December 28 နေ့က ကျွန်တော်တို့ Linux ကို အသက်သွင်းခဲ့တဲ့ Linus Torvalds ရဲ့ မွေးနေ့ပါ။ ကိုLinux Torvalds ကြီးအတွက် Happy Birthday ပါဗျာ။ သိ့ပြီးသား သူတွေလည်းအမှတ် တရလေး ဖြစ်သွားအောင် ၊ မသိ့သေးတဲ့ သူတွေ လည်း လေ့လာပြီးသား ဖြစ်သွားအောင် Linux Torvalds ရဲ့ မွေးနေ့လေးမှာ ကျွန်တော် သူ့ အကြောင်းလေး နည်းနည်း မျှဝေ ချင်ပါတယ်။ ကျွန်တော် သိ့သလောက်လေးပါ။ ကျွန်တော့်ရဲ့ Knowledge ကျဉ်းကျဉ်း လေးကို ချရေးပြတာပါဗျာ ။ သည်းခံပြီး ဖတ်လိုက်ကြပေါ့ ။
Linux Kernel ကို အစပျိုးတီတွင်မှုအတွက် လူသိ့များ ထင်ရှားတဲ့ ဖင်လန်နိုင်ငံသားလေး လင်းနစ်စ် ဘန်နီဒစ် တိုးရ်ဗောက်စ် (Linus Benedict Torvalds) ကို ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ဟယ်စင်ကီးမြို့မှာ မွေးဖွားခဲ့ပါတယ်တဲ့ဗျာ ။ သူက Software Engineer နှင့် Hackerတစ်ယောက် လည်း ဖြစ်ပါတယ်။ ကိုလင်းနစ်စ်ကြီး (ခေါ်) တိုးရ်ဗောက်စ်က ၁၉၈၈ ခုနှစ် နဲ့ ၁၉၉၆ ခုနှစ်များအတွင်းမှာ ဟယ်စင်ကီး တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ပြီး သူ့ရဲ့ ကွန်ပျူတာ Science ဆိုင်ရာ မာစတာဘွဲ့အတွက် Linux: A Portable Operating Systemစာတမ်းကို ရေးသားပြုစုခဲ့ပါတယ်။ ကိုလင်းနစ်စ်ကြီးက သူရဲ့ ကျောင်းသား အပေါင်းအပါတွေနဲ့ Unix နှင့် မတူတဲ့ Minix ဆိုတဲ့ program တစ်ခုကို project လုပ်ကြရင်းနဲ့ PC တွေမှာ သုံးဖို့အတွက် Unix ကို Linux လို့ နာမည်ပေး ကင်ပွန်းတပ်ပြီး ၁၉၉၁ ခုနှစ်မှာ Version 0.11 ဆိုပြီး တစ်ကမ္ဘာလုံးကို အင်တာနက်ကနေ စပြီး ဖြန့်ပေးခဲ့လိုက်တာပေါ့ဗျာ။ တစ်ကယ်တော့ အဲဒီ Linux ဆိုတဲ့ နာမည်လေးက Unix နဲ့ သူ့နာမည် Linus ကို ပေါင်း လိုက်တာပါ။ နောက် ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလမှာ Intel ကထုတ်တဲ့ 80386 ကို အခြေခံထားတဲ့ IBM PC တစ်လုံးကို ၀ယ်ပြီး Prince of Persia ဂိမ်းကို ရေးသားခဲ့ပါသေးတယ်။ နောက်ပြီး commodore VIC-20 နှင့် Sinclair QL ကွန်ပျူတာ စက်တွေကိုလည်း ၀ယ်ပြီး အဲဒီထဲက Operating System ကို ပြင်ဆင်ရေးခဲ့ပါတယ်။
အဲဒီ အချိန်တုန်းက သူရေးတဲ့ assembly Language, text editor နှင့် cool man အမည်ရှိတဲ့ Pac-Man Clone ဂိမ်းတို့က နာမည် ကြီးခဲ့ပါသေးတယ်တဲ့ဗျာ။ ၁၉၉၇ မှ ၁၉၉၉ ခုနှစ်များအတွင်း သူသည် linux နှင့် unix အတွက် အလုပ်များစွာ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအတွက် MIT Technology Review TR100 တွင် အသက် ၃၅ နှစ်အောက် တီတွင်သူ လူငယ်ပညာရှင်တစ်ဦး အဖြစ် မှတ်တမ်း တင်ခြင်း ခံခဲ့ရသေးတယ်။ သူက Linux စနစ်ကို အသုံးပြုနိုင်ရန် စတင်လုပ်ဆောင်ပေးခဲ့သလို Linux Foundation ကို တည်ထောင်ရာတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သူတစ်ယောက်ပါ။
By Ko OO
No comments:
Post a Comment