2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Sunday, August 11, 2013

Android Reverse Tethering

Android Reverse Tethering

ပုံမှန်အားဖြင့်တော့.... USB Tethering လုပ်တယ်ဆိုတာ

ဖုန်းပေါ်က internet connection ကို ကွန်ပြူတာမှာ

အသုံးပြုဖို့ရာ အတွက်လုပ်ကြတာပါ . . .

ဒါက လူတိုင်းလိုလို သိပြီးသား ၊ လုပ်လေ့လုပ်ထ ရှိတဲ့ ပုံစံပါ . . .

ပာုတ်ပါပြီ . . . ကွန်ပြူတာ ရဲ့ Lan Connection ကိုရော ..

USB ကတစ်ဆင့်.. ဖုန်းထဲ ပြန် Share လို့မရဘူးလား ? ...

ဖုန်းနဲ့ပတ်သတ်ရင် တော်တော်နုံစပ်တဲ့ လူတွေကို အဲ့လို လုပ်လို့ရလား

ကျွန်တော် လိုက်မေးပါတယ်. . . . *မသိဘူး နဲ့ မဖြစ်နိုင်ဘူး ထင်တယ်*

ဆိုတာချည်းပဲ ကြားရတယ်ခင်ဗျ. . .

ဒါနဲ့ ကျွန်တော့ internet ပေါ်မှာ အကြိတ်အနယ် ရှာလိုက်တော့ . . .

နည်းတွေ တော်တော်များများ တွေ့ရတယ်ဗျ. . . တစ်နည်း ပြီး တစ်နည်း

အလုပ်မဖြစ်တာတွေရော . . . ဆေးထိုးထားတာတွေရော...စုံလို့. . . ။

တကယ် အလုပ်ဖြစ်တာ ၂ နည်း ၃ နည်း လောက် တွေ့ပါတယ် . . .

တော်တော် ခက်တာတွေ ထဲက မှ အလွယ်ဆုံးနည်းကိုပဲ ပြောပြပါ့မယ်..

ကဲ..လိုအပ်တာလေးတွေ အရင်စတင် ပြင်ဆင်လိုက်ရအောင်ဗျာ....

1. ကိုယ့် Android ဖုန်းက Root လုပ်ပြီးသား ဖြစ်ရပါမယ်..

2. Usb debugging & Unknow Sources မှာ Select လုပ်ရထားရပါမယ်.

3. Usb Tethering နေရာမှာ အမှန်ခြစ် လုပ်ထားမိရင် ပြန်ဖြုတ်လိုက်ပါ...

4. မိမိ ဖုန်းနဲ့ သက်ဆိုင်တဲ့ Driver ကို ကွန်ပြူတာမှာ တင်ထားပြီးသားဖြစ်ရပါမယ်

5. ကွန်ပြူတာအတွက် လိုအပ်တဲ့ Software ကို ဒီမှာ Download လုပ်လိုက်ပါ . .

Google Drive :
http://goo.gl/uKloQ4

DropBox : http://goo.gl/TwKjsa

Password : mmitgroup

အားလုံးပြင်ဆင်လို့ ပြီးရင်တောက ကွန်ပြူတာနဲ့ ဖုန်းကို ချိတ်လိုက်ပါ...

zip ဖြည်ထားတဲ့ Folder ထဲက AndroidTool.exe ကို Click ၂ ချက်နိုပ်လိုက်ပါ..

select a device name -( ) အဲ့ဒီနေရာမှာ..မိမိ ဖုန်းရဲ့ နံပတ်တွေ ပေါ်နေရပါမယ်..

မပေါ်ရင် Refresh ဆိုတာလေး သူ့ဘေးနားမှာ ရှိပါတယ် ... နိုပ်လိုက်ပါ..

select DNS to use - ( ) ဒီမှာကတော့ ကိုယ် အသုံးပြုလိုတဲ့ DNS ကိုရွေးလိုက်ရုံပါပဲ..

ပြီးရင် Connect ကိုနိုပ်လိုက်ပါ... Progress လုပ်နေပါလိမ့်မယ် ခဏ စောင့်ကြည့်လိုက်ပါ...

မိမိဖုန်းကို ပြန်ကြည့်လိုက်ပါအုံး... Notification Bar နေရာမှာ Usb Tunnel ဆိုတာလေး

ပေါ်နေပါလိမ့်မယ် .... မပေါ်ဘူးဆို . . . Application နေရာမှာ သွားကြည့်လိုက်ပါ... Usb Tunnel App

လေး Install လုပ်ပြီးတာတွေ့ပါလိမ့်မယ် .. Superuser Request ကို Allow လုပ်ပေးလိုက်ပါ . . .

ဒီအဆင့်တွေ ကျော်ဖြတ်ပြီးရင်တော့ ကွန်ပြူတာမှာ .. စောစောက Progress လုပ်နေတာလေး

ပျောက်သွားပြီလားကြည့်လိုက်ပါအုံး...ပျောက်သွားပြီးဆိုရင်တော့ မိမိ ဖုန်းက Browser တစ်ခုခု

ဖွင့်ပြီး အရင်ဆုံး Google.com လေးနဲ့ စ၀င်ကြည့်လိုက်ပါ. . . . အဆင်ပြေပြေ ၀င်သွားတာတွေ့ပါလိမ့်မယ် ..

တစ်ခု သတိပေးလိုတာက .. Viber လို Google Play လို Team Viwer လို Data service နဲ့ အလုပ်လုပ်တာ

မျိုးတွေအသုံးပြုလို့မရပါဘူး . . . Face Book / Tweeter / နဲ့ အခြား Web Site တွေတော့ ကြည့်လို့ရပါတယ်။


စမ်းသပ်ခဲ့သောဖုန်းများ ... Huawei U 8800-51
Huawei Y210C
Samsung Note 2
Samsung S 2 & 3
စကားချပ်- (ဖုန်း ၅ လုံးတောင် စမ်းနိုင်လို့ ၅ လုံး လုံး ပိုင်တယ်မထင်ပါနဲ့ဗျို့..သူငယ်ချင်းတွေဆီက ယူပြီးစမ်းကြည့်တာပါ )

♛ µ þ¥ÀË þH¥Ø ♛
Credit to mmit group

No comments:

Post a Comment