2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။

Thursday, December 18, 2014

Android Radio Interface Layer အားတိုက်ခိုက်ခြင်း


အတိုကောက် အနေနဲ့ RIL လို့လဲ ခေါ်တဲ့ Radio Interface Layer ကတော့ Android ဖုန်း ရဲ့ Cellar communication နဲ့ ပက်သက်တဲ့ လုပ်ငန်းဆောင်တာ မှန်သမျှကို အဓီက လုပ်ဆောင်တဲ့ component ဖြစ်ပါတယ်၊ Radio Interface Layer က celler modem အတွက် Interface တစ်ခုကိုထောက်ပံ့ပေးပြီး mobile services လုပ်ငန်း စဉ်များကိုလုပ်ဆောင်နိုင်ရန် mobile network ကို ထောက်ပံ့ပေးပါတယ်၊ RIL ကို cellular modem chips အဖြစ် အမှီအခို ကင်းကင်း အလုပ်လုပ်နိုင်အောင် ဒီဇိုင်း ဆွဲ ထားတာဖြစ်ပါတယ်၊ ချုံပြောရရင် Android ဖုန်း တစ်လုံးမှာ RIL က voice calls တွေ text messaging တွေ နဲ့ mobile Internet တွေနဲ့ ပက်သက်တဲ့ လုပ်ငန်း စဉ်တွေကို တာဝန်ယူထားပါတယ်၊ အကယ်၍ RIL သာမရှိခဲ့ဘူးဆိုရင်တော့ Android devices တွေအနေနဲ့ cellular network တစ်ခုနဲ့ ချိတ်ဆက်အလုပ်လုပ် နိုင်မှာ မဟုတ်ပါဘူး၊ ဒီတော့ RIL က သာလျှင် Android device ကို smartphone ဖြစ်စေတဲ့ hardware components တွေထဲက အဓိက component တစ်ခုဖြစ်တယ်၊ ယနေ့ခေါတ်ရဲ့ celler communications ကိုတော့ mobile phone နဲ့ smartphones တွေမှာသာလျှင် ကန့်သတ်အသုံးပြုနိုင်တာ မဟုတ်တော့ဘဲ tablets နဲ့ eBook readers တွေမှာပါ RIL ကို build-in အဖြစ် always-on mobile internet အနေနဲ့ ထည့်သွင်း အသုံးပြုလာကြပါပြီ၊ Mobile Internet က RIL တာဝန်ယူထားတဲ့ အလုပ်လုပ်ဆောင်တဲ့ အစိတ်အပိုင်း ဖြစ်တဲ့ အတွက် RIL တွေကို Android Devices တွေအားလုံးမှာတွေ့နိုင်မှာဖြစ်ပါတယ်၊
ဒီအခန်းမှာတော့ RIL ဘယ်လို အလုပ်လုပ်လဲ၊ RIL ကို ဘယ်လို ခွဲခြား စိတ်ဖြာ လေ့လာနိုင်သလဲ နဲ့ ဘယ်နည်းနဲ့ တိုက်ခိုက် နိုင်မလဲ ဆိုတာကို ရှင်းပြ သင်ပြပေးပါမယ်၊ ဒီအခန်းမှာပဲ မတူညီတဲ့ RIL components တွေရဲ့ ကွာခြား တဲ့ အချက်တွေကို ရှင်းပြသွားမယ် ဒီလိုဘဲ မတူညီတဲ့ RIL components တွေဘယ်လို တွဲဖက် အလုပ်လုပ်ဆောင် သလဲ ဆိုတာကိုလဲရှင်းပြသွားမယ်၊ ဒီအခန်းရဲ့ တိုက်ခိုက်ရေး အပိုင်းကတော့ Short Messaging Service(SMS) တိုက်ခိုက်ခြင်း အကြောင်းပေါ်မှာ အဓီက ဦးတည်သွားမယ်၊ ဘယ်နည်းနဲ့ Android device ပေါ်က SMS ကို fuzz လုပ်နိုင်မလဲ ဆိုတာကို အဓိက ထားပြီးရှင်းသွားမယ်၊ ဒီအခန်းရဲ့ ပထမအပိုင်းက RIL အကြောင်း အကျမ်းဖျင်းနားလည်ဖို့ နဲ့ SMS message format အကြောင်းတို့ ကို ရှင်းပြထားပြီးပါတယ်၊ ဒီအခန်းရဲ့ ဒုတိယ အပိုင်းကတော့ RIL ရဲ့ instrumenting အကြောင်း ထဲကို အတွင်းကျကျ လေ့လာပြီးတော့ Android ရဲ့ SMS တည်ဆောက်ထားပုံ အလုပ်လုပ်ပုံတို့ကို လေ့လာကာ fuzz လုပ်သွားမှာဖြစ်ပါတယ်၊ ဒီအခန်းကို အဆုံး အထိဖတ်ပြီးသွားရင်တော့ Android RIL နဲ့ ပက်သက်လို့ သိထားသင့်တဲ့ အချက်တွေအားလုံးသိပြီးဖြစ်သွား မှာ ဖြစ်သလို ကိုယ်ပိုင် လုံးခြုံရေးနဲ့ ပက်သက်လို့ တိုက်ခိုက် ဖို့ အတွက်ဖြစ်စေ ကာကွယ်ဖို့ အတွက်ဖြစ်စေ ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာကို ကောင်းကောင်း သိသွားမှာ ဖြစ်ပါတယ်၊


RIL အကြောင်း မိတ်ဆက်
The Android RIL ကို Android telephony service subsystem ကနေ တကယ့် radio interface ကို abstract လုပ်ရန်အတွက် တည်ဆောက်ထားတာပါ၊ RIL ကို Global System for Mobile Communication (GSM), Code Division Multiple Access(CDMA),3G, 4G Long Term Evolution (LTE) တို့လို တို့လို radio အမျိုး အစားအားလုံးအတွက် အလုပ်လုပ်နိုင်ရန် အတွက် ရည်ရွယ်ပြီး ဒီဇိုင်း ဆွဲထားတာပါ၊ Cellular Communication နဲ့ ပက်သက်တဲ့ network registration, voice calls, shoart message service(SMS), Packet data (IP communication) တို့နဲ့ သက်ဆိုင်သမျှ အချက်အလက်တွေအားလုံးကို RIL က ကိုင်တွယ်အလုပ်လုပ်ပါတယ်၊ ဒီ့ အတွက်ကြောင့်ပဲ Andriod device မှာ RIL ရဲ့ ပါဝင်ပက်သက်မူက မရှိမဖြစ် အနေနဲ့ အရေးကြီးလှပါပေတယ်၊ Android RIL က Andriod ဖုန်းထဲကနေ အပြင်လောကနဲ့ ချိတ်ဆက် အလုပ်လုပ်နိုင် (အပြင်လောကကို ရောက်ရှိနိုင်) တဲ့ software အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်၊ သူ့ကို တိုက်ခိုက်နိုင်မယ့် အပိုင်းကလဲ service ပေါ်က service host နဲ့ နိုင်းယှဉ်နေပါတယ်၊ Cellular network ကနေ Android device ကို RIL ကို ဖြတ်ပြီး ပေးပို့ပါတယ်၊ ဒီအချက်ကို အကောင်းဆုံးနားလည်အောင် ရှင်းပြ နိုင်တာကတော့ SMS message တစ်ခု Android ဖုန်းထဲကို ဘယ်လို ရောက်ရှိလာလဲ ဆိုတဲ့ ဖြစ်စဉ်ကို လေ့လာခြင်းပါပဲ၊
Android device တစ်ခုဆီကို SMS message တစ်ခု ပေးပို့တာနဲ့ ထို message ကို အရင်ဦးဆုံး cellular modem ကနေ လက်ခံပါတယ်၊ cellular modem က cell tower ကနေရလာတဲ့ physical transmission ကို decodes လုပ်တယ်၊ message ကို decode လုပ်ပြီးသွားရင်တော့ Android ရဲ့ အခြား အစိတ်အပိုင်တွေကို ပို့ပါတယ်၊ စတင်ပို့တာကတော့ Linux kernal ဖြစ်ပြီး အဲ့ဒီ့ကနေ အခြားသော Android RIL ရဲ့ components တွေကို အဆင့်ဆင့်ရောက်ရှိသွားပြီးတော့ နောက်ဆုံး မှာ SMS application ကိုရောက်ပါတယ်၊ SMS ကို RIL ထဲကနေ အဆင့်ဆင့် ပို့ဆောင်တာကိုတော့ ဒီအခန်း တစ်ခန်းလုံးမှာ အသေးစိတ်ရှင်းပြသွားမှာပါ၊ ဒီနေရာမှာ စာအုပ်ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ RIL ကို ဘယ်လို တိုက်ခိုက်မလဲဆိုတာ ဆိုတာနဲ့ ပက်သက်ပြီးလေ့လာမှာဖြစ်ပါတယ်၊ ဒီလိုလေ့လာရာမှာ RIL ကို remotely တိုက်ခိုက်နိုင်တဲ့ အချက်ကို အဓိက ရှာဖွေပြီးတော့ တိုက်ခိုက်သွားမှာဖြစ်ပါတယ်၊ ဒီလိုတိုက်ခိုက်ဖို့ အတွက်လဲ RIL က remote attack surface ဖြစ်ပေါ်နေတဲ့ software တစ်ခုကို ထောက်ပန့်ထားလို့ပါ၊ RIL ကိုအောင်မြင်စွား တိုက်ခိုက်နိုင်ခြင်းက attacker (တိုက်ခိုက်သူတွေ) အတွက် အခြား တိုက်ခိုက်လို့ရနိုင်မယ့် လမ်းစတွေကိုဖော်ပေးခဲ့ပါတယ်၊ Tollfraud ကတော့ RIL ကိုအောင်မြင်စွာတိုက်ခိုက်နိုင်မယ့် ဖြစ်နိုင်မယ့် လမ်းစ တစ်ခုဖြစ်ပါတယ်၊ RIL ရဲ့ အဓီက function ကကို digital baseband နဲ့ တွဲဖက်အလုပ်လုပ်ဖို့ ဖြစ်တယ်၊ ဒါ့ကြောင့် RIL ကို ထိန်းချုပ် မယ်ဆိုတာက baseband ထဲကို ၀င်ရောက်နိုင်ခြင်းနဲ့ တိုက်ရိုက်ပက်သက်မူ ရှိနေပါတယ်၊ baseband ထဲကို ၀င်ရောက်ခွင့်ရရင် attacker က premium rate calls တွေကို စတင်နိုင်သလို premium rate SMS message တွေကိုလဲ ပေးပို့နိုင်ပါပြီ၊ ဒီအခြေအနေကိုရောက်ရင်တော့ attacker က စိတ်ကြိုက် လိမ်လည်မူတွေလုပ်နိုင်သလို messages တွေအကြိမ်ကြိမ် ပို့ခြင်း Phone အကြိမ်ကြိမ်ခေါ်ဆိုခြင်း Phone ငွေလွဲခြင်းတို့လုပ်ပြီးတော့ တိုက်ခိုက်လိုသူကို ငွေကြေးကိစ္စ ပါထိခိုက်အောင် တိုက်ခိုက်နိုင်ပါပြီ၊ ဒီလိုပဲ လျှို့ဝှက်ထောက်လှမ်းဖို့ ဆိုရင်လဲ စိတ်ကြိုက် Phone calls နဲ့ messages တွေက တဆင့် ထောက်လှမ်းမူတွေပြုလုပ်နိုင်ပါပြီ၊ RIL က baseband ရဲ့ အခြား လုပ်ကိုင်နိုင်စွမ်းတွေဖြစ်တဲ့ auto-anser setting မျိုးကိုလဲ ထိန်းချုပ်နိုင်ပါသေးတယ်၊ ဒီအချက်က ဖုန်းကို room bug အဖြစ်ပြောင်းလဲနိုင်တဲ့ အချက် ဖြစ်ပြီး enterprise environment အတွက် တကယ့်ကို အန္တရယ် ရှိတဲ့အချက်ဖြစ်ပါတယ်၊ နောက်ထပ် ဖြစ်နိုင်တဲ့ အချက်ကတော့ RIL ကနေ တစ်ဆင့်ပေးပို့သမျှ data တွေကို ကြားဖြတ်ဖမ်းခြင်းလဲ ပြုလုပ်နိုင်ခြင်းပါ၊ RIL ကိုထိန်းချုပ်နိုင်ပြီဆိုကတည်းကတော့ ပံမှန်ကာကွယ်မူတွေဖြစ်တဲ့ end-to-end encrypt ကို ဂရုစိုက်စရာ မလိုတော့ဘူးလို data တွေကို စိတ်ကြိုက်သုံးရုံပဲ၊ အားလုံးကိုချုံပြီးပြောရရင် RIL ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ရင် RIL ကထောက်ပံ့သမျှ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ အားလုံးကို ရယူနိုင်တယ်၊ ဒီလိုပဲ ဖုန်းတွေကို ပိုင်ရှင် မသိအောင် တိုက်ခိုက်ပြီး ငွေပါယူလို့ရတယ်၊ (ဖုန်းက တဆင့် အလိုလျှောက် ငွေလွှဲခြင်းမျိုးပါ)၊
RIL Architecture
ဒီ section မှာ RIL နဲ့ ပက်သက်တဲ့ အချက်အလက်တွေ Android telephony stack နဲ့ ပက်သက်တဲ့အချက်အလက်တွေ ကို အကျမ်းဖျင်း အနေနဲ့ ပြောပြီးသွားပြီ၊ အခု modern smartphones တွေရဲ့ အများစု သုံးတဲ့ architectures တွေအကြောင်းကို အကျမ်းဖျင်း အနေနဲ့ သဘောပေါက်သွားပြီ၊ ဖော်ပြထားတဲ့ architecture ကိုတော့ Android devices တိုင်းမှာတွေ့နိုင်ပါတယ်၊
Smartphone Architecture
Mobile telephony stacks အကြောင်း ပိုပြီးနားလည်ဖို့ အတွက် ဒီအခန်းမှာ mordern smartphone နဲ့ ပက်သက်တဲ့design အကြောင်းကို လေ့လာသွားကြမယ်၊ cellular interface ပါဝင်တဲ့ tablet တွေကိုလဲ တူညီတဲ့ architecture တွေနဲ့ ပဲ တည်ဆောက်ထားတာဖြစ်ပါတယ် ခုခေါတ်ထွက်တဲ့ smartphone တွေမှာ System အပိုင်း နှစ်ပိုင်းပါဝင်ပါတယ်၊
ပထမ System ကိုတော့ application processor လို့ခေါ်တယ်၊ ဒီ system ရဲ့ subsstem မှာတော့ main processor တွေအဖြစ် multi-core ARM-baes central processing unit(CPU) ပါဝင်တယ်၊ ဒီ subsytem ထဲမှာပဲ ချိတ်ဆက်အလုပ်လုပ်တဲ့ hardwares တွေဖြစ်တဲ့ display,tochstreen,storage, audio input နဲ့ output တွေပါဝင်တယ်၊
ဒုတိယ system မှာတော့ cellular baseband (သို့) celluar modem ပါဝင်ပါတယ်၊ baseband က phone နဲ့ cellular communication infracstructure အကြား physical radio ချိတ်ဆက်မူကို ကိုင်တွယ်အလုပ်လုပ်ပါတယ်၊ Basebands တွေကို ARM CPU နဲ့ digital signal processor(DSP) တို့ကနေ စီကုန်းထားတာဖြစ်တယ်(compose)၊ application processor နဲ့ baseband အမျိုးအစားတွေက ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေ နဲ့ ဖုန်း အတွက် အသုံးပြုထားတဲ့ cellular network တွေပေါ်မှာ မူတည်ပြီးတော့ ကွဲပြားမူရှိပါတယ်၊ အသုံးပြုတဲ့ cellular network ဆိုတာ GSM network လား CDMA network လား 3G လား 4G Long Term Evolution (LTE) လားဆိုတဲ့ networks တွေကိုပြောပါတယ်၊
အထက်မှာဖော်ပြခဲ့တဲ့ subsystem နှစ်ခုက Device main board ပေါ်မှာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေကြပါတယ်၊ ဈေးနှုန်း သက်သာဖို့ အတွက် chipset ထုတ်လုပ်တဲ့ ကုမ္မဏီတွေက sybsystem နှစ်ခုကို မခွဲထားတော့ပဲ chip တစ်ခုထဲမှာ ပေါင်းထည့်ကြပါတယ်၊ ဒီလိုပေါင်းထည်လိုက်သော်ငြား systems တွေအလုပ်လုပ်ပုံက တစ်ခုနဲ့ တစ်ခု အမှီအခိုကင်းပါတယ်၊ အောက်မှာတော့ modern smartphone တစ်ခုရဲ့ view ကို စိတ်ကူးပုံ ဖော်ပြပေးထားတာပါ၊

Systems နှစ်ခုလုံးက interface တွေက တကယ့် components တွေ နဲ့ device ထုတ်လုပ်သူတွေ ပေါ်မှာမှီခိုနေပါတယ်၊ အတွေ့များတဲ့ interfaces တွေကတော့ Serial Peripheral Interface (SPI) , Universal Serial Bus(USB), Universal Asynchronous Receiver/Transmitter (UART) နဲ့ shared memory တို့ ဖြစ်ပါတယ်၊ ဒီကွဲပြား သွေဖယ်မူကြောင့်ပဲ RIL ကို flexible ဖြစ်အောင် ဒီဇိုင်းဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်၊
အထက်က ပိုစ့်က waiferkolar ရေးထားတဲ့ Android Hack စာအုပ်ထဲက အခန်း ၁၁ Radio Interface Layout အား လက်တွေ့တိုက်ခိုက်ခြင်း အကြောင်း ထဲမှာပါတဲ့ မိတ်ဆက်အပိုင်းပါ၊ အထက်ကပိုစ့်က စာမျက်နှာ ၃ မျက်နှာလောက်ပဲရှိပါသေးတယ်၊ မိတ်ဆက်အဖြစ်တင်ပေးတာပါ၊ တကယ့်စာအုပ်မှာပါဝင်မယ့် ကဏ္ဍတွေကတော့
သင်ခန်းစာ ၁၁၊ Radio Interface Layer အား တိုက်ခိုက်ခြင်း
RIL (Radio Interface Layer မိတ်ဆက်)
RIL Architecture
Smartphone Architecture
Telephony Stack အကြောင်း
Telephony Stack လိုသလိုပြုပြင်ခြင်း
The RIL Daemon (rild)
The Vendor-RIL API
Short Message Service (SMS) တိုက်ခိုက်ခြင်း
Messages ပေးပို့ခြင်းနှင့် လက်ခံရယူခြင်း ဆင့်ကဲ ဖြစ်စဉ်၊
SMS Message ပို့ရာတွင် လက်တွေ့အသုံးပြု Format အကြောင်း
Interacting with the Modem
Modem အားနည်းချက်အား Fuzzing လုပ်၍ ရှာဖွေခြင်း
ဖုန်းထဲက SMS message များအား Fuzzing လုပ်၍ တိုက်ခိုက်ခြင်း
စာအုပ်က ၂၅ ရက်နေ့ထွက်မှာပါ၊ ပုံနှိပ်ထုတ်တာ မန္တလေးမှာ ထုတ်ဖြစ်ပြီး ချုပ်တော့ရန်ကုန်မှာချုပ်ပါတယ်၊ စာအုပ်ကို သည်းခံပြီးစောင့်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်၊
Credit Brighter Myanmar

No comments:

Post a Comment