2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Sunday, June 9, 2013

ကျွှန်တော်ဒီရက်ပိုင်းမှာကြုံတွေ့ဖြေရှင်းနေရတဲ့ smart phone error

ကျွှန်တော်ဒီရက်ပိုင်းမှာကြုံတွေ့ဖြေရှင်းနေရတဲ့ smart phone error
တွေကိုပြောပြပေးသွားပါ့မယ်။ကျွှန်တော်တို့သုံးစွဲတဲ့ User တွေအနေနဲ့
ကလဲ သိထားသင့်ပါတယ် သူများတွေသုံးနေလို့ကိုယ်ဖုန်းထဲမှာ
လဲ ထည့်သုံးချင်ကြတာပါပဲ။အဲတော့ကိုယ့်ရဲ့ဖုန်းအခြေနေနဲ့ ဘယ် application နဲ့အဆင်ပြေတယ်ဆိုတာကိုတော့တခုခြင်းအသုံးပြုပြီးသုံးသင့်မသုံးသင့်တာ
လေးတွေကိုတခုခြင်းသေချာအသုံးပြုပြုပြီးမှမလိုအပ်တဲ့ app တွေကိုဖြုတ်ထားလိုက်ပါ။သင့်ဖုန်းကို application တွေအသုံးပြုပြီး
ဖုန်းပြောမယ့်အချိန်ကြမှစက်ဟမ်းသွားတာတို့ application တခုခုနဲ့ဖုန်းရဲ့
ှsystem ပိုင်းနဲ့ညှိသွားတဲ့အချိန်မှာ error တက်လာတက်ပါတယ်။အဲ့တော့
မိမိရဲ့ဖုန်းမှာဘယ်ဆော့ဝဲလ်က error တက်နေတယ်။ app တခုခုနဲ့ညှိနေတယ်ဆိုတာကိုကိုယ်ကိုယ်တိုင်ဖြေရှင်းနိုင်အောင်လို့ပါ။
ဥပမာ S4 မှာဆိုရင်သူ့နဂိုပါတဲ့ Sensor တွေပါလာပြီးသားပါ။တချို့က
မသိပါဘူး။ သူငယ်ချင်းဖုန်းတလုံးကဒီလိုအသုံးပြုထားတယ်.ငါလဲစမ်းကြည့်ချင်တယ်။
အဲ့မှာစတွေ့တာပဲ။ Screen on off ဆိုတာလဲ သူနဂို Setting မှာပါလာပြီးသားပါ။
အဲ့တော့ကိုယ်ကသူ့မူရင်း system နဲ့သွားညှိစေမယ့် app တခုခုအသုံးပြုလိုက်
တာနဲ့မိမိဖုန်းမှာ error တခုမဟုတ်တခုတက်လာမှာပါ။နောက်တခုကတော့
လူတိုင်း Clean software ပဲသုံးချင်ကြတယ်။ကိုယ့်ဖုန်းကိုမြန်အောင်လေးလန်
ခြင်းမရှိအောင်အသုံးပြုချင်ကြပါတယ်။တကယ်တော့တချို့ Clean ဆော့ဝဲလ်း
ကိုလဲအသုံးတည့်တဲ့သူတွေရှိသလိုအသုံးမတည့်တဲ့သူတွေလဲရှိတက်ကြပါတယ်။
ဘာလို့လဲကိုယ်က Clean လုပ်လိုက်တယ်ဆိုတာလေးပဲသိလိုက်တယ်။
နောက်ဆက်သွယ်ပြသာနာတွေကဘာလို့ဖြစ်လာလဲ။ငါဘယ်လိုလုပ်လို့
ဖြစ်သွားတယ်ဆိုတာသတိမထားမိကြပါဘူး။ဥပမာအဲ့ဆော့ဝဲလ်းတခုကြောင့်
ဖုန်းခေါ်လို့မရတော့တာတို့သီချင်းသံမလာတော့တာတို့ facebook ဖွင့်မရတော့တာတို့ဖြစ်တက်ကြပါတယ်။နောက်ဆော့ဝဲလ်တခုကတော့မိမိဖုန်းဆီမ၀င်လာစေချင်တဲ့
ဖုန်းနံပတ်တွေကို Black List လုပ်တဲ့ဆော့ဝဲလ်းတွေပဲဖြစ်ပါတယ်။အသုံးတည့်တဲ့သူတွေအတွက်ကတော့
အဆင်ပြေသလိုမသုံးတက်တဲ့သူတွေအတွက်ကတော့အဆင်မပြေလောက်ပါဘူး။ဂလိတာလွန်သွားရင်တော့ဖုန်းသံမကြားရတာသီချင်းသံမလာတာဖုန်းခေါ်မရတာတို့ဖြစ်တက်ပါတယ်။အဲ့တော့ smart phone ကိုင်ဆောင်သူတိုင်း
မိမိနဲ့အသုံးတည့်တဲ့ application လေးတွေကိုပဲအသုံးပြုကြပါ။
တချို့ကလဲကိုယ်လုပ်လို့ဖြစ်သွားတာမသိလိုက်ကြပါဘူး။အဲ့ဒီဖြေရှင်းနည်းကတော့မိမိဖုန်း System နဲ့ညှိနေတဲ့ဆော့ဝဲလ်းကိုဖြုတ်လို့မှမရရင်တော့
အရေးကြီး data တွေကို Backup ယူပြီး Factory data reset ချလိုက်ပါ။
အစတိုင်းဖြစ်သွားပါပြီ။ဖုန်းမရရင်ဖုန်းကိုစမ်းခေါ်ကြည့်လိုက်ပါ။ Wifi မရရင်
စမ်းကြည့်လိုက်ပါ။ error များရှင်းသွားပါလီမ့်မယ်။ Viber တို့ facebook
တို့ပြန်ဝင်ကြည့်လိုက်ပါ.အဆင်ပြေသွားပါလီမ့်မယ်။ Viber လုပ်ထားတဲ့သူတွေကတော့ ကုတ်ပြန်တောင်းပေါ့ဗျာ။။။။။။
အားလုံးအဆင်ပြေပါစေဗျာ။
============================
Credit to minzarni တောင်ကြီး

No comments:

Post a Comment