"TechSpace နည်းပညာ Journal မှ AMP Guide နည်းပညာ Magazine အား လွှဲပြောင်း ရယူလိုက်ပြီ"
TechSpace နည်းပညာဂျာနယ်တိုက်မှ သက်တမ်း (၃)နှစ်ကျော် ရပ်တည်နေခဲ့ပြီးဖြစ်သော AutoMobilePC Guide မဂ္ဂဇင်းကြီး အား အပြီးအပိုင်လွှဲပြောင်း ရယူလိုက်ပြီဖြစ်ကြောင်း စာဖတ်သူ နည်းပညာ မြတ်နိုးသူများသို့ အသိပေးအကြောင်းကြား အပ်ပါသည်။
တစ်ပါတ်တစ်ကြိမ်ထုတ် TechSpace Technological Journal နှင့်အတူ တစ်လတစ်ကြိမ်ထုတ် AutoMobile PC Guide Technology Magazine နှစ်ခု ဖြင့် စာဖတ်သူများအတွက် နည်းပညာဆိုင်ရာ ဗဟုသုတများက

ို ပိုမို ပြည့်စုံစွာ ဖြန့်ဝေပေးသွားနိုင်ရန် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
စာဖတ်သူများထံသို့ နည်းပညာဆိုင်ရာ အသိပညာနှင့် ဗဟုသုတများကို အမြဲမပြတ် ဖြန့်ဝေပေးနိုင်ရန် TechSpace နည်းပညာဂျာနယ်တိုက်မှ အစဉ်အမြဲ ကြိုးပမ်းလျက်ရှိသည့်နည်းတူ၊ AutoMobilePC Guide နည်းပညာ မဂ္ဂဇင်းမှလည်း မိုဘိုင်းဖုံး၊ ကားနှင့် ပီစီဆိုင်ရာ နည်းပညာများကို ယခု ထပ်ပိုမိုကောင်းမွန်စွာ TechSpace Journal နှင့်လက်တွဲ ပူးပေါင်းကာ ဖြန့်ဝေးပေးသွားမည် ဖြစ်ပါသည်။
၂၀၁၃ခုနှစ် ဇန်န၀ါရီလထုတ် အမှတ်စဉ် ၄၁ AMP Guide မဂ္ဂဇင်း နှင့် TechSpace နည်းပညာဂျာနယ် နှစ်သစ် Issue များကို ယခုထပ် ပိုမိုကောင်းမွန်စွာ ပြုပြင်တိုးချဲ့ မွမ်းမံသွားမည် ဖြစ်ကြောင်း စာဖတ် ပရိတ်သတ်များကို လေးစားစွာဖြင့် ကြိုတင် အကြောင်းကြား အပ်ပါသည်။
စာဖတ် ပရိတ်သတ်များအတွက် ရှေးရှုကာ အစဉ်အမြဲ ကြိုးစားလျှက်ရှိသည့် TechSpace နည်းပညာဂျာနယ်နှင့် AMP Guide နည်းပညာမဂ္ဂဇင်း တို့အတွက် လိုအပ်သည်များကို ဝေဖန်အကြံပေးကြပါရန်နှင့် အမြဲမပျက် အားပေးဖတ်ရှုလျှက်ရှိသည့် ဂျာနယ်နှင့် မဂ္ဂဇင်း စာဖတ်ပရိတ်သတ်များကို ကျေးဇူး အထူးပင်တင်ရှိပါကြောင်း ပြောကြားလိုက်ရ ပါသည်။
TSJ and AMP Guide

No comments:
Post a Comment