2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Friday, February 8, 2013

Ubuntu OS ပေါ်တွင် Wine Application ကို အသုံးပြု၍ Photoshop CS2 ကို ထည့်သွင်းပုံ

 
Ubuntu OS ပေါ်တွင် Wine Application ကို အသုံးပြု၍ Photoshop CS2 ကို ထည့်သွင်းပုံ



Ubnutu OS အသုံးပြု သူတွေ အနေနဲ့ Ubuntu OS ပေါ်မှာ အသုံးပြု နိုင်တဲ့ GIMP Image Editor ကို အသုံး မပြုချင်ဘဲ၊ Adobe Photoshop

ကိုသာ သုံးစွဲချင် သူတွေ အတွက် Ubuntu OS ပေါ်မှာ Adobe Photoshop ကို တင်သွင်း အသုံးပြု နိုင်မယ့် နည်းလမ်းကို ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။ တင်သွင်း အသုံးပြု နိုင်တယ် ဆို ပေ မယ့်လည်း Version အမြင့်များကို တင်သွင်း သုံးစွဲနိုင်ခြင်း မရှိသေးဘဲ Adobe Photoshop CS2 ကိုသာ ထည့်သွင်း အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS ပေါ်မှာ Adobe Photoshop CS2 ကို ထည့်သွင်း အသုံး ပြုဖို့ အတွက် ဆိုရင် ပထမဆုံး Ubuntu OS အတွင်းကို Wine Application ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Wine Appllication ကို Official Website ပေါ်မှာ Offline Package ကို ဒေါင်းလုပ် လုပ်ယူပြီး ထည့်သွင်း အသုံးပြု နိုင်သလို၊ Online ချိတ်ဆက် ပြီးလည်း ဒေါင်းလုပ် လုပ်ယူ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Wine Application ကို Graphic Mode ကနေ ထည့်သွင်း အသုံးပြုဖို့ အတွက် Unity Launcher မှာရှိတဲ့ Ubuntu Software Centre ကို ကလစ်နှိပ်ပြီး Wine လို့ ရိုက်ထည့်လိုက်ရင် Wine နဲ့ ပတ်သက်တဲ့ Application တွေ ကျလာမှာ ဖြစ်ပါတယ်။ အဲဒီကမှ Wine Windows Program Loader ဆိုတာကို ရွေးချယ်ပြီး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Graphic Mode မှ Install မပြုလုပ်ချင်ဘဲ Command Line Mode မှ Install ပြုလုပ်ချင်သူများ အတွက် Ctrl+Alt+T ကိုနှိပ်ပြီး Terminal မှတစ်ဆင့် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Terminal ကို ရောက်ရင် sudo apt-get install wine ဆိုတဲ့ Command ကို ရိုက်ထည့်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Install ပြုလုပ်ပြီးပြီ ဆိုရင်တော့ Wine Application ကို အသုံးပြုဖို့ အတွက် Dash Home Button ကို ကလစ်နှိပ် လိုက်ပြီး Wine လို့ ရိုက်ထည့် လိုက်ရင် Wine Application ကို တွေ့ရမှာ ဖြစ်ပါတယ်။ Wine Application ကို ဖွင့်ပြီးပြီ ဆိုရင်တော့ Windows မှာရှိတဲ့ Application ရဲ့ Setup File ကို Wine Loader နဲ့ ဆွဲတင်ပြီး Ubuntu OS ပေါ်မှာ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Wine Application ကို Install ပြုလုပ်ပြီးပြီ ဆိုရင်တော့ Search Box မှာ Winetricks ဆိုတဲ့ Keyword ကို ရိုက်ထည့် လိုက်ရင် Winetricks Windows တစ်ခုထဲမှာ Install an app ဆိုတာကို ရွေးချယ် ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် Install a Windows DLL or Component ဆိုတာ ကိုလည်း ရွေးချယ် ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Adobe Photoshop CS2 ရဲ့ Installer File ကို Wine နဲ့ ဆွဲတင်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Ubuntu OS ပေါ်မှာ Adobe Photoshop CS2 ကို Install ပြုလုပ်ပြီးပြီ ဖြစ်ပါတယ်။ 

No comments:

Post a Comment