2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Friday, February 8, 2013

Ram ထပ်မစိုက်ပဲ Memory တိုးကြမယ်


Ram ထပ်မစိုက်ပဲ Memory တိုးကြမယ်
____________________________

>>>>My Computer ကို R-Click လုပ်ပြီး Properties ကိုသွားပါတယ်။ ပေါ်လာတဲ့ System Properties က Advanced ကို Click ပါတယ်။ Performance က Settings ကို Click ပါတယ်။

>>>>Performance Options မှ Advanced ကိုရွေးပြီး Programs နှစ်ခုကို Check ပေး Virtual memory က Change ကို Click ပါတယ် ။
အောက်ပါအတိုင်း Virtual memory ပေါ်လာပါမယ်။ Initial size နဲ့ Maximum size က တန်ဖိုးနှစ်ခုကို ရေးမှတ်ထားလိုက်ပါ ။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ရင် Default လုပ်နိုင်အောင်ပါ။

>>>>Virtual Memory ဆိုသည်မှာ RAM က Hard disk memory ကို ငှားသုံး ခြင်းဖြစ်ပါတယ် ။ (ဥပမာ - Default Initial size = 1500 Mb(nearly 1.5Gb) , Hard Disk free space = 5 Gb ရှိတယ် ဆိုကြပါစို့ Initial size ကို 2000 Mb ( 2Gb ) တင်လိုက်ပါက Hard disk free space သည် 4.5 Gb ဖြစ်သွား ပါလိမ့်မယ် ။ ( မည်သို့ပင် memory transfer လုပ်နိုင်သည် ဖြစ်စေ System Memory က ပဲ တစ်ကယ် လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ )

>>>> ပြီးရင်တော့ OK ပေါ့ ။ Restart တောင်းလာပါလိမ့်မယ် ။ window ပြန်တက်လာ ရင်တော့ စက် အရင်ထက်ပိုမြန်နေတာ တွေ့ရပါလိမ့်မယ် ။ CPU ရဲ့ လုပ်ဆောင်နိုင်ရည်ကို ကြည့်ပြီး တင်သင့်ပါတယ်။ Memory များရင် စက်မြန်တယ် ဆိုပြီး memory အများကြီး စိုက်ပြီး CPU မလိုက်နိုင်လို့ ပိုလေး သွားတဲ့ စက်တွေ တွေ့ဘူးပါတယ်။

Hacking နည်းလမ်း တစ်ခုဖြစ်တဲ့ အတွက် အရမ်းတော့ save မဖြစ်ပါဘူး။ CPU ကို over clock တင်သလိုပါပဲ ။ software လိုင်စင်တွေရဲ့ စကားတိုင်းပြောရရင်တော့ ကိုယ်ပိုင် စွန့်စားမှုသာဖြစ်ပါတယ် ။

သူငယ်ချင်းအပေါင်း အဆင်ပြေကြပါစေ... Facebook Page တစ်ခုဖြစ်တဲ့ အတွက်.. ပုံတွေ ဝေေ၀ဆာဆာနဲ့ မရှင်းပြနိုင်တာကို နားလည်ပေးပါခင်ဗျာ......

ဒီအကြောင်းကို ကျွန်တော့်ကို ပြောပြခဲ့တဲ့.. အစ်ကိုဇော်မင်းအောင် ကိုလည်း ကျေးဇူးတင်ရှိပါသည်.....

#Einstein Kelvin#
================================
Credit to ITgroup
Post By 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်

No comments:

Post a Comment