2mztaunggyi
အကြောင်းအရာ
Home
နည်းပညာသတင်းများ
Root လုပ်နည်များ
Android app
IOS နှင့်ပက်သက်သမျှ
Android Firmware & jelly Bean
နည်းပညာစာအုပ်များ
Android Game & Iphone Game site
အရောင်းဝယ်နှင့်ကြော်ငြာ
Huawei Firmware များ
Sony firmware
PC Software
2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။
Sunday, December 23, 2012
သေခြင်းတရားကို နားလည်ခြင်း
သေခြင်းတရားကို နားလည်ခြင်း
သက်တမ်းတိုတောင်းခြင်းက သေခြင်းဆိုတာကို အမှတ်ရ နားလည်စေနိုင်တာပါပဲ။ မွေးဖွားကာစတွေ ဒါမှမဟုတ် ငယ်ရွယ်သူတွေလည်း သေနိုင်တာပါပဲ။ အသက်ငါးဆယ် နေထိုင်နိုင်ဖို့ဆိုတာ ရှည်ကြာလွန်းလှပါပြီ။ ခုနစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ်အရွယ်ဆိုတာ တော်တော်နည်းပါးကုန်ပါပြီ။ ကိုးဆယ် ဒါမှမဟုတ် တစ်ရာဆိုတာကတော့ ရှာမှရှားပါပဲ။ အရွယ်ရဲ့ခွန်းအား ကုန်ဆုံးလာမှုက သေခြင်းဆိုတာကို သိသာစေတာပါပဲ။ အသက်ရှင်ဖို့ဆိုတာ ရေနှင့်အစားအစာကို လိုအပ်ပြီး ရှူရှိုက်ရတဲ့လေအပေါ်မှာ တည်မှီနေတာပါပဲ။
ဒီခန္ဒာကိုယ်က တစ်ပါးသူခန္ဒာကိုယ်များနှင့် တူညီတယ်ဆိုတဲ့အသိ တစ်ခုက သေခြင်းတရားကို နားလည်စေတာပါပဲ။ ဒါက တစ်ခြားသူများ နေထိုင်ရာ အိမ်တစ်ခုပါ။
သေခြင်းတရားရဲ့ သင်္ကေတမဲ့ခြင်းကို နားလည်ပါ။ သေခြင်းဆိုတာ မနက်လာမလား နေလည်လာမလား ညနေလာမလား အချိန်ညွန်ပြချက် သင်္ကတရှိတဲ့အရာ မဟုတ်ပါ။ အိမ်မှာသေမှာလား အိမ်ရဲ့အဝေးမှာသေမှာလား ဝေဟင်မှာသေမှာလား မြေပြင်မှာသေမှာလား ရေထဲမှာသေမှာလား ဘယ်နေရာမှာသေမလဲ ဆိုတဲ့ ပြောပြချက်သင်္ကေတ ရှိတဲ့အရာ မဟုတ်ပါဘူး။ ရန်သူလက်ချက်ကြောင့် သေမှာလား မတော်တစ်ဆ ထိခိုက်လို့သေမှာလား ဖျားနာလို့ သေမှာလား
ဆိုတဲ့ သေရမည့်ပုံစံကိုလည်း မသိနိုင်ပါဘူး။
ကျန်းမာကြံခိုင်ခြင်းရဲ့ အဆုံးဟာ ဖျားနာခြင်း, သန်မာထွားကြိုင်းခြင်းရဲ့အဆုံးဟ
ာ ဆုတ်ယုတ်အားနည်းခြင်း, အားလုံးသော အောင်မြင်မှုရဲ့ နိဂုံးဟာ ကျရှုံးခြင်းတဲ့ အဲဒါတွေကို သိနေမယ်ဆိုရင်လည်း သေခြင်းကို နားလည်နိုင်တာပါပဲ။
သေခြင်းတရားက အားလုံးဆီကို လာနေတယ်ဆိုတာကို သိပါ။ ထင်ရှားကျော်ကြားတဲ့ အုပ်ချုပ်ရေး အရာရှိကြီးတွေ၊ အချမ်းသာဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ သာမန်လူတွေ၊ တော်ဝင်မိသားစုဆိုတဲ့ အိမ်ဦးနတ်တွေ ပြီးတော့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်
းတောင်မှ သေရတာပါပဲ။ ဒါကြောင့် သေခြင်းတရားမှလွတ်မြောက်မှုဆိုတာ
ဘယ်လိုမျှော်လင့်လို့ရနိုင်မလဲ။
တစ်ချိန်တည်းတစ်နေရာတည်းမှာ လည်ပတ်နေတဲ့ လှည်းဘီးလိုပဲ ဘ၀ဆိုတာ အချိန်တိုတိုအတွင်းမှာ သေဆုံးသွားတယ်ဆိုတာ နားလည်ရမှာပါပဲ။
အချိန်တိုင်း အချိန်တိုင်းမှာ သေခြင်းတရားက ဦးတည်လာနေပါတယ်။ သေးသေးငယ်ငယ် ဖြစ်ရတဲ့ ဘ၀အသီးသီးတွေဟာ သေဆုံးခြင်းဦးတည်နေတဲ့အတိုင်းပါ
ပဲ။ အဆုံးမှာ သေသွားရတာချည်းပဲပေါ့။
အသက်ရှင်သန်မှုဆိုတာ ဒီကမ္ဘာမှာ ခန့်မှန်းလို့ရတဲ့ အရာမဟုတ်သလို သေချာတဲ့အရာလဲမဟုတ်ပါဘူး။ ခက်ခဲတိုတောင်းလွန်းပြီး ဒုက္ခတရားတွေနှင့် ၀ရုန်းသုန်းကားနိုင်လွန်းလှပါတ
ယ်။ မွေးဖွားမှုရှိတဲ့သူဟာ သေဆုံးမှုဆိုတာ ရှိနေတာပါပဲ။ ဒါဟာ သဘာဝတရားတစ်ခုပါ။ အိုမင်းရင့်ရော်ခြင်းဆိုတာ သေခြင်းကို နီးကပ်လာတဲ့အရာတစ်ခုပေါ့။ စားကျက်ကွင်းသို့ တုတ်ချောင်းကလေးနှင့် မောင်းသွားရတဲ့ နွားအုပ်လိုပဲ သေခြင်းတရားဆီသို့ အိုမင်းရင့်ရော်ခြင်းဆိုတဲ့အရာက
လေးနှင့် အသက်ရှင်သတ္တ၀ါအားလုံးတို့ကို မောင်းသွားနေတာပါပဲ။
အသီးတွေ မှည့်လာတဲ့အခါ အဲဒီအသီးဟာ မနက်အစောပိုင်းမှာ ကြွေကျနိုင်ပါတယ်။ ဒီနည်းအတိုင်းပဲ မွေးဖွားလာတဲ့ သူတွေဟာလည်း အချိန်တိုင်းမှာ သေသွားနိုင်တာပါပဲ။ အိုးဖုတ်သူတွေပြုလုပ်ထားတဲ့ အိုးအားလုံးဟာ အဆုံးမှာ ပျက်စီးသွားရသလို မွေးဖွားသူအားလုံးရဲ့ ဘ၀ဟာလည်း အဆုံးမှာ ပျက်စီးသွားရတာချည်းပါပဲ။
Ken visakha မှတ်စုမှတ်ရာများမှ ဆီလျော်သလို ဘာသာပြန်သည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment