2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Monday, July 1, 2013

SKY TREE ကမ္ဘာအမြင့်ဆုံး ရုပ်သံလွှင့်အဆောက်အဦး (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့ ဂုဏ်ယူဝင့်ကြွားစရာတစ်ခု ...


ဂျပန်နိုင်ငံ တိုကျိုမြို့မှာ တည်ရှိတဲ့ လက်ရှိမှာ ကမ္ဘာအမြင့်ဆုံး ရုပ်သံလွှင့် အဆောက်အအုံအဖြစ် သတ်မှတ် ခြင်းခံထားရတဲ့ SKY TREE ကို 2013 မေလ 22 ရက် နေ့မှာစတင်ဖွင့်လှစ်ခဲ့ပါပြီ။

SKY TREE ကို မျှော်လင့် စောင့်စားနေတဲ့ ကမ္ဘာလှည့်ခရီးသည်ပေါင်း 8000 ကျော်လောက်ကတော့ အမြင့်ပေ 634m(2080ft) ကို သယ်ဆောင်သွား ခံရတဲ့ feeling ကို ခံစားရင်းကြည်နူးခဲ့ကြပြီပေါ့။

မြောက်များစွာသော ကမ္ဘာလှည့်ခရီးသည်တွေက ဒီSKY TREE ရဲ့ ဖွင့်ပွဲနေ့ကို တစ်ပတ်အကြိုလောက်ကတည်းက လက်မှတ်တွေ ဝယ်ပြီး စောင့်ဆိုင်းနေခဲ့ကြတာပါ။ "ဒီနေ့ ကတော့ လတ်ဆတ်တဲ့ လေကို ရှူရှိုက်ရင်း တိမ်တိုက်တွေကြားက ဘဝဆို တာကို လက်တွေ့ ခံစားရတဲ့ နေ့တစ်နေ့ပါပဲ" လို့တာဝါရဲ့ အမြင့်ဆုံးနေရာထိရောက်ခဲ့တဲ့ ခရီးသည်တစ်ဦးက ပြောဆိုခဲ့ပါတယ်။

ဂျပန် အစိုးရကတော့ "ကျွန်တော်တို့ရဲ့ ဒီ SKY FALL TOWER က အမှန်တကယ် စိတ်ဝင်စားစရာနေရတစ်ခု အဖြစ်နဲ့ ကမ္ဘာလှည့် ရီးသွားတွေကို ဆွဲဆောင်နိုင်မယ်လို့ယုံကြည်ပါတယ်" ဟုပြောကြားခဲ့ပါတယ်။ "နောက်ပြီး ဒီတာဝါရဲ့ အဓိက ရည်ရွယ်ချက်က တော့ ရုပ်သံထုတ်လွှင့်မှု နဲ့ radio broadcasting tower အဖြစ်အသုံးချ ဖို့ ရည်ရွယ်တာပါ" ဟုပြောကြားသွားခဲ့ပါတယ်။

ယခု လက်ရှိ တိုကျိုရဲ့အမြင့်ဆုံး broadcasting tower ရဲ့ အမြင့်ဟာ 333m(1093ft) သာရှိတာဖြစ်တာကြောင့် အထပ်မြင့် အဆောက်အအုံတွေ
ပေါများတဲ့ ဂျပန်လိုနေရာမျိုးမှာ ဒီအမြင့်ပမာဏနဲ့ radio wave
တွေထုတ်လွှတ်ဖို့ ဆိုတာ ထင်သလောက် မပေါက်ရောက်ခဲ့ပါဘူး။

ဒါပေမယ့် အခုတော့ SKY FALL ထက် မြင့်တဲ့ အဆောက်အဦးဆိုတာ တိုကျိုမှာ ရှိမှာမဟုတ်တော့တဲ့ အတွက် ဂျပန်နိုင်ငံရဲ့ broadcasting စနစ်က အရင်ကထက် များစွာ တိုးတတ်လာမှာ အသေအချာပါပဲ။

အခု SKY TREE ဟာဆိုရင် ပြီးခဲ့ နိုဝင်ဘာလလောက်က world record မှာ စံချိန်တင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးရုပ်သံလွှင့်အဆောက်အအုံဖြစ်တဲ့ အမြင့်ပေ 600m(1968ft)ရှိတဲ့ ကန်တွန်တာဝါ (Canton Tower) ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါပြီး။

ဂရင်းနစ်စံချိန်သတ်မှတ်ခံရတဲ့ အဆောက်အအုံတွေရဲ့ စံချိန်က အမြင့်ပေ စုစုပေါင်းရဲ့ 50%ကို အသုံးပြုလို့ရတဲ့ အဆောက်အအုံ ဖြစ်ရမယ်ဆိုတာပါပဲ။ SKY TREE ကဒါတွေအားလုံးနဲ့ ပြည့်စုံတာကြောင့် ကမ္ဘာ အမြင့်ဆုံး ရုပ်သံလွှင့်အဆောက်အအုံ ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ တာပါ။

Ref:WorldTallestTower
Thet N@ung(Discoveries Myanmar)

No comments:

Post a Comment