2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Sunday, December 16, 2012

Siri ရဲ့ အသံကို iDevice အသုံးပြုသူတွေ ရင်းနီးကြမှာပါ။ Steve ရဲ့ Keynote တစ်ခုမှာ Siri က ဟာသတွေပြောပြ သွားတာ ကြားဖူးကြတဲ့လူတွေလဲ ရှိမှာပါ။ များသောအားဖြင့် Siri ကို iPhone ကြော်ငြာတွေမှာ အသုံးပြုတာ တွေ့ရပါတယ်။

Siri အစစ်ကို Mac တွေမှာ အခု လက်ရှိအထိတော့ ထည့်သွင်း မပေးထားသေးပါဘူး။ သို့ပေမဲ့လည်း Siri ရဲ့ အသံကိုတော့ အသုံးပြုနိုင်ပါတယ်။ Siri ရဲ့ နာမည်ကို Samantha လို့ ခေါ်ပြီး Manually သွားပြီး Install လုပ်ရမှာ ဖြစ်ပါတယ်။

အဆင့် ၁။ System Preferences ကို Apple menu ကနေ ၀င်ပြီး Diction & Speech”
အဆင့် ၂။ “System Voice” ကိုနှိပ်ပါ။ အဲ့ဒီမှာ ပေါ်လာတဲ့ Drop Down Menu မှာ ပုံမှန်ဆိုရင်တော့ Samamtha ကို တွေ့ရမှာ မဟုတ်ပါဘူး။
အဆင့် ၃။ “Customize” ကို ရွေးပြီး “Samantha” ကိုရှာပြီး Select လုပ်ပါ။
အဆင့် ၄။ အဲ့ဒီလို ရွေးလိုက်ရင် ဘေးမှာ notification လေးပေါ်လာပြီး "the voice will be automatically downloaded" လို့ ပေါ်နေမှာ ဖြစ်ပါတယ်။
အဆင့် ၅။ “OK” ကိုနှိပ်ပြီး voice download
Confirm Dialog ပေါ်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Samantha voice ကို Download လုပ်ပြီး Install လုပ်ဖို့ “Install” Button ကိုနှိပ်ပါ။

Download လုပ်ပြီး Install လုပ်ပြီးသွားပြီဆိုင်တော့ “Play” ဆိုတဲ့ Button ကို နှိပ်ပြီး voice sample ကို နားထောင်ကြည့်လို့ရမှာ ဖြစ်ပါတယ်။

Mac OS X’s text to speech abilities ကနေပြီး စာသားတွေကို Siri အသံနဲ့ ပြောတာကို နားထောင် နိုင်မှာ ဖြစ်ပါတယ်။ မိမိစာဖတ်စေချင်တဲ့ အကြောင်းအရာတွေကို Select လုပ်ပြီး Siri ကို ပြောခိုင်းလို့ရမှာ ဖြစ်ပါတယ်။

တခြား ဘာသာစကားနဲ့ Voice တွေလည်း အများကြီး ရှိပါသေးတယ်။ Internet Connection ကောင်းတယ်၊ Space လည်း လုံလောက်အောင် ရှိတယ်ဆိုရင် Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

Voice တစ်ခုရဲ့ အရွယ်အစားကတော့ 400mB ကနေ၊ 500mB ကျော်အထိတော့ ရှိပါတယ်။

No comments:

Post a Comment