2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Sunday, June 30, 2013

ပညာအတိမ်အနက်



ကျွန်တော် အခု စာအုပ်တစ်အုပ်ဖတ်နေပါတယ်... ကျွန်တော့ရဲ့ professional နဲ့ တိုက်ရိုက်ကြီးတော့ မပက်သက်ပါဘူး...အဖေက မြန်မာကနေ ဒီစာအုပ်လေးကို ကျွန်တော့အတွက် ပို့ပေးတော့...အဖေက အလကားတော့ ပို့ပေးတာမဟုတ်ဘူး..အကြောင်းရှိလို့ပဲ နေမှာဆိုပြီး ကျွန်တော်ဖတ်ဖြစ်သွားတယ်...တချို့သော အကြောင်းအရာတော်တော်များကို ကျွန်တော်နားမလည်ပါ...သို့ပေမဲ့ ကျွန်တော် ရသလောက် ဗဟုသုတများကိုတော့ မှတ်သားပါသည်...အဲဒီစာအုပ်ထဲမှ အကြောင်းအရာ တချို့အား ပြန်လည်ကူးယူရေးသားကာ ဖော်ပြလိုက်ပါတယ်....

ဒေါက်တာနေဇင်လတ် ရေးသားသော စိန်ခေါ်မှုများနှင့် မဟာဗျူဟာစီမံခန့်ခွဲမှု စာအုပ်ပါ...
...
အားလုံးမှာ ထိုက်သင့်တဲ့ပညာ (knowledge) ဆိုတာ ရှိကြပါတယ်...ကိုယ်က boss ဖြစ်လို့ အထက်စီး အမြဲယူလို့ မရပါ...ပညာရဲ့ အဓိပ္ပာယ် ကိုက (Knowledge = Education + Experience) ဖြစ်လို့ပါ..ကိုယ်တိုင်အပါအ၀င် ကုမ္ပဏီကလူတွေ ဘယ်လိုပညာရှိနေကြတယ်ဆိုတာ လေ့လာဖို့ကောင်းပါတယ်...Static Knowledge ဆိုတာ ရပ်တန့်သွားတဲ့ သဘောရှိပါတယ်...

Static Knowledge >>> Learned, and apply

ထိုက်သင့်တဲ့ အရွယ်အထိ ထိုက်သင့်တာတွေကို လေ့လာသင်ယူခဲ့ပြီး လုပ်ငန်းခွင်မှာ အသုံးချတယ်...အသုံးချမှု လုံလောက်ပြီဆိုတဲ့ people group member အသိနဲ့ ထပ်ပြီး လေ့လာမှု မလုပ်ကြသူတွေပါ... ဥပမာ (Finance နဲ့ Account) မှာ အတွေ့ရများပါတယ်...Progressive Knowledge ဆိုတာကတော့ အမြဲတမ်း လုပ်ရင်း ၊ လေ့လာနေကြသူများ ဖြစ်ပါတယ်... ဘ၀လဲ တဆင့်ပြီးတဆင့် တိုးတက်သွားလေ့ရှိကြပါတယ်...

Progressive Knowledge >>> Learned >>> Applied >>> Learned More

လေ့လာပြီး လက်တွေ့မှာ အသုံးချတယ် ၊ ထပ်လေ့လာတယ် ၊ ပြန်အသုံးချတယ် ၊ ရပ်တန့်မနေဘဲ အလုပ်လုပ်နိုင် သရွေ့ လေ့လာနေသူများ ဖြစ်ကြပါတယ်... CEO တွေ၊ မဟာဗျူဟာသမားတွေ လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်...အခြေခံက လူတွေရဲ့ Personality ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေး ဖြစ်ပါတယ်...Personality ဆိုတာကို ' The sum total of ways in which an individual reacts and interacts with others ' လို့
အဓိပ္ပာယ် ဖွင့်ထားပါတယ်... တစ်ဦးချင်းသော်လည်းကောင်း ၊ အများနှင့်သော်လည်းကောင်း အပြန်အလှန်သဘော ဆောင်ရွက်လုပ်ကိုင်နိုင်မှု ဖြစ်ပါတယ်...

ကောက်နှုတ်ချက်

Knowledge ကို ဟိုးအရင်က Education တစ်ခုတည်းကိုသာ ဆိုလိုသည်ဟု ထင်ခဲ့သည်...ပြန်စဉ်းစားကြည့်တော့မှ Knowledge = Education + Experience ဆိုတာပါလားဆိုတာ သိလိုက်ရသည်..ပိုပြီး ပြည့်စုံသွားသည်... Static Knowledge နှင့် Progressive Knowledge အကြောင်းကို သေသေချာချာ သိလိုက်ရသည်... Progressive Knowledge သည် အလွန်အရေးကြီးကြောင်း...Because of Competition is now Global ဖြစ်နေပြီဟု ဆရာ နေဇင်လတ်ဧ။် ပညာခေတ်နှင့် မြင့်မားစံနှုန်း စာအုပ်တွင် ဖတ်ခဲ့ရသည်...Personality ဆိုသော အကြောင်းအရာသည်လည်း မှတ်သားဖို့ကောင်းသည်....

Sai Linn Thu ( RHC Technologies )
Date : April 7, 2008

No comments:

Post a Comment