2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Thursday, June 27, 2013

မိမိကိုယ်ပိုင် Facebook အကောင့်ကို Hack ခံရခြင်းမှမည်သို့ကာကွယ်မည်နည်း



ကျနော်တို့ဒီရက်ပိုင်းမှာ Virus တွေတော်တော်များများပြန့်နှံနေပြီး အကူးစက်ခံရသူတွေအနေနဲ့ စိတ်ရူပ်စရာကောင်းနေပါတယ်။
ပြီးတော့ နာမည်ကြီး Celebrity တွေရဲ့အကောင့်တွေ Hack ခံနေရတာလည်း တွေ့ရှိနေရပါတယ်။
ဒါကြောင့် ကျနော်တို့မိမိတို့အကောင့်ကို သူများရန်မှကာကွယ်နိုင်၇န် အောက်ပါအချက်အလက်လေးများအတိုင်း
လိုက်နာကြပါရန် ဒီဆောင်းပါးလေးအား တင်ပြလိုက်ပါတယ်ခင်ဗျာ။

(၁) မနှိပ်ခင်စဉ်းစားပါ။
**************
မိမိရဲ့ Chat Box or Wall ပေါ်ဖြစ်စေ လင့်တွေတစ်ခါတစ်လေရောက်လာတတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း

ပုံမှန်မဟုတ်တဲ့လင့်တစ်ခုလို့ကို့စိတ်ထဲကထင်နေရင် ဘယ်တော့မှ စူးစမ်းချင်စိတ်နဲ့ မနှိပ်လိုက်ပါနဲ့။ အဲဒီလိုလင့်တွေဟာများသော
အားဖြင့် Virus တွေဖြစ်နေတတ်ပါတယ်။ အဲဒီ Virus တွေဟာ ကို့နာမည်တွေနဲ့ သူငယ်ချင်းတွေ Wall ပေါ်မှာ Post တွေအလိုအလျောက်သွားတင်တတ်ပါတယ်။ စသည်ဖြင့် အန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မည်သည့်လင့်မဆို မနှိပ်ခင်စဉ်းစားပါခင်ဗျာ။
(၂) Strong Password ထားပါ။
********************
မိမိရဲ့ Facebook Password လွယ်ကူတဲ့စကားလုံးများဖြင့်မဖွဲ့စည်းထားပါနှင့်။ အနည်းဆုံး စာလုံးခြောက်လုံး၊ နံပါတ်တွေ၊
Punctuation Marks တွေပါဝင်တဲ့ Password ကိုသာအသုံးပြုပါ။ ပြီးတော့ မိမိမှာအကောင့် ၂ခုရှိနေတယ်ဆိုရင် တူညီတဲ့Password
ကိုအသုံးမပြုဖို့လည်းတိုက်တွန်းပါတယ်ခင်ဗျာ။

(၃) မိမိ၏အချက်အလက်များအားသူများအားဘယ်တော့မှမပေးပါနှင့်။
*******************************************
မိမိ၏ Facebook အချက်အလက်များ ဥပမာ gmail account or login info စတာတွေကို မည်သူနှင့်မျှ
မမျှဝေပါနှင့်။ပြီးတော့တစ်ခါတစ်လေ Facebook ကနေတစ်ဆင့် တခြား Website များကိုသွားရာတွင် Password အားနောက်တစ်ခါရိုက်ပါဟုတောင်းဆိုခြင်းခံလာရပါက URL bar မှာ facebook.com/ ဆိုတာပါမပါဆိုတာကို စစ်ပြီးမှ ရိုက်သင့်မရိုက်သင့် စဉ်းစားပါခင်ဗျာ။

(၄) www.facebook.com မှာသာ Login ၀င်ပါ။
******************************
တစ်ခါတစ်လေကျရင် Hacker တွေဟာ Facebook Login ပေ့ခ်ျအတုနဲ့ အသုံးပြုတွေကိုလှည့်စားတတ်ပါတယ်။ အဲဒီအချိန်မှာသာ
ကိုယ်ကရိုက်ထည့်လိုက်ပြီဆိုရင် ကို့ရဲ့အကောင့်ဟာ သူတို့လက်ထဲရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Login ၀င်တော့မည်ဆိုလျှင်www.facebook.com မှာသာ Login ၀င်ရောက်ဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ။

(၅) မိမိရဲ့ Browser ကို Update လုပ်ပါ။
************************
နောက်ဆုံးထွက်ရှိလာတဲ့ Internet Browser များဟာ Security Protections ပိုမြင့်ပါတယ်။ ဒါကြောင့် Browser တွေကို Update လုပ်ထားခြင်းအားဖြင့်ကျနော်တို့ မသိတဲ့ လင့်တွေ Website တွေကိုသွားမည်ဆိုလျှင် ထို Browser မှသတိပေးစာများတတ်ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုအသုံးပြုတဲံ browser ကိုလည်း Update ပြုလုပ်ဖို့မမေ့ပါနှင့်ခင်ဗျာ။

(၆) Anti Virus Software များအသုံးပြုပါ
**************************
Viruses and Malware တွေရန်ကကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ Anti virus software တွေအသုံးပြုပြီး မိမိတို့စက်ကိုကာကွယ်ကြပါခင်ဗျာ။
ဒီလောက်ဆိုရင် မိမိတို့ Facebook အကောင့်များအား မည်ကဲ့သို့ကာကွယ် ရမည်ဆိုသည်ကို သိရှိသွားပြီဟုထင်ပါတယ်ခင်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေ။
IT4M

No comments:

Post a Comment