ကင်မရာ၊ ဖုန်း၊ သားရေဖိနပ် စတဲ့ ပစ္စည်းတွေ ၀ယ်တဲ့အခါ အထဲမှာ Silica Gel လို့ခေါ်တဲ့ အဖြူရောင် အထုပ်လေး တွေတွေ့ ရ တတ်ပါတယ်။ စားမိရင် အန္တရာယ် ရှိတော့ လွှင့်ပစ်တာ များပါတယ်။ ဒါပေမဲ့ သူ့ရဲ့တခြား အသုံးဝင်ပုံ တွေက စားစရာနဲ့ အရာဝတ္ထုတွေကို ခြောက်သွေ့ပြီး လတ်ဆတ်နေအောင် လုပ်တဲ့နေရာမှာ၊ သားရေဖိနပ်၊ဂျာကင်စတဲ့ သားရေပစ္စည်း တွေကို မှိုတက်တာက ကာကွယ်တဲ့ နေရာမှာ၊ လျှပ်စစ် ပစ္စည်းတွေကို အပျက် မြန်စေတဲ့ ရေငွေ့ ပြန်ခြင်း ရန်က ကာကွယ်တဲ့ နေရာမှာ၊ အားဆေးဗူးတို့၊ သကြားဗူးတို့ကို အစိုပြန်တာက ကာကွယ် ပေးတဲ့ နေရာမှာ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ ဖြစ်တဲ့ ဓါး၊ကတ်ကြေး စတာတွေကိုလဲ သံချေးတက် တာကနေ ကာကွယ်ပေးတဲ့ နေရာတွေမှာ အသုံးဝင်ပါတယ်။ ကဲ ဒီလောက် အသုံးဝင်တဲ့ ပစ္စည်းကို ဘာဖြစ်လို့များ လွှင့်ပစ် နေဦးမလဲ။ သိမ်းထားပြီး လိုတဲ့အခါ အသုံးချရုံပေါ့။ ထပ်ခါ တလဲလဲသုံးလို့ အစွမ်းပြယ် သွားမှာကိုလဲ စိတ်မပူနဲ့နော်။ မီးအေးအေးလေးနဲ့ ၁နာရီလောက် အပူပေးပြီး အခြောက်ခံ လိုက်ရင် နောက်ထပ်၊ နောက်ထပ် အသုံးပြုလို့ ရပါသေး တယ်ဗျာ။
written by Ne Myae
source: lifehacker, image: lifehacker
================================
Post by Myanmar Youth Media Club
By 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်
No comments:
Post a Comment