2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Tuesday, July 9, 2013

iPad 5မကြာခင် လာတော့မည်



10 July. 2013

Appleရဲ့ iPad 5ကတော့ မကြာခင် ဈေးကွက်မှာ ရောက်ရှိလာတော့မယ်လို့ ခန့်မှန်းသူတွေက ပြောနေကြပါပြီ။ iPad 5လို့ ခေါ်ဝေါ်နေတဲ့ Appleရဲ့ iPadအသစ်က ၉.၇ လက်မ Screenအရွယ် ရှိတဲ့ iPadဖြစ်မှာပါ။ သူ့ကို စက်တင်ဘာလအတွင်း မိတ်ဆက် ဖြန့်ချိသွားမယ်လို့ ယူဆကြောင်း Digitimesသတင်းစာက မနေ့က ဖော်ပြသွားခဲ့ပါတယ်။
...
အဆိုပါ iPadအသစ်မှာ အထူးပါးလွှာအောင် ဖန်တီးထုတ်လုပ်ထားမယ် လို့ မျှော်လင့်လျက် ရှိနေပြီး Retina နည်းပညာသုံး iPadဖြစ်မှာပါ။ Retinaနည်းပညာကို ပထမဆုံး အသုံးပြု ထုတ်လုပ်ထားတဲ့ iPad 3မှာ ထူထဲပြီး အလေးချိန် များတာကြောင့် ဈေးကွက်မှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရ သေးတာကြောင့် ယခု iPadအသစ်ကိုတော့ တကယ်ကို ပါးလွှာအောင် ထုတ်လုပ်သွားလိမ့်မယ်လို့ မျှော်လင့်လျက် ရှိနေပါတယ်။

ကိုယ်ထည် ဒီဇိုင်းကတော့ iPad 4လိုမျိုး ထုတ်လုပ်ထားမယ်လို့ ဖော်ပြ ထားပြီး Resolutionက 2048×1536 Pixelတောင် ရှိမှာ ဖြစ်ကာ ဘက်
ထရီ အပိုင်းမှာလည်း စွမ်းအင် သုံးစွဲမှု အတတ်နိုင်ဆုံး နည်းအောင် ထုတ်လုပ်သွားမယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၇.၉ လက်မ အရွယ်ရှိ Mini Retinaလည်း ဖြန့်ချိဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။

Ref: www.cnet.com
Myanmar ICT

No comments:

Post a Comment