လူတို့သည် နေမှု ထိုင်မှု စားမှု သောက်မှု နေ့စဉ်ဆောင်ရွက်ရသော လုပ်ငန်းများမှစ၍ နှစ်ရှည်လများ ဆောင်ရွက်ရမည့် လုပ်ငန်းများအထိ ကြိုတင်မှန်းဆကြပြီး ပြင်ဆင်တတ်ကြပါသည်၊ ကြိုတင်ပြင်ဆင်မှုသည် လုပ်ငန်းအောင်မြင်ဖို့အတွက်
လူအများစု ပြင်ဆင်ကြသော လုပ်ငန်းများကို သေချာလေ့လာကြည့်ပါက နေ့စဉ်တွေ့ကြုံနေရသည့် စားမှု သောက်မှု အဆင်ပြေရေးအတွက်၎င်း၊ နေမှု ထိုင်မှု ချောမွေ့စေရေးအတွက်၎င်း၊ လောကစည်းစိမ် တိုးပွားရေးအတွက်၎င်း၊ ရာထူးဂုဏ်ရှိန် မြင့်တက်ရေးအတွက်၎င်း၊ အများချီူးကျူးခံလိုသောကြော
လူတို့သည်အနီးကပ်ကြုံတွေ့ရတ
လူတိုင်း မလွဲရှောင်နိုင်သော ဖြစ်စဉ်တခုအတွက် ပြင်ဆင်ရာတွင် လူအများစုမှာ အားနည်းတတ်ကြပါသည်၊ လူတိုင်း မလွဲမသေါ ကြုံတွေ့ရမည့်ကိစ္စမှာ သေခြင်းပင် ဖြစ်ပါသည်၊ အသေအချာကြုံတွေ့ရမည့် ကိစ္စအတွက် ပြင်ဆင်ရန်အချို့မှာ သတိလက်လွတ်ဖြစ်နေတတ်ပါသည်၊ စာမှုသူအနေဖြင့် သေခြင်းတရားကို တည်ငြိမ်စွာရင်ဆိုင်နိုင်ရန
ပြင်ဆင်ရန် စတင် စိတ်ကူးနေပြီလား၊
သို့မဟုတ်-ပြင်ဆင်နေပြီဆိုလ
နေရေးအတွက် ပြင်ဆင် အားထုတ် ကြိုးပမ်းနေရသည့်အတွက် သေရေးအတွက် ပြင်ဆင်ကြိုးပမ်းအားထုတ်ဖို
သေခြင်းသည် ထူးဆန်းသောကိစ္စမဟုတ်၊ လူတိုင်းကြုံတွေ့ရမည့်ကိစ္စ ဖြစ်ပါသည်၊ ကိုယ်တိုင် မသေမီ၊ ကိုယ်နှင့် မရင်းနှီးသူများ ရင်းနှီးသူများ သေကြရမည်ကို လူတိုင်း တွေ့ဖူးကြားဖူးပါသည်၊ သူ့အလှည့် ကိုယ့်အလှည့် အချိန်မရွေး နေရာမရွေး ၀င်ရောက်လာနိုင်ပါသည်၊ အချိန်မရွေး ၀င်ရောက်လာနိုင်သည့်အတွက် ထိုသေခြင်းတရားကို တည်ငြိမ်သောစိတ်ခြင့် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် အမြဲ အသင့်အနေအထားတွင် ရှိအောင် ပြင်ဆင်ထားဖို့ လိုပါသည်၊ သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်ခြင်းသည် လောကကို အရှုံးပေးခြင်းမဟုတ်၊ လောကတွင် အရဲရင့်ဆုံး မှန်ကန်စွာ အသက်ရှင်နေပြခြင်းပင် ဖြစ်သည်။
လူအများသည် သေရမည်ကိုကြောက်ကြသည်၊ အချို့ဆိုလျှင် သေသွားသူကို ကြည့်ပင်မကြည့်ရဲပေ၊ အသုဘအိမ်ကို ဝေးဝေးကရှောင်ကြသည်၊ မည်မျှပင် ဝေးဝေးကရှောင်စေကာမူ လွတ်လမ်းမရှိပါ၊ လွတ်လမ်းမရှိအောင် ချောင်ပိတ်မိနေသော အခြေအနေတွင် တည်ငြိမ်သောစိတ်, မတုန်လှုပ်သောစိတ်, အေးငြိမ်းသောစိတ်ဖြင့် ရင်ဆိုင်နိုင်ရန် ကြိုးစားခြင်းသည် ပြဿနာ ရင်ဆိုင်ရာတွင် အကောင်းဆုံေးသာ ရင်ဆိုင်နည်းဖြစ်ပါသည်။
မှားယွင်းသော အသက်ရှင်နေထိုင်မှုသည် သေခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် သတိလက်လွတ် နေမှု ဖြစ်သကဲ့သို့ပင် မှန်ကန်သော အသက်ရှင်နေထိုင်မှုသည် သေခြင်းကို တည်ငြိမ်အေးချမ်းစွာ ရင်ဆိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်ပါသည်။
သတိတရားကို အချိန်မရွေး နေရာမရွေး ထားပါ၊ ရေအိမ်တက်သည့်အခါမှာပင် သတိဖြင့် ဆင်ခြင်ပါ-ဆိုသော ဘုရားစကားနှင့်အညီ ဆင်ခြင်ရာမှ ကျွန်တော့စိတ်တွင် ဖြစ်ပေါ်လာသောအမြင်ကို တင်ပြလိုပါသည်၊ ကျွန်တော်တို့ အသက်ရှင်ရေးအတွက် အစားအစာများကို စားသောက်ကြရပေသည်၊ စားသောအစားအစာများမှာ အသွေးအသား အင်အား ဖြစ်စေပြီး၊ ကိုယ်ခန္ဓာတွင် မလိုတော့သော အပိုင်းကို အညစ်အကြေးအဖြစ် စွန့်ရထုတ်ရခြင်းသည် သဘာဝတရားဖြစ်ပါသည်၊ ထိုသဘာဝတရားသည် နေ့စဉ်လူတိုင်း ကြုံတွေ့နေရသော သဘာဝဖြစ်၍ မထူးဆန်းပါ၊ မိမိခန္ဓာကိုယ်ထဲမှ အပြီးအပိုင် စွန့်လွှတ်ထုတ်လိုက်ရသည့် မူလ ကိုယ်ပိုင်ထားသောပစ္စည်းအတွက
သေခြင်းတရားသည် ခန္ဓာကိုယ်တွင် မလိုသောပစ္စည်းများ စွန့်လွှတ်ခြင်းနှင့် တသဘောတည်းပင် ဖြစ်ပါသည်၊ သေခြင်းသည် သဘာဝတရားဖြစ်သည်ကို ကောင်းစွာလက်ခံပြီး အသက်ရှင်စဉ်တွင် မိမိနှင့်ထိတွေ့ဆက်ဆံရသမျှ သက်ရှိသက်မဲ့ အားလုံးသည် မိမိ၏မစင်အိတ်ထဲ၌ ယာယီ သိုလှောင်ထားရသော စွန့်ပစ်ရမည့်ပစ္စည်းအဖြစ် သဘောထားလျက် တကယ်စွန့်ပစ်ဖို့လည်း စိတ်တွင်အမြဲ အသင့်ဖြစ်ပြီး တကယ်စွန့်ပစ်ရသော အခါတွင်လည်း လုံးဝတွယ်တာမက်မောခြင်း မရှိဘဲ၊ စွန့်လွှတ်ရသည့်အတွက် အလွန်ပင် ပေါ့ပါးလွတ်လပ်မှုကို လက်တွေ့ခံစား ကျင့်သုံးနိုင်အောင် စိတ်ကိုပြင်ဆင်ထားနိုင်လျှင
စွန့်လွှတ်ရမည်ကို ကြောက်နေခြင်းသည် တွယ်တာမိသောကြောင့် ဖြစ်ပါသည်၊ အမှန်တကယ် မတွယ်တာသော မစင်ဘင်ပုပ်ကို စွန့်လွှတ်ရန် မည်သူမှ ၀န်မလေးကြပါ၊ မတွယ်တာ မကပ်ငြိလျှင် စွန့်လွှတ်ရသည့်အတွက် သောကရောက်စရာ လုံးဝမရှိပါ၊ တွယ်တာမှု ဒီဂရီ အနိမ့်အမြင့်သည် လောဘ, ဒေါသ, မောဟ ဒီဂရီအနိမ့်အမြင့်ပေါ်တွင် တည်နေပါသည်၊ လောဘ ဒေါသ မောဟနည်းအောင် မိမိစိတ်ကို အစဉ်သုံးသပ် ရှုမြင်နေရန် လိုပါသည်၊ မိမိ၌ဖြစ်သော လောဘစိတ်, ဒေါသစိတ်, မောဟစိတ်တို့ကို မလွတ်တမ်းသတိဖြင့် စောင့်ကြည့်သောအကျင့်ကို နေရာမရွေး အခါမရွေး လေ့ကျင့်ကြည့်ပါက တဖြည်းဖြည်း လောဘစိတ် ဒေါသစိတ် မောဟစိတ်တို့သည် ပြင်းထန်စွာ ပေါက်ကွဲမည့် အဆင့်မှ ယုတ်လျော့လာပြီး လောဘစိတ်ဖြစ်သောကာလ, ဒေါသစိတ်ဖြစ်သော ကာလ, မောဟဖုံးသောကာလလည်း တဖြည်းဖြည်းတိုတောင်းလာပေလိ
ဤနည်းဖြင့် လောဘအမြစ်, ဒေါသအမြစ်, မောဟအမြစ် သုံးမွှာကို အားနည်းမှေးမှိန် အခြေပျက်စေပြီး ထိုအမြစ် သုံးမွှာအစား အလောဘစိတ် အဒေါသစိတ် အမောဟစိတ်များကို မွေးယူလာနိုင်လျှင် သေခြင်းအတွက် အစဉ်သဖြင့် ပြင်ဆင်ပြီး ဖြစ်သည်-ဟု သတ်မှတ်နိုင်ပါသည်။
လောဘ ဒေါသ မောဟ အမြစ်သုံးမွှာကို အလောဘ အဒေါသ အမောဟ အမြစ်သုံးမွှာဖြစ်လာအောင် ကြိုးစားရာတွင် ဒါနအမှု သီလအမှု ဘာဝနာအမှု တို့ကို နေရာမရွေး အချိန်မရွေး အရွယ်မရွေး ဆောင်ရွက်ရပါမည်၊ အဓိကအားဖြင့် ပထမအရွယ်တွင် ပညာရှာ, ဒုတိယအရွယ်တွင် ဥစ္စာရှာ, တတိယအရွယ်တွင် တရားရှာပါ-ဟူသော ရှေးပညာရှိများ၏ အဆုံးအမကို တလွဲယူမှတ်လျက် အသက်အရွယ်ကြီးရင့်မှ တရားဘာဝနာ ပွားများရှာကြံဖို့ လိုပါတယ်၊ ငယ်တုန်းတော့ မလိုသေးပါဘူး-ဟု ယူဆသူ တော်တော်များများ ရှိပါသည်၊ တို့တော့ ပင်စင်ယူပြီးမှ တရားဘာဝနာ အားထုတ်တော့မယ်-ဟု ပြောသံများကိုလည်း မကြာခဏ ကြားရတတ်ပါသည်၊ သေခြင်းတရားရယ် ကျွန်တော်ပင်စင်ယူပြီးသည်အထ
အကယ်၍များ သေခြင်းတရားသည် ပင်စင်ယူသောနေ့မှာပင် ၀င်လာပါက ယခုဘ၀တွင် တရားဘာဝနာ ပွားများခွင့် လုံးဝ လက်လွတ်သွားမည် ဖြစ်ပါသည်၊ ထို့ကြောင့် မသေချာ မရေရာသည့် ကိစ္စများကို မျှော်ကိုးအားထားနေခြင်းထက်
( ဒေါက်တာသိန်းလွင်-ပညာရေးတက္က
No comments:
Post a Comment