2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Sunday, January 6, 2013

ဆီးရီးယား FSA အဖွဲ့ ဓာတု လက်နက်များ ထုတ်လုပ် နိုင်ဟုဆို
Monday, January 07, 2013

လွတ်လပ်သော ဆီးရီးယား တပ်ဖွဲ့ (FSA)သည် ဓာတု လက်နက်များ ထုတ်လုပ်နိုင်သည့် အရည်အချင်းရှိ ကြောင်း အဆိုပါ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

တူရကီ နိုင်ငံမှ Anatalia သတင်း အေဂျင်စီနှင့် ဇန်နဝါရီ ၂ ရက်က ပြုလုပ် ခဲ့သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် FSA အဖွဲ့မှ နိုင်ငံရေး ဆိုင်ရာ အကြံပေး တစ်ဦးဖြစ်သူ ဘာဆမ်ဒါဒါက အထက်ပါ အတိုင်းပြောကြား
ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် FSA အဖွဲ့သည် ဓာတု လက်နက် များကို
သမ္မတ ဘာရှာအယ်လ် အာဆက် အစိုးရအား တိုက်ခိုက်ရာတွင်
လိုအပ်ပါက အသုံး ပြုသွားမည် ဖြစ်ကြောင်း ဒါဒါက ပြောကြားခဲ့ သည်။

ဆီးရီးယား လွတ်မြောက်ရေး (FSA) အဖွဲ့သည် အဆိပ် ဖြစ်စေသော ဓာတု လက်နက်များနှင့် တိုက်ခိုက် ခဲ့သောကြောင့် ဆီးရီးယား တပ်ဖွဲ့ ဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း သမ္မတ လုံခြုံရေး တပ်ဖွဲ့မှ တပ်မှူး တစ်ဦးက ဒီဇင်ဘာ ၂၃ ရက် တွင် ပြောကြားခဲ့သည်။

ပြည်ပ အစိုးရ များက ထောက်ခံထားသည့် အတိုက်အခံ အဖွဲ့များသည် အစိုးရ တပ်ဖွဲ့များနှင့် အစိုးရ ထောက်ခံသူ များကို ဓာတု လက်နက် များ အသုံးပြု၍ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထပ်တလဲလဲ ခြိမ်းခြောက် ခဲ့သည်ဟု သိရသည်။

ဆီးရီးယား နိုင်ငံတွင် ၂၁ လကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့်
သေဆုံးသူ ဦးရေ ၆ဝဝဝဝ ခန့် ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်မှ နေဗီပီလေးက ပြောကြားခဲ့သည်။


No comments:

Post a Comment