TSJ team)
Post by 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်

No comments:

Post a Comment