2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Friday, July 19, 2013

အိုင်တီစီးပွားရေး လုပ်ငန်း တစ်ခု စလုပ်မယ်ဆိုရင်

အိုင်တီစီးပွားရေး လုပ်ငန်း တစ်ခု စလုပ်မယ်ဆိုရင်
..............................................................


အိုင်တီဆိုတဲ့ အမည်ကတော့ Sector ပေါင်းမြောက်များစွာ ထပ်ကွဲပါတယ်။ စာဖတ်သူတို့ထဲမှာ ဘယ်သူတွေ အိုင်တီ စီးပွားရေး လောကကို ဝင်ဖို့ ပြင်ဆင် နေပါသလဲ။ အိုင်တီစီးပွားရေး လောကမှာ ကျင်လယ်နေသူများလည်း ရှိမှာပါ။ သို့ပေမယ့် အိုင်တီစီးပွားရေး လောကကို ဝင်ဖို့ အစပျိုးနေတဲ့ စီးပွားရေး လုပ်ငန်းရှင်မ...ျားအတွက် အကြမ်းဖျဉ်း လမ်းညွှန်မှုလေ ပေးလိုက် ရပါတယ်။


ဘယ် အိုင်တီအမျိုးအစားကို ရွေးချယ်မှာလဲ


ဒါက အရေးအကြီးဆုံး မေးခွန်းပါ။ အိုင်တီ လို့သာ အမည်က ခေါ်ပေမယ့် သူ့မှာ ကဏ္ဍတွေအများကြီး ကွဲသွားသေးတယ်။ အကြမ်းဖျဉ်း ခွဲမယ် ဆိုရင် Hardware နဲ့ Software ပေါ့။


Hardware


ထိတွေ့ကိုင်တွယ်လို့ရတဲ့ အိုင်တီ ပစ္စည်းလို့အကြမ်းဖျဉ်းခေါ်ကြပါစို့။ မိုဘိုင်းဖုန်း၊ကွန်ပြူတာ၊ ကွန်ပြူတာနှင့် ဆက်စပ် ပစ္စည်း တို့ရှိပါ့မယ်။ အင်တာနက် အသုံးပြုရန် အတွက် ထောက်ပံ့ပေးသော ပစ္စည်း၊ ဆက်သွယ်ရေးမှာဆိုရင် VOIP ဖုန်း၊ ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းများ အစရှိသဖြင့် ပြောလို့တောင် ကုန်မှာ မဟုတ်ပါဘူး။


Software


ဆော့ဖ်ဝဲ ကျတော့ Hardware လောက်သိပ်မများတော့ပါဘူး။ ကွန်ပြူတာမှာ အသုံးပြုရန် ဆော့ဖ်ဝဲ၊ ဖုန်းမှာ အသုံးပြုရန် ဆော့ဖ်ဝဲ၊ ဝဘ်ဆိုဒ်များ အတွက် ဆော့ဖ်ဝဲ အစရှိသဖြင့် ကွဲပါတယ်။ ကွန်ပြူတာမှာ အသုံးပြုမယ့် ဆော့ဖ်ဝဲတောင် Business လား၊ Entertainment လား၊ Hose usage အတွက်လား အစရှိသဖြင့် ထပ်ကွဲပါအုံးမယ်။ ဖုန်းမှာဆိုရင်လည်း ဒီတိုင်းပဲ ထပ်ကွဲပါတယ်။ ပြောမယ်ဆို မကုန်နိုင်ပါဘူး။


ဝန်ဆောင်မှု


ဒီမှာကျ ပိုပြီးထပ်ကွဲသွားပါပြီ။ ဟာ့ဒ်ဝဲ အတွက် ဝန်ဆောင်မှု ပေးမလား၊ ဆော့ဖ်ဝဲအတွက် ဝန်ဆောင်မှု ပေးမလား၊ နှစ်မျိုးပေါင်းပြီး ပေးမလား စဉ်းစားစရာ ရှိပါသေးတယ်။ ဝန်ဆောင်မှုပေးတဲ့ စီးပွားရေး လုပ်ငန်းက ကမ္ဘာမှာ အအောင်မြင်ဆုံး စီးပွားရေး လုပ်ငန်း အမျိုးအစားထဲမှာ ပါဝင်နေပါတယ်။


လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး


လွယ်လွယ်ပြောရင် သင်တန်းကျောင်းပေါ့။ ဘယ်လုပ်ငန်းတွေ လုပ်မယ်၊ဘယ်စီးပွားရေး လုပ်မယ်လို့ ပြောကြပေမယ့် တကယ်လိုအပ်တဲ့ လုပ်သား အင်အားကို ကျတော့ Human Resource Development ကနေ ရတာပါ။ ဒီတော့ အရည်အချင်းပြည့်ဝတဲ့ အိုင်တီလုပ်သားတွေ၊ ပညာရှင်တွေထွက်ရှိလာဖို့အတွက် သင်တန်းကျောင်း ကောင်းကောင်းတွေ လိုအပ်ပါတယ်။ ဆော့ဖ်ဝဲပညာနဲ့ ပက်သက်ပြီး ကျောင်းဖွင့်မလား၊ ဟာ့ဒ်ဝဲပညာနဲ့ပက်သက်ပြီး သင်တန်းကျောင်း ဖွင့်မလား၊ အိုင်တီ ဝန်ဆောင်မှုအတွက် သင်ကြားပေးမလား အစရှိသဖြင့် အမျိုးမျိုး ကွဲပြားပါသေးတယ်။


အားလုံးပေါင်း


မြန်မာပြည် အိုင်တီလောက စီးပွားရေး လုပ်ငန်းရှင်တွေ ဦးတည်နေတဲ့ ပုံစံပေါ့။ ဆော့ဖ်ဝဲလည်းရောင်းမယ်၊ ဟာ့ဒ်ဝဲလည်း ရောင်းမယ်၊ ဝန်ဆောင်မှု လည်း ပေးမယ်၊ ပညာရှင်လည်း မွေးထုတ်ပေးမယ် အစရှိသဖြင့်ပေါ့။ အားလုံးကို တစ်ပြိုင်နက်တည်း လုပ်တာမျိုးတွေ ခေတ်စားနေပါတယ်။



အနီးစပ်ဆုံး စီးပွားရေး လုပ်ငန်းသာဓက



Samsung


အိုင်တီပစ္စည်း ထုတ်လုပ်နေတဲ့ ကုမ္မဏီကြီးပါ။ တောင်ကိုရီးယား အခြေဆိုက် Samsung Electronic က ဟာ့ဒ်ဝဲကို အဓိက ဦးစားပေး ပါတယ်။ Samsung က အိုင်တီအပြင် အခြားသော စီးပွားရေး ကဏ္ဍကြီးတွေပါ ရှိနေလို့ Electronic ဆိုပြီး အိုင်တီ ကဏ္ဍကို သက်သက်ခွဲထုတ်ထားပါသေးတယ်။ ဆော့ဖ်ဝဲအနေနဲ့ကိုယ်ပိုင် OS တောင် မလုပ်ပါဘူး။ Google က ရောင်းတဲ့ Android နဲ့ စမတ်ဖုန်း လုပ်ပြီး Microsoft ရဲ့ Windows OS နဲ့ ကွန်ပြူတာ လုပ်ပါတယ်။ အကြမ်းဖျဉ်းအနေနဲ့ပေါ့။


Apple


ဆော့ဖ်ဝဲ ကော ဟာ့ဒ်ဝဲ ပါပူးတွဲထုတ်လုပ်ရောင်းချတဲ့ ကုမ္မဏီကြီးပါ။ စတိဗ်ဂျော့တို့စတင် တည်ထောင်ပြီး ကွန်ပြူတာ စထုတ်တယ်။ ပြီးတော့ ယင်းကွန်ပြူတာကို အခြေခံပြီး အသုံးပြုရမယ့် ဆော့ဖ်ဝဲတွေပါ တစ်ခါတည်း Develop လုပ်တယ်။ နောက်တော့ စမတ်ဖုန်းလောက ထိပါ ရောက်လာပြီး ကမ္ဘာ့ အအောင်မြင်ဆုံး ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ ထုတ်လုပ်ရောင်းချတဲ့ အိုင်တီကုမ္မဏီကြီး တစ်ခု ဖြစလာပါတယ်။


Facebook


သူက Service လို့ အကြမ်းဖျဉ်းသတ်မှတ်နိုင်ပါတယ်။ Facebook က ဖန်တီးတဲ့ Social Network အပေါ် အခြေခံလို့ စီးပွားရေး လုပ်ငန်းရှင်များက သူ့ကို လာချည်းကပ်ရတာပါ။ ကမ္ဘာပေါ် လူ ၁၃ ဦးမှာ ၁ ဦး Facebook သုံးနေချိန်မို့ အကြီးဆုံး ဖျော်ဖြေရေး ဒေသ တစ်ခု ပိုင်ဆိုင်ထားပြီး ကြော်ငြာ လုပ်ငန်းနဲ့ အေင်မြင်နေတဲ့ ဝန်ဆောင်မှု ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။


Google


Google တို့လည်း အစပိုင်းက ဝန်ဆောင်မှုနဲ့ဆော့ဖ်ဝဲဈေးကွက်ကို စတင်တာပါ။ www.google.com လို့ခေါ်တဲ့ Web Application ကနေ အင်တာနက် အသုံးပြုတဲ့ အခါ ရှာဖွေဖို့ လွယ်ကူရန်အတွက် ဝန်ဆောင်မှု ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ စီးပွားရေး လုပ်ငန်းရှင်များက Google ကို ချဉ်းကပ်ရပါတယ်။ နောက်တော့ Android OS လို့ ခေါ်တဲ့ မိုဘိုင်ဖုန်းသုံး Operating System ဆော့ဖ်ဝဲကို ထုတ်လုပ်ရောင်းချပြီး ကမ္ဘာ့အအောင်မြင်ဆုံး ဆော့ဖ်ဝဲထုတ်လုပ်ရောင်းချသူ ကုမ္မဏီကြီး တစ်ခု ဖြစ်လာရပြန်တယ်။ Google က လက်ရှိအချိန်ထိ ဟာ့ဒ်ဝဲတွေမထုတ်သေးပါဘူး။ ဟာ့ဒ်ဝဲ ထုတ်နေတဲ့ ကုမ္မဏီတွေကို ဆော့ဖ်ဝဲတွေ ပြန်ရောင်းတဲ့ ကုမ္မဏီ ပါ။ နောက်ပိုင်းတော့ ဟာ့ဒ်ဝဲဈေးကွက်ကိုပါ ကြိမ်းသေရောက်လာမယ်လို့ ခန့်မှန်းထားကြ ပါတယ်။


Microsoft


သူကလည်း Apple နဲ့ သိပ်မကွာပါဘူး။ ကွန်ပြူတာထုတ်တယ်။ ယင်းကွန်ပြူတာကိုအခြေခံပြီး အသုံးပြုရတဲ့ Windows OS ကို ထုတ်လုပ်ပြီး ကမ္ဘာ့ အအောင်မြင်ဆုံး ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲကုမ္မဏီကြီး တစ်ခု ဖြစ်လာပါတယ်။ နောက်တော့ စမတ်ဖုန်း၊ကျောက်သင်ပုန်း ကွန်ပြူတာအထိပါ ထုတ်လုပ် လာပြီး ကမ္ဘာ့အအောင်မြင်ဆုံး အိုင်တီကုမ္မဏီများစာရင်းမှာ ပါဝင်လာစေပါတယ်။ ဒါတင် မကသေးပါဘူး။ သူက Human Resource လည်း Develop လုပ်ပါတယ်။ Microsoft အသိမှတ်ပြု ပရိုဂမ်မာ၊ အင်ဂျင်နီယာ၊ အိုင်တီ သမား သင်တန်းများ၊ ကျောင်းများဖွင့်လှစ်ပေးပြီး စာမေးပွဲတွေ လုပ်ပေးပါတယ်။ ပြီးတော့ လက်မှတ် ထုတ်ပေးပြီး ကမ္ဘာက တကယ်လိုအပ်နေတဲ့ ပညာရှင်တွေကို မွေးထုတ်ပေးပါတယ်။


Cisco


သူကလည်း အမေရိကန်အခြေဆိုက် အောင်မြင်နေတဲ့ Hardware ကုမ္မကြီးတစ်ခု ဖြစ်ပါတယ်။ ကွန်ပြူတာတွေ ချိတ်ဆက်ဖို့အတွက် တယ်လီဖုန်း တွေချိတ်ဆက်ဖို့အတွက် လိုအပ်တဲ့ ကွန်ရက်ပစ္စည်း (Networking Device) များ ထုတ်လုပ်ပေးပြီး ကမ္ဘာမှာ အားကိုးအားထား အပြုရဆုံး Networking ကုမ္မဏီ တစ်ခု ဖြစ်လာပါတယ်။ သူက ဝန်ဆောင်မှုလည်း ပေးတယ်လေ။ ပြီးတော့ အတတ်ပညာရှင်မျာလည်း မွေးထုတ်ပေးပြီး Cisco အသိအမှတ်ပြု လက်မှတ် ထုတ်ပေးတယ်။ ပစ္စည်းပါတစ်ခါထဲ တွဲရောင်းတော့ မအောင်မြင်ပဲမနေပါဘူး။ Juniper တောင် Cisco ကို လိုက်လို့ မမှီသေးပါဘူး။ ဒါက ဟာ့ဒ်ဝဲ ရောင်းချမှုနဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုပါ တစ်ခါတည်း တွဲလုပ်လို့ဖြစ်ပါတယ်။


အခြားသော သာဓကတွေလည်း အများကြီးရှိနေပါသေးတယ်။



မြန်မာပြည်မှာ ဘယ် အိုင်တီလုပ်ငန်းလုပ်မလဲ



အရင်းအနှီးအနည်းအများပေါ်မှာလည်း မူတည်ပါသေးတယ်။ ဆော့ဖ်ဝဲကုမ္မဏီတစ်ခု ထောင်ရန်၊ ဝန်ဆောင်မှု ကုမ္မဏီတစ်ခု ထောင်ရန်က ငွေအရင်းအနှီး သိပ်မများပါဘူး။ လုပ်သားကောင်းသာ အရေးကြီးလိုအပ်တယ်။ ကိုယ့်ဆီမှာလည်း ခိုင်မာတဲ့ အိုင်တီစီးပွားရေး ဗျူဟာ များ ရှိကိုရှိရပါမယ်။ ဟာ့ဒ်ဝဲ ထုတ်လုပ်ရောင်းချမှုအပိုင်းက နည်းနည်းပိုခဲပါတယ်။ ကုန်ကြမ်းရရှိမှုကိုလည်း ပြန်လည်သုံးသပ်ရပါမယ်။ တရုတ်နိုင်ငံက အိုင်တီကုမ္မဏီများက ကုန်ကြမ်း ရရှိမှု လွယ်တဲ့အတွက်ကြောင့် အချိန်တိုတွင်း အောင်မြင်ကြတာပါ။ Huawei, ZTE တို့လိုဟာမျိုးတွေ ဖြစ်ပါတယ်။


မြန်မာပြည်မှာ လုပ်မယ်ဆိုရင် ပထမဆုံး ကြည့်ရမယ့်အချက် က ပြည်တွင်းလိုအပ်ချက်ပါ။ အများကြီးတောင် စဉ်းစားနေစရာ မလိုပါဘူး။ ပြည်တွင်းမှာ အိုင်တီကဏ္ဍနဲ့ပက်သက်လို့နေရာတိုင်းမှာ လိုအပ်နေတာချည်းပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က လုပ်သားအရင်းအမြစ်ပါ။ လုပ်သားအရင်းအမြစ် မရှိလို့လဲ ဒါတွေ လုပ်ဖို့ အဆင်မပြေပါဘူး။ တကယ် တတ်မြောက်၊ကျွမ်းကျင်တဲ့ လုပ်သားများ၊ပညာရှင်များ ရှိနေပါမှ အိုင်တီစီးပွားရေးက လုပ်ကိုင်ရ လွယ်ကူတာပါ။ နောက်တစ်ချက် ကတော့ ငွေအရင်း အနှီးပေါ့။ ငွေအရင်းအနှီးက ဟာ့ဒ်ဝဲထုတ်လုပ် ရောင်းချဖို့အတွက်သာ များပေမယ့် ကျန်တာကျ လွယ်ကူတယ်လေ။ HP တို့၊Google တို့တောင်မှ ကားဂိုဒေါင်စခဲ့တာပဲ။ Facebook ဆိုရင် လူ ၄ယောက်၊ ၅ယောက်နဲ့လုပ်သွားတာပါ။ အရင်းလည်း အများကြီး မရှိခဲ့ကြပါဘူး။ တကယ် လုပ်ချင်စိတ်ရှိရင် တစ်ခုသို့မဟုတ် ၂ ခု ထုတ်ပြီးတော့တောင် ခြေလှမ်းစလို့ရပါတယ်။ ဖုန်းကွန်ရက်၊ အင်တာနက် ကွန်ရက် တို့လို့ ဝန်ဆောင်မှုမျိုးကျတော့ နိုင်ငံရေးနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။ ဒါက အစိုးရနဲ့ပူးပေါင်းလုပ်ရမယ့် လုပ်ငန်းတွေဖြစ်ပြီး အရင်းအနှီးများနိုင်ပါတယ်။ လက်ရှိ ပြည်ပက ကုမ္မဏီ အချို့ ကို ပြည်တွင်း ဆက်သွယ်ရေးလောကကို ဝင်ခွင့်ပေးနေပါပြီ။ အကြောင်းကတော့ ပြည်တွင်းမှာ မလုံလောက်လို့ပေါ့။ ဝန်ဆောင်မှုကလည်း လိုအပ်တဲ့ အိုင်တီ စီးပွားရေး လုပ်ငန်းပါ။ အိုင်တီဆိုင်ရာ ပညာသင်တန်ကျောင်း တစ်ခုဖွင့်မယ်ဆိုရင်လည်း အင်မတန်ကောင်းတဲ့ ရည်ရွယ်ချက်ကြီးပါ။ ပြည်တွင်းမှာ တကယ်လိုအပ်နေဆဲ ဖြစ်တဲ့ ကဏ္ဍ ဖြစ်ပါတယ်။


နောက်ထပ် ကြည့်ရမယ့် အချက်က ကိုယ်ကိုယ်တိုင်ပါ။ ငွေရဖို့ ရည်ရွယ်ပြီး လုပ်တယ်ဆိုရင် နေရာတစ်ခုတော့ ရောက်သွားပါမယ်။ ကုန်ပစ္စည်းလည်း ထွက်ကောင်းထွက်ပါလိမ့်မယ်။ စားသုံးသူလည်း အတော်အတန်သင့် ရကောင်းရသွားပါလိမ့်မယ်။ သို့ပေမယ့် အောင်မြင်မှုကျ ထင်သလောက် မပေါက် ရောက် နိုင်ပါဘူး။ အိုင်တီတင် မကပဲ ဘယ်စီးပွားရေး လုပ်လုပ် စားသုံးသူ ဘက်က အရင်ကြည့်ပေးရတာပါ။ ဒါကြောင့် ပထမဆုံး အချက်အနေနဲ့ပြည်တွင်းမှာ လိုအပ်မှု ရှိမရှိကို အရင် သုံးသပ်စေတာ ဖြစ်ပါတယ်။ မလိုအပ်ပဲနဲ့တိုးလာဖို့အတွက်ကတော့ အကျိုးမရှိလို့ပါ။


လိုလည်းလိုအပ်နေပြီဆိုရင်တော့ ကိုယ်ဘာရမလဲကို တွက်ချက်တာထက် ကိုယ့်ဖန်တီးချက်က ဘယ်သူတွေအတွက် ဘယ်လောက် အကျိုးရှိသွားမလဲ ဆိုတာကို စဉ်းစားကြတာက အောင်မြင်သူတို့ရဲ့ ခံယူချက် ဖြစ်ပါတယ်။ လူတွေအသုံးပြုဖို့အတွက် အဆင်ပြေမယ့် ကွန်ပြူတာကို စွန့်ဦးတီထွင်မှုကြောင့် Apple, Microsoft တို့ အောင်မြင်ရပါတယ်။ ကျောင်းသားများ တစ်ဦးနဲ့တစ်ဦးဆက်သွယ်ပြောဆိုလို့ရအောင် ရည်ရွယ်ချက်နဲ့ဖန်တီးပေးမှုကြောင့် Facebook က ကမ္ဘာ့အကြီးဆုံး လူသားဆက်သွယ်မှု ကွန်ရက်တစ်ခု ဖြစ်လာပါတယ်။ ဆိုလိုချင်တာကတော့ ကိုယ့်တိုင်းပြည်က လူတွေအတွက် ဘယ်လို အကျိုးရှိသွားမယ် ဆိုတာကို သေချာတွက်ချက်ပြီးမှ လုပ်ကိုင်စေဖို့ ဖြစ်ပါတယ်။


စေတနာ တစ်ခုထက်သန်ရင် ကျန်တဲ့လိုအပ်ချက်များက အလိုအလျောက်ပြီးပြည့်စုံသွားတယ်ဆိုတာက အောင်မြင်တဲ့ကုမ္မဏီများက သက်သေ သာဓက ပြုနေ ပါတယ်။ ပြီးတော့ Passion လည်း ဖြစ်ဖို့လိုအပ်ပါတယ်။ ယင်း အလုပ်ကိုတကယ် ဝါသနာပါရင်၊ တမ်းတမ်းစွဲလုပ်ချင်စိတ် ပြင်းထန်နေရင်လည်း အောင်မြင်ပါတယ်။ ဒီတော့ အိုင်တီ စီးပွားရေး လုပ်ငန်းတစ်ခု စလုပ်မယ်ဆိုရင် လိုအပ်ချက်သုံးသပ်ခြင်း၊လုပ်သား အရင်းအမြစ်၊ ငွေအရင်းအနှီး၊ ဝါသနာ၊ ကိုယ်ကျိုးထက် သူကျိုး ပိုလာလားခြင်း၊ကိုယ်တိုင်ကလည်း ရွေးချယ်ရာ စီးပွားရေး လုပ်ငန်းအတွက် ပြည့်စုံသော ပညာအရည်အချင်း အစရှိသဖြင့်လို အခြေခံအားဖြင့်လိုအပ်ကြောင်း ရေးသားအကြံပြု လိုက်ရ ပါတယ်။



အောင်ခမ်း (MM Social Sky)

No comments:

Post a Comment