2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Sunday, June 30, 2013

အင်းလေးကန်

အင်းလေးကန်
အင်းလေးကန်သည် ရှမ်းကုန်းပြင်မြင့်၊တောင်ကြီးခရိုင်၊ ညောင်ရွှေနှင့် နမ့်ပန်မြို့နယ်၊ မြောက်လတ္တီကျု ၂၀ံ၃၅’ နှင့် အရှေ့လောင်ဂျီကျု ၉၆ံ ၅၇’ တွင်တည်ရှိ၏။ ပင်လယ်ပြင်မှ ၂၉၁၅ ပေခန့်မြင့်၏။
ယင်းသည် မြောက်မှတောင်သို့ တူရူတန်းနေသော တောင်တန်းနှစ်ခုကြားတွင် တည်ရှိ၏။ အနောက်ဖက် ရှိတောင်တန်းများ၏ တောင်ခြေများသည် အင်းလေးကန်ခြေတွင် မြေနုကျွန်းပေါ်ရွှံ့နွံများအဖြစ် ထိုးထွက်နေကြ၏။ မြောက်ဖက်လွင်ပြင်ရှိ ချောင်းငယ်ကလေးများစွာသည် အင်းလေးကန်ရေပြင်နှင့် မြေမျက်နှာပြင်အကြားရှိ မြေနုကျွန်းပေါ် ရွှံ့နွံများတွင် ပေါင်းစပ်မိကြ၏။ ထိုချောင်းကလေးများသည် ပြောပလောက်အောင် မကျယ်ဝန်းလှပေ။ ယင်းတို့သည် မြောက်ဖက်မှသာမက အနောက်ဖက်မှလည်း စီးဝင်လာကြ၏။ ထိုချောင်းကလေးများထဲတွင် မှတ်သားလောက်ဖွယ် ကောင်းသော ချောင်းတခုမှာ အနောက်မြောက်ဖက် ဟဲဟိုးလွင်ပြင်ရှိ ကန်ဟောင်းတခုဖြစ်သော ပုန်းအင်းမှ စီးဆင်းလာသည့်ချောင်း ဖြစ်၏။
ချောင်းများ၏သဘာဝ
ပုန်းအင်းသည် အင်းလေးကန်ထက် ပေ ၈၀၀ မြင့်ရာ ထိုပုန်းအင်းမှ စီးဆင်းလာသောချောင်းသည် ကျဉ်းမြောင်းသော တောင်ကြားကိုဖြတ်၍ ကန်ထဲသို့ ရေအဟုန်ပြင်းစွာစီးဝင်၏။ အင်းလေးကန်၏ အနောက်ဖက် တလွှားမှလည်း ချောင်းပေါင်းများစွာသည် ကန်တွင်းသို့ စီးဝင်ကြ၏။ အနောက်မြောက်ဖက်မှလည်း ချောင်းများသည်


ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့၏ ရေဝေကြော[1] ကို ပိုင်းခြားထားသော ကုန်းမြင့်များမှ စီးဆင်းလာကြ၏။ သို့သော်လည်း ယင်းချောင်းများသည် အင်းလေးကန်သို့ မရောက်မီ မြေအောက်သို့ မိုင်အနည်းငယ်ဝေးလံစွာ ငုပ်လျှိုးသွား၏။ သို့သော်လည်း ယင်းချောင်းများသည် အင်းလေးကန်ုသို့မရောက်မီ တောင်တန်းများတွင် မြေအောက်သို့ မိုင်အနည်းငယ် ဝေလံစွာ ငုပ်လျှိုးသွား၏။ ထိုသို့မြစ်ချောင်းများငုပ်လျှိုးသွားခြင်းသည် ရှမ်းကုန်းပြင်မြင့်တွင် ဖြစ်နေကျ သဘာဝပင် ဖြစ်၏။ ထိုမြစ်ချောင်းများ၏ သဘာဝကပင်လျှင် ရှမ်းပြည်တွင် ရေနေသတ္တဝါများ ပျံ့နှံ့[2]ရာ၌ အတော်အတန်လွှမ်းမိုးနေပုံရ၏။
အရှေ့ဖက်မှစီးဝင်လာသော ချောင်းများလည်း ရှိသေး၏။ ယင်းတို့သည် ဆောင်းရာသီတွင် ခြောက်သွေ့သွားတတ်၏။ အင်းလေးကန်၏ တောင်ဖက်စွန်းမှလည်း ချောင်းကြီးတခု တောင်ဖက်သို့ စီးဆင်းသွားသည်ကို တွေ့ရ၏။ ထိုချောင်းသည်လည်း အနောက်ဖက်မှ ချောင်းငယ်ကလေးများကဲ့သို့ပင် မြေအောက်သို့ ငုပ်လျှိုးသွား၏။ ယင်းသည် ဘီးလူးချောင်းအဖြစ်ဖြင့် ဆက်လက်စီးဆင်းရာနောက်ဆုံးတွင် သံလွင်မြစ်နှင့် တနည်းနည်းဖြင့် ဆက်စပ်နေသည်ဟု ယူဆရ၏။
အားလုံးချုံ၍ကြည့်သော် အင်းလေးကန်သည် ရေများအဆုံးသတ် ဆုံစီးရာနေရာကဲ့သို့ ဖြစ်နေ၏။ ယင်းသည် မြန်မာပြည်မရှိ မည်သည့်မြစ်ရေအစုတို့နှင့်မျှ တိုက်ရိုက်ဆက်သွယ်မှုမရှိကြောင်းတွေ့ရ၏။ သို့သော် ပထဝီသဘော၊ ဘူမိဗေဒသဘောအရ ဆက်စပ်စဉ်းစားရလျှင်ကား ယင်းချောင်းငယ်တို့သည် သံလွင်မြစ်နှင့် တနည်းနည်းဖြင့် ဆက်စပ်နေသည်ဟု ယူဆရ၏။
အင်းလေးကန်၏အကျယ်အဝန်း
အင်းလေးကန်၏ အကျယ်အဝန်းကို တိကျစွာမဖော်ပြနိုင်ပေ။ ယင်းသို့ မဖော်ပြနိုင်သည်မှာ အကြောင်းနှစ်ရပ်ကြောင့် ဖြစ်၏။
ပထမအကြောင်းမှာ မိုးတွင်းရေများချိန်တွင် ကန်၏အကျယ်အဝန်း ပို၍ကျယ်လာခြင်းကြောင့်ဖြစ်၏။ ဒုတိယအကြောင်းမှာ ကန်ဘေးပတ်လည်တွင် ကျွန်းမျောများ ပြည့်နှက်နေပြီးလျှင် ယင်းသို့သည် အချိန်မရွေး ရွှေ့ရှားသွားလာနေသောကြောင့် ဖြစ်၏။ သို့သော်လည်း ယေဘုယျအားဖြင့်မူ အင်းလေးကန်သည် အလျား၁၄မိုင်၊ အနံ၇မိုင်ခန့်ရှိသည်ဟု မှတ်သားကြ၏။ ရေအနက်မှာ ရေအတိမ်ဆုံးအချိန်တွင် ၁၂ပေရှိပြီးလျှင် ရေအနက်ဆုံးအချိန်တွင် ပေ၂၀ခန့်ထိ ရှိ၏။ ပြန်းမျှခြင်းအားဖြင့် ၇ပေခန့် နက်၏။
====================
Inle info

No comments:

Post a Comment