2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Sunday, June 30, 2013

အင်းလေး စကားပုံများ

၁။ လူစားလျှင် နတ်ထည့်လိမ့်မည်။ (လူငတ်လျှင်၊ နတ်ဖြည့်လိမ့်မည်)
၂။ အင်းလယ်ရောက်မှ ဆန်ချေးတောင်းသည်။
၃။ မလိုတမာခါး၊ လိုသကာပျား။
၎။ အများစားတော့ဝမ်း၊ အများလုပ်တော့တော့တွင်။
၅။ မရှိလျှင်ဖားတစ်ကောင်၊ ရှိလျှင် ကျားတကောင်
၆။ ကျားစားစား၊ ကျားငတ်ငတ် ။
၇။ ဖားလိုမခုန်ဘဲ၊ ငါးကဲ့သို့ကျင့်ရသည်။
၈။ ပန်းလည်းလှစေ၊ ဖျားလည်းဝစေ။
၉။ ပဲပုပ်ထောင်းပြီး၊ ခေါင်းပြားအောင်အိပ်။
၁၀။ ကံယုံပြီးရေပေါ်လမ်းမလျှောက်နှင့်။
၁၁။ ကြံနက်လျှင် အေး၊ လူနက်လျှင် မွေး။
၁၂။ ကွဲ (ကျွဲ) ပါးစောင်းတီး၊ ကလီး (ကျီး) နားစာဖတ်။
၁၃။ ခေါင်းလောင်းနဲ့ ခလောက်မလဲနှင့်။
၁၄။ ခြေမသန်ပဲနဲ့ ခြေပယ် မကောက်နဲ့။
၁၅။ ခွေးမြီးကောက်ကျည်ထောက်စွပ်။ စွပ်တုံးခဏပင်။
၁၆။ ငါးရံကူး (ကြီး) စာကောင်းတပေါင်းလ။
၁၇။ ငါးအုံမက် တကောင်ကြောင့် တလှေလုံး န (နံ)
၁၈။ စပါးဖျင်းပြင် လူဖျင်းရွာပြင်။
၁၉။ တဖောင်းသီးပင် ကလီး(ကျီး)နားသလို။
၂၀။ မီးလောင်မှ ရေပွေ့ရိုးရှည် ရှာသလို။
၂၁။ မြောက်ပိုင်းသူကိုကွမ်းအစ်မပြနဲ့ တောင်ပိုင်းသူကိုစကားမစနဲ့။
၂၂။ လူပုခလာကျယ် လူရှည်နေရာရှား။
၂၃။ သူခိုးပွန်(ပြေး) မှလှံကွန်(ပစ်)။
၂၄။ သံယောင်နှင့် မင်းမပေါင်းနှင့်။
၂၅။ အထုပ်ကြီးလည်းမထမ်းနဲ့ စပ်သီ(ငရုတ်သီး)လည်းမစားနဲ့။
၂၆။ အိုးသခင် ဆန်စိမ်းဝါး မြင်းသခင် ခြေလျင်သွား။
၂၇။ တနေ့မင်းတနေ့ယင်း။
၂၈။ လှေဆင်းတက် မေ့
၂၉။ တက်ကောက်နဲ့ချိတ်၊ တကျိတ်လောက်ပါ။
၃၀။ လူပုလျှင်ပြဲလှေပုလျှင်ဝဲ။
၃၁။ လှေမျော၊ လှေနှင့်ငင်။
၃၂။ လှေပျောက်မှ လှေကြိုးရှာအထည်ပျောက်မှ အိမ်အောက်ထံရံကာ။
=================
inle info

No comments:

Post a Comment