2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Friday, February 8, 2013

Windows Image Back Up Recovery


Windows Image Back Up Recovery ပြုလုပ်ချင်တယ်ဆိုရင်

Image Backup
Image Backup ပြုလုပ်တယ်ဆိုတာကတော့ ကိုယ့်ရဲ့ Windows မှာရှိတဲ့ Data တွေ Setting တွေ apps တွေကို Backup Imag File ဆောက်ပေးထားခြင်းပဲ ဖြစ်ပါတယ်။ ဒါမှသာ နောင်တစ်ချိန်မှာ Windows Error တက်လို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးအမျိုးကြောင့် Recovery ပြုလုပ်ဖို့ လိုအပ်လာပြီဆိုရင် ဒီ File ကို Restore ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်။ အရင် Windows 7 မှာလိုမျိုး Image Backup File ပြုလုပ်ပြီး Restore ပြန်လုပ် သလိုမျိုးပါပဲ။ အခု Windows 8 User တွေမှာ Backup ပြုလုပ်ဖို့ လိုအပ်မယ်ဆိုရင် အဆင်ပြေအောင် image Backup ပြုလုပ်ပုံကို အဆင့်ဆင့် ရှင်းပြပေးပါမယ်။

... 1 အရင်ဆုံး Start Menu ပေါ်မှာ Right Click နှိပ်ပြီး All app ထဲကိုသွားပါ။
2 Apps List ထဲက Command Prompt ပေါ်မှာ Right Click နှိပ်ပြီး Run Administrator နဲ့ဝင်ပါ။
3 Administrator Command Prompt တက်လာရင် mkdir C:\RefreshImage ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ ဒါဆိုရင် Windows C Partition အောက်မှာ Refresh Image ဆိုတဲ့ Folder တစ်ခုဆောက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
4 ပြီးရင် Recimg -CreateImage C:\RefreshImage ဆိုပြီး ရိုက်ပါ။ ဒါဆိုရင် စောစောက ပြုလုပ်ထားတဲ့ Refresh Image ဆိုတဲ့ Folder ထဲမှာ Backup Image File ကိုစတင် ပြုလုပ်နေပါလိမ့်မယ်။ ကိုယ့် Data အနည်းအများပေါ် မူတည်ပြီး 10 minutes ကနေ 15 minutes အထိ ကြာနိုင်ပါတယ်။

Restore
Recovery Image File ပြုလုပ်လို့ပြီးသွားပြီး ဆိုရင် အဲဒိ့ Backup File ကို Windows Partition အောက်က Refresh Image ဆိုတဲ့ File ထဲမှာ .WIM File Format နဲ့ Save ပေးထားပါလိမ့်မယ်။
ဒါဆိုရင် Windows 8 ကို Backup File ပြုလုပ်လို့ရပါပြီ။ အဲဒိ့ Backup Image File ကို External Hard Drive ပဲဖြစ်ဖြစ် ဒါမှမဟုတ် DVD ခွေထဲမှာဖြစ်ဖြစ် Backup File အနေနဲ့ သိမ်းထားလိုက်ပါ။ တကယ်လို့ Recovery ပြုလုပ်ဖို့ လိုအပ်လာပြီဆိုရင် အဲဒိ့ File ကို Restore ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကတော့ Backup Image File ပြုလုပ်တဲ့ အပိုင်းပါ Restore ပြန်လုပ်ချင်တယ်ဆိုရင်

1 Desktop ရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ Charms bar ထဲက Setting >> Change PC Setting ကိုသွားပါ။
2 ပြီးရင် General ထဲက Advanced Start-up အောက်က Restart now ကိုနှိပ်လိုက်ပါ။
3 Choose and Option ဆိုပြီးပေါ်လာရင် Troubletshoot ကိုရွေးပေးပါ။ ပြီးရင် Advanced Option ကို ဆက်နှိပ်ပါ။
4 ပြီးရင် System Image Recovery ကို နှိပ်ပါ။ စက် Restart ကျသွားပါလိမ့်မယ်။
5 Windows ပြန်တက်လာရင် Preparing System Image Recovery ဆိုပြီး
Loading လုပ်နေပါလိမ့်မယ်။
6 System Image Recovery Windows တက်လာရင် ကိုယ်ပြုလုပ်မယ့် User Account နဲ့ဝင်ပေးရပါမယ်။
7 ပြီးရင် Image Backup File ထည့်ထားတဲ့ External Hard disk ဒါမှမဟုတ် DVD Drive ကိုရွေးရပါမယ်။ 8 Backup File ကို Selected ပေးပြီးပြီဆိုရင် Next ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Backup File ကို Restore စတင်ပြုလုပ်ပါလိမ့်မယ်။ Backup ပြုလုပ်ထားတဲ့ Data အနည်းအများပေါ် မူတည်ပြီး ကြာတတ်ပါတယ်။ ဒါဆိုရင်တော့ Windows 8 နဲ့ပတ်သက်ပြီး Image Backup နဲ့ Restore ကို လွယ်လွယ်ကူကူ ပြုလုပ်ရပြီ ထင်ပါဗျာ။
------------------------------------------------------------
Credit to Myanmar ICT
Post By 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်

No comments:

Post a Comment