2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။
Showing posts with label ကျန်းမာရေးဗဟုသုတစာပေများ. Show all posts
Showing posts with label ကျန်းမာရေးဗဟုသုတစာပေများ. Show all posts

Tuesday, November 12, 2013

ပလတ်စတစ်ဆာဂျရီလုပ်လိုက်လို့ အခန့်မသင့်ရင်


သူ့ကိုယ်သူ လုံးဝပုံစံပြောင်းလဲပစ်လိုက်တဲ့ ရပ်(ပ်)အဆိုတော် လစ်တယ်လ် ကင်မ် ရဲ့ ပုံတွေကို မြင်ဖူးကောင်းမြင်ဖူးမယ်လို့ထင်ပါတယ်။ သူမဟာ ပလတ်စတစ်ဆာဂျရီတွေ ဆက်တိုက်လုပ်ပြီး အသားအရေကအစ လူမျိုးပုံစံပါပြောင်းခဲ့တာပါ။ အသွင်အပြင်ကို လုံးဝ ပုံစံပြောင်းပစ်ခဲ့တဲ့ အခြားကျော်ကြားသူတွေနဲ့ မနီးယိုးစွဲပါပဲ။ ဥပမာအားဖြင့်ပြောရရင် မိုက်ကယ်ဂျက်ဆင်လိုပေါ့။
တုန်လှုပ်စရာကောင်းလောက်တဲ့ ဆာဂျရီမျိုးတွေလုပ်နေခဲ့တဲ့ ကျော်ကြားသူတွေရဲ့ ဘေးကလူတွေကလဲ နဲနဲလေးမှမတားဘူးလားလို့ မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။ ပလတ်စတစ်ဆာဂျရီ လုပ်လိုက်လို့ မခန့်မသင့် တစ်ခုခုချွတ်ချော်သွားရင်တော့ ကျော်ကြားသူမဟုတ်တဲ့ သာမန်လူအသိုင်းအ၀ိုင်းက သူတစ်ယောက်အတွက် ပိုပြီးရင်နာဖို့ကောင်းပါလိမ့်မယ်။
ဒီနားမှာ ညစ်ထုတ်လိုက်၊ ဟိုနားမှာထိုးထည့်လိုက်နဲ့ နောက်ဆုံးမှာ ပုံစံကလုံးဝပြောင်းလဲသွားရော။ လစ်တယ်လ် ကင်မ်လို ပလတ်စတစ် ဆာဂရီလုပ်နေတဲ့သူတွေ တစ်ပုံကြီးရယ်။ ပလတ်စတစ်ဆာဂျရီနဲ့ပတ်သက်လို့ မတော်တဆမှားယွင်းမှုတွေအကြောင်းကို  အတင်းအဖျင်းမဂ္ဂဇင်းတွေထဲမှာတောင် နည်းနည်းလေးမှဖော်ပြလေ့မရှိဘူး။
ပလတ်စတစ်ဆာဂျရီလုပ်လိုက်လို့ အခန့်မသင့်ရင် ကျန်းမာရေးကို အတော်ဆိုးဆိုးရွားရွားဖြစ်စေပြီးတော့ အသက်ပါဆုံးရှုံးနိုင်ပါတယ်။ ဗြိတိန် ပလတ်စတစ်ဆာဂျရီ အသိုင်းအ၀ိုင်းကို သုံးသပ်ထားတဲ့ သုံးသပ်ချက်တွေကတော့…………။
ရိုးရှင်းတဲ့လုပ်ထုံးလုပ်နည်းတွေ။
အသက်၂၀အရွယ်ရှိတဲ့ ဗြိတိန်မော်ဒယ် Claudia Aderotimi ဟာ ၂၀၁၁ခုနှစ်မှာ အမေရိကန်ကိုသွားခဲ့ပြီး ပလတ်စတစ်ဆာဂျရီလုပ်ခဲ့ပါတယ်။ များမကြာမီမှာ ကြေကွဲစရာကောင်းလောက်အောင်ပဲ သေဆုံးသွားခဲ့ပါတယ်။ ခွဲစိပ်ပြီးနောက် အစပိုင်းမှာ ရင်ဘတ်တွေနာလာပြီး အသက်ရှူနှေးလာပါတယ်။ ဆီလီကွန်ထိုးထည့်ရာကနေ ဖြစ်လာတဲ့ ရှုပ်ထွေးမှုတွေကြောင့် သူ့အဆုတ်ထဲမှာ သွေးခဲပြီး သေဆုံးသွားတာဖြစ်တယ်လို့ သေမှုသေခင်း အရာရှိတွေကပြောပြခဲ့ပါတယ်။
ဘာကိုမှ ချက်ချင်းလက်မှတ်မထိုးလိုက်ပါနဲ့။
လက်မှတ်ထိုးစရာမလိုတဲ့ အတိုင်ပင်ခံတွေရဲ့ အကြံပြုချက်တွေလာပြီးတဲ့နောက်မှာ ခွဲစိပ်မှုနဲ့ပတ်သက်လို့ လျှော့ဈေးရဖို့ဆိုရင် လက်မှတ်ထိုးဖို့လိုအပ် တယ်ဆိုတာကို ကြားရပါလိမ့်မယ်။ ခွဲစိပ်မှုနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အန္တရယ်တွေကိုလုံးဝ သတိပြုပြီး၊ သေချာစဉ်းစားပြီးမှသာ လက်မှတ်ထိုးပါ။ အလှပြုပြင်ရေးအဖွဲ့က ဘာကိုမှ အသေးစိတ်မပြောပြဘူးဆိုရင်တော့ အရင်ဆုံး သင့်ရဲ့ အထွေထွေရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါဦး။
အထောက်အထားတွေကို စစ်ဆေးပါ။
လက်မှတ်မထိုးခင် ခွဲစိပ်မယ့်သူရဲ့ဆေးဘက်ဆိုင်ရာ အထောက်အထားတွေကို စစ်ဆေးပါ။ ဗြိတိန်မှာခွဲစိပ်မယ်ဆိုရင်တော့ အထွေထွေဆေးဘက်ဆိုင်ရာကောင်စီမှာ စစ်ဆေးလို့ရပါတယ်။  အထူးသဖြင့် နိုင်ငံခြားထွက်ပြီး ခွဲစိပ်ရမယ့်နေရာကို သတိထားပါ။
ဘယ်လိုပြဿနာမျိုးပဲ ဖြစ်လာဖြစ်လာ ရင်ဆိုင်ဖြေရှင်းပါ။
ခွဲစိပ်မှုနဲ့ပတ်သက်ပြီး ရှု့ပ်ထွေးမှုတစ်စုံတစ်ရာရှိလာရင် အရည်အချင်းပြည့်မှီတဲ့ ကျွမ်းကျင်ဆရာဝန်ကြီးတွေ ဆီကနေ အကြံဉာဏ်ရယူပါ။ အခန့်မသင့်လို့ တစ်ခုခုဖြစ်သွားရင်လည်း ရရှိမယ့် နစ်နာကြေးကိုအတည်ပြု ပေးနိုင်တဲ့ တရားရုံးရှေ့နေချုပ်တွေနဲ့လည်း အဆက်အသွယ်လုပ်ထားပါ။ မတော်တဆမှု ဆိုတာဖြစ်နိုင်ပါတယ်။ ဘာတစ်ခုမှမလုပ်ရသေးခင်မှာ သေသေချာချာမေးမြန်းပြီး တတ်နိုင်သမျှ ဂရုစိုက်သင့်ပါတယ်။
Ref:thechive
Credit to  trend Myanmar

Friday, August 16, 2013

အဖြစ်များတဲ့ အဆစ်အမြစ်နာ ရောဂါများ



အဆစ်အမြစ်နာဝေဒနာတွေဟာ အလွန် နာကျင်ကိုက်ခဲပြီး ခံစားရခက်လှတာမို့ အလုပ် ပျက်အကိုင်ပျက် ဖြစ်စေနိုင်ပါတယ်။ အလွယ် တကူကုသရန်လည်း မဖြစ်နိုင် တာမို့ သိထားရင် ကြိုတင်ပြီးကာကွယ်နိုင်အောင် ‘အဆစ်အမြစ်နာ ရောဂါများ’ နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ဗဟုသုတတွေကို ဒီလမှာ ရေးသားဖော်ပြလိုက်ပါ တယ်။

အဖြစ်များတဲ့ အဆစ်အမြစ်နာ ရောဂါများ

(၁) Rheumatic Arthritis (ပိုးလေးဖက်နာ)
(၂)  Rheumatoid Arthritis (သွေးလေးဖက်နာ)
(၃)Osteoarthritis  (အဆစ်ရောင်ရမ်းနာ)
(၄) Bone TB (အရိုးတီဘီ)
(၅) Gout  (ဂေါက်ရောဂါ)

Rheumatic Arthritis   ပိုးလေးဖက်နာ

ခြေတွေလက်တွေ လေးဖက်စလုံး နာတတ် လို့ လေးဖက်နာလို့ ခေါ်ကြတာပါ။ ဖြစ်စေတာက Group A.B Haemolytic Streptococcus ခေါ်တဲ့ ဗက်တီးရီးယားပိုး တစ်မျိုး (ကူးစက်ခံရ တာ) ကြောင့် ပိုးလေးဖက်နာအမျိုးအစား ဖြစ်ပါ တယ်။အဖြစ်အများဆုံးလူတွေကတော့

- ထူထပ်တဲ့ အိမ်ခြေရှိတဲ့ ရပ်ကွက်များ
-  လေကောင်းလေသန့်ကောင်းစွာ မဝင်နိုင်တဲ့ ပတ်ဝန်းကျင်များ
-  ကျဉ်းမြောင်းတဲ့ အိမ်အတွင်း များပြားတဲ့ မိသားစုနဲ့
-  လူအများစုပေါင်းနေထိုင်ရာ လူမျိုးများမှာ အများဆုံး ဖြစ်တတ်ပါတယ်။

ပိုးလေးဖက်နာရောဂါဖြစ်ပြီဆိုတာကို သိရှိနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ …လေးဖက်နာရောဂါစတင်ဖြစ်ပွားရင်
- အာသီရောင်ခြင်း  (Tonsillitis)

- လည်ချောင်းများမကြာခဏနာခြင်း         (Soethroat)
- အဆစ်များကိုက်ခဲခြင်း (Joints Pain)

- အဖျားတငွေ့ငွေ့ရှိခြင်း  (Fever)
- အကျိတ်လေးတွေ စမ်းမိတတ်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။

Complications (ပိုးလေးဖက်နာရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ)
ပိုးလေးဖက်နာရောဂါကို သေသေချာချာ အမြစ် ပြတ်အောင် မကုသရင်၊ မကာကွယ်ထားရင်

(၁)Rheumatic Fever & Arthritis(မကြာခဏ) ဖျား၍ အဆစ်အမြစ်များ ကိုက်ခဲ ရောင်ရမ်းနာကျင်ခြင်း

(၂)Mitral Stenosis (နှလုံးဆို့ရှင်အပေါက် ကျဉ်းမြောင်းသွားခြင်း)

Mitral Regurgitation (နှလုံးအဆို့ရှင် ဟာသွားခြင်း)
(၃)Heart Failure (နှလုံးသားပြတ်ခြင်း)

Tuesday, July 9, 2013

မျက်လုံး အတွက် ၂၀-၂၀-၂၀ "

"မျက်လုံး အတွက် ၂၀-၂၀-၂၀ "
Wednesday, 10 July 2013

ကွန်ပျူတာ စခရင်ကို ကြည့်ရှုပြီး အသုံးပြု အလုပ်လုပ်နေရတဲ့ သူများ အတွက်မိမိတို့  မျက်လုံးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ရေရှည် အသုံးပြုရမှာ ဖြစ်တဲ့ အတွက် တန်ဖိုးရှိလှတဲ့ မိမိမျက်လုံးကို ကျန်းမာဖို
့လေ့ကျင့်ခန်း လေး လုပ်ပေးသင့်ပါတယ်။ ထို့ အတူ မျက်လုံးကို ဂရုစိုက်ရမည့် နည်းလမ်းလေးကိုမိတ်ဆွေများအတွက် မျှဝေချင်
... ပါတယ်။

ဒါလေးတွေကတော့ ၂၀-၂၀-၂၀ တဲ့..။

ဘော်ဒီအချိုးအစားကို ပြောတာမဟုတ်ပါဘူး။မျက်လုံးကို ဂရုစိုက်ဖို့ 
အတွက် ပြုလုပ်သင့်တဲ့ အဆင့်လေးတွေကို မှတ်မိလွယ်အောင်ပြော
ပြတာပါ။

ပထမဆုံး အဆင့်

ကွန်ပျူတာကို ကြည့်တဲ့ မိနစ်၂၀ ခန့် ကြာတိုင်း မိမိ ခေါင်းကိုလှည့်ပြီး အနည်းဆုံး ပေ၂၀ အကွာအဝေးရှိတဲ့ နေရာက တခြားအရာဝတ္တု တစ်ခုခုကို ကြည့်ပေးရပါမယ်။ ဒီလို ပြုလုပ်ပေးခြင်းဟာ မိမိ မျက်လုံးရဲ့ စူးစိုက်နေရမှု အတွက်တင်နေတဲ့ အာရုံကြောကို ပြေလျောစေပြီ ပင်ပန်းညောင်းညာမှုကို သက်သာစေမှာ ဖြစ်ပါတယ်။

ဒုတိယ အဆင့်

မျက်လုံးကို ပိတ်လိုက်ဖွင့်လိုက် အကြိမ် ၂၀ ခန့် လုပ်ပေးပါ ။ ဒီလို လုပ်ပေးခြင်းက မျက်လုံးထဲရှိမျက်လုံးအိမ် ခြောက်သွေ့ မှု ကို လျော့စေပြီး မျက်လုံးကို အရည်စိုစေမှာ ဖြစ်ပါတယ်။ ထို့ အတွက်မျက်လုံး ကိုက်ခဲခြင်းကို ကာကွယ်ပေးမှာပါ။

တတိယ အဆင့်

အချိန်ကို သတိပြုဖို့ လိုပါတယ် ။ ကွန်ပျူတာကို အသုံးပြုတာ အချိန်ကြာလွန်း
နေပြီဆိုရင် မိနစ်၂၀ လောက် ထသွား ထလာ ပြုလုပ်ပေးသင့်ပါတယ်။ တစ်ခုခုကို ထယူခြင်း ၊ ဒါမှမဟုတ် ရေထသောက်ခြင်းစတဲ့လှုပ်ရှားမှုတွေ ပြုလုပ်ပေးရန်လိုပြီး ထိုသို့ ပြုလုပ်ပေးခြင်းက မိမိ ခန္တာကိုယ်ရှိ သွေးလည်
ပတ်မှုကိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ကွန်ပျူတာ သုံးတဲ့အချိန်တိုင်း အထက်ပါအဆင့်လေးများကို သတိထားပြီး လုပ်ဆောင်သွားသင့်ပါတယ်။

ကြာကြာဝါးမည့် သွား အရိုးကြည့်ရှောင် ဆိုသလို မိမိတို့  ရေရှည် အသုံးပြု
ကြရမည့် မျက်လုံးအတွက် ဂရုစိုက်ပေးဖို့ လိုပါတယ်။

လူ့ ခန္တာကိုယ်ထဲက တန်ဖိုးရှိတဲ့ အင်္ဂါ အစိတ်အပိုင်းဆိုရင်လည်း မမှားနိုင်
တာမို့ ကွန်ပျူတာ အသုံးပြု နေကြတဲ့သူတိုင်း သိရှိရမှာ ဖြစ်ပါတယ်။

---
Ref:Health Tips
Freddy ( MM Social Sky )

Sunday, June 30, 2013

ဖုန်းပြော လွန်းသောကြောင့် ကင်ဆာ တစ်မျိုး တွေ့ရှိ

အမေရိကန် နိုင်ငံမှ Dr. Brian Berry ဟာ Silver Nitro Oxide ကြောင့် ဖြစ်တဲ့ ကင်ဆာ ရောဂါ တစ်မျိုးကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်...
သင်ဟာ ဖုန်းငွေဖြည့် ကဒ်ကို ဘယ်တော့မှ လက်သည်းနဲ့ မခြစ်မိပါစေနဲ့..
အဲ့ဒီမှာ အရေပြား ကင်ဆာ ဖြစ်စေတဲ့ Silver Nitro Oxide တွေ ပါပါတယ်လို့ ဆိုပါတယ်... ကျန်းမာ ပျော်ရွှင်စွာ နေထိုင်နိုင်ရေး အတွက်
၁. ဖုန်းပြောတဲ့ အခါ ဘယ်ဘက်နားနဲ့ ပြောပါ
၂. ဆေးတွေကို ရေခဲရေနဲ့ တွဲမသောက်ပါနဲ့
၃. ညနေ ၅ နာရီနောက်ပိုင်း အစာများများ မစားပါနဲ့
၎. မနက်ပိုင်းမှာ ရေများများ သောက်ပြီး ညဘက်မှာ လျော့သောက်ပါ
၅. ည၁၀ နာရီမှ မနက် ၄ နာရီ အတွင်းဟာ အိပ်စက်ဖို့ အကောင်းဆုံး အချိန်ပါ
၆. ဆေးသောက်ပီး သို့မဟုတ် အစာစား ပီးပီးချင်း ရုတ်တရက် လှဲချခြင်းမျိုး ရှောင်ပါ
၇. ဖုန်းရဲ့ ဘက်ထရီ နောက်ဆုံး ကုန်ခါနီး ကျသွားခဲ့ရင် ဖုန်းမဆက် ပါတော့နှင့်
(( radiation အဆ ၁၀၀၀ လောက် ပိုပြင်းထန် ပါတယ်))
မြ၀တီ

Saturday, June 29, 2013

ဗီတာမင်ဒီဓါတ်နှင့် ဘဝအရင်းအမြစ်



ကျွန်ုပ်တို့၏ ကျန်းမာရေး ကဏ္ဍတစ် ချို့တွင် မျိုးစေ့ဗီဇများက စိုးမိုးခြယ် လှယ်ထားလေရာ ကိုယ်ဝန် ဆောင်ထားစဉ် အတောအတွင်း မိခင်၏ ပြုမူနေထိုင် ခဲ့ပုံလည်း ပါဝင်ပေသည်။ သို့သော်လည်း ဘဝနေထိုင်မှု ဟန်ပ...န် အများအပြား၏ ကျန်းမာကြံ့ခိုင်ရေး၊ စားနေကျ အစား အစာနှင့် ကိုယ် အလေးချိန် ဆိုင်ရာ အချက်အလက်တို့ ပါဝင်ပြီး ထိုအရာများ အားလုံးက အကျိုးသက် ရောက်မှုရှိ သဖြင့် ကျွန်ုပ်တို့သည် အသက်ရှည်ရှည်နှင့် ကျန်းမာစွာ နေထိုင်သော အရည် အသွေးကိုပါ ရရှိနိုင်ကြ ပေသည်။
ငယ်စဉ် ကတည်းက ကျန်းမာအောင် နေပါ။
...
ကျွန်ုပ်တို့ မမွေးဖွားမီ ကျွန်ုပ်တို့ မိခင်၏ ဘဝနေထိုင်မှု ဟန်ပန် ရွေးချယ်ခဲ့မှု အပေါ်တွင် ကျွန်ုပ်တို့၏ ကျန်းမာရေး အကျိုးသက်ရောက်မှု ရှိလာခဲ့သည်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးသည် အလွန်အမင်းသောက ရောက်ခဲ့ပါက သူ၏မွေးကင်းစ ကလေးအပေါ် အကျိုး သက်ရောက်ပြီး မွေးဖွားလာသူတို့ အသက်ကြီး လာကြသောအခါ နှောင်းပိုင်းတွင် သောက များမဲ့ သွား စေနိုင်ကြောင်း လေ့လာ ဆန်းစစ်မှုများမှ ပြသပေးနေသည် ဟုဆိုသည်။

ကိုယ်ဝန် ဆောင်ထားစဉ်အတော အတွင်းတွင် အရက်ကို အလွန်အကျွံ သောက်သုံးလျှင် သန္ဓေသားနှင့် ဆိုင်သော အရက်နာကျ ရောဂါနိမိတ် လက္ခဏာစု (Foetal alcohol syndrome in babies) ကျရောက် တတ်သဖြင့် အဆိုပါ ကလေးလည်း ဘဝတစ်လျှောက်လုံး ပညာ သင်ယူရာတွင် ဥာဏ်ရည် မမီဘဲ ချို့ယွင်းသည့် နည်းတူ ကိုယ်ခန္ဓာဆိုင်ရာ ပြဿနာ များလည်း ဝင်လာတတ်သည်။ ဆေးလိပ် သောက်ခြင်းမှာလည်း အလားတူပင် သူတို့၏ ကြီးထွား ရင့်သန်မှုကို ထိခိုက် စေတတ်သည်။ ကိုယ်ဝန်ဆောင် တစ်ဦး၏ မဆင်မခြင် စားသောက်တတ်သည့် အလေ့အထ မရှိလျှင် ကလေးငယ်၌ အဝလွန်ရောဂါ ဘေးအန္တရာယ် ကျရောက်မှု တိုးသွားအောင် လုပ်ဆောင် သကဲ့သို့ ဖြစ်တတ်သည်။ မိခင်က အမွေပေးသော ကလေး၏ ကလာပ်စည်းများ အတွင်းရှိ ဗီဇ လက္ခဏာဆောင် ဓာတုပစ္စည်း (DNA)ကို ပြောင်းလဲ စေခြင်းဖြင့် ယင်းသို့ အဝလွန်ရောဂါ ဝင်လာစေတတ်ကြောင်း သုတေသနပြုမှု အချက် အလက်များက အကြံပေး ထားသည်။

ပျော်ရွှင်ဖွယ်ရာ ကလေးငယ်၏ ဘဝကို ပိုင်ဆိုင်ထားခြင်းဖြင့် အသက်ရှည်ရှည် နေနိုင်စေရန် မြှင့်တင် ပေးလိမ့်မည်။ သူတို့၏ လူငယ်ဘဝတွင် ပျော်ရွှင်မှု မရရှိ သူများသည် အသက်ကြီး လာသည်နှင့် နှလုံးရောဂါ ဘေးအန္တရာယ် ကြီးမားစွာ ကျရောက်မှု ဖြစ်ပေါ် လာနိုင်ကြောင်း လေ့လာ ဆန်းစစ်မှု တစ်ရပ်က အကြံပေး ထားသည်။

အိမ်ပြင် ထွက်ခြင်းသည်လည်း သော့ချက် တစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဗီတာမင်ဒီ ဓာတ်ရရှိရေး၌ နေရောင်ခြည်သည် အရေးပါသော အရင်းမြစ် တစ်ရပ်ဖြစ်သည်။ လောလော ဆယ်တွင် ကလေး လေးဦးရှိသည့် အနက် တစ်ဦးသည် ဗီတာမင်ဒီဓာတ် ချို့တဲ့ နေသည်ကို တွေ့နေရသည်။ ဗီတာမင်ဒီသည် သန်မာကြံ့ခိုင် စေခြင်းနှင့် ကျန်းမာသော အရိုး ဖြစ်စေရန် တည်ဆောက်ပေး၍ ၄င်းဓာတ်မှာ မရှိမဖြစ်လို အပ်နေပေသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်များ အတွက် ကယ်လ်ဆီယံ ဓာတ်နှင့် (Phosphorus) မီးစုန်းဓာတ် များကို ကျွန်ုပ်တို့၏ စားနေကျ အစား အစာမှ စုပ်ယူပေးရန် ဗီတာမင်ဒီက ကူညီပေးသည်။
Royal Hero Media

Friday, June 28, 2013

ကျန်းမာရေး စာအုပ်များ စုစည်းဖော်ပြခြင်း( မြန်မာစာအုပ်များမှ)



၁။ ဒါစိုးရိမ်စရာလား နှင့် စိုးရိမ်စရာများ - ဒေါက်တာရဲမြင့်ကျော်
http://www.mediafire.com/?3tuicic4fzhjf4q

... ၂။ ကလေးကျန်းမာရေးဆိုင်ရာ အယူအဆ အမှားများ - ဒေါက်တာရဲမြင့်ကျော်
http://www.mediafire.com/?i4m4hn74vwn2u1p

၃။ ယားနာ နှင်းခူ - ဒေါက်တာစိုးဝင်းဦး(အရေပြားအထူးကုဆရာဝန်)
http://www.mediafire.com/?84rq5p71d0l8dpc

၎။ မိခင်လောင်းတို့အရေး မေးချင်ရာမေး - ဒေါက်တာစိုးလွင်
http://www.mediafire.com/?lhb58hw7dad76th

၅။ သူနာပြုလက်စွဲ - ဒေါက်တာစံပယ်ပွင့်ဖြူ
http://www.mediafire.com/?74mrdrruq9ksb44

၆။ မိဘများအတွက်အရိပ်ပြစကားလက်ဆောင်မွန်များ - ဒေါက်တာသိန်းလွင်
http://www.mediafire.com/?6pkdvlkcv6khvhl

၇။ ကလေးသူငယ်ပြုစုပျိုးထောင်နည်း - ဒေါက်တာတင်မောင်ထွေး
http://www.mediafire.com/?x2wfr4x6lxwc6w6

၈။ သိပ္ပံနည်းကျအိမ်ထောင်သည်ဘ၀ - ဒေါက်တာမောင်မောင်ညို
http://www.mediafire.com/?48e3pzva5n70p87

၉။ ဖို မ ဆက်ဆံရေး - ဒေါက်တာအောင်ခင်ဆင့်
http://www.mediafire.com/?zo93ec8hlz1sq2y

၁၀။ သက်ရှည်ကျန်းမာ တရုတ်ဓာတ်စာ - ဒေါက်တာအောင်နိုင်
http://www.mediafire.com/?fy1z8vk35s4a5db

၁၁။ ဆံပင် အန္တရာယ်ကာကွယ်ပြုစုနည်း - ဦးလှထွန်း
http://www.mediafire.com/?o87j49och3qkucg

၁၂။ သန္ဓေတည်ခြင်း၊ သန္ဓေတားခြင်း၊ သန္ဓေရစေခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင် .........ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
http://www.mediafire.com/?b8xndjhddiz99y3

၁၃။ ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ သိမှတ်ဖွယ် - ဒေါက်တာမြတ်မြင့်မိုရ်
http://www.mediafire.com/?6xkh9u8k3572cjz

၁၄။ အ၀လွန်တာ ကျန်းမာသိပ္ပံနည်းကျအဆီချပါ - မင်းစံအိမ်
http://www.mediafire.com/?zom33g0acjxn36a

၁၅။ ငါးစောင်တွဲ ဆေးကျမ်း
http://www.mediafire.com/?26csk1ssamn0etz

၁၆။ နှလုံးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်ချိုလေးမာ နှင့်တွေ့ဆုံစကားပြောခြင်း - မောင်မောင်ထွန်းအောင် (ကျန်းမာရေး)
http://www.mediafire.com/?86i5avbjxqajteo

၁၇။ ထူးဆန်းထွေလာ စားစရာနှင့် အဟာရဗေဒ - ဒေါက်တာမောင်မောင်ညို
http://www.mediafire.com/?wf4m4wfqclm9dvf

၁၈။ ကလေးငယ်များနှင့် အတူကစားပါ - ဒေါက်တာမြင့်လွင်(စိတ်ပညာ)
http://www.mediafire.com/?7fiici237qc94i8

၁၉။ စိုးသွေး(၀ိဇ္ဇာ) - ဆရာဝန်မလို ဆေးမပါ မျက်စိအားကောင်း၍ မျက်မှန်လွတ်နည်း
http://www.mediafire.com/?lnr3l96hibhogoj

၂၀။ မြန်မာ့ဆေးမြီးတိုများ - နေ၀င်း(လန်ဒန်)
http://www.mediafire.com/?xean798eiijxqcy

၂၁။ ကလေးသူငယ်တို့တွင် အဖြစ်များသောရောဂါများ - ဒေါက်တာ မြတ်မြင့်မိုရ်
http://www.mediafire.com/?o9p8mq98ihoktm1

၂၂။ ဆီးချို သွေးချိုရောဂါ အကြောင်း - ဒေါက်တာဦးတင့်ဆွေလတ်
http://www.mediafire.com/?37pvhahyy2g1ks2

၂၃။ သန္ဓေကာတာ - ဒေါက်တာနိုက်တင်ဂေးလ်
http://www.mediafire.com/?rj28r59yoafs93b

၂၄။ ကျောက်ကပ်နှင့်ဆီးရောဂါမျိုးစုံ - ဒေါက်တာ မောင်မောင်ညို
http://www.mediafire.com/?7pt98ksmq4okbpr

Thursday, June 27, 2013

လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေရန်


လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ ဇီဝ ရုပ်ဖြစ်ပျက်မှု မြန်ဆန်စေတဲ့ နည်းလမ်း တွေ လုပ်ဆောင်ပြီး ကိုယ်အလေးချိန် လျှော့ချ နိုင်ပါတယ်။

နာနတ်သီး စားပါ
...
နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင် က အစာအိမ်နဲ့ အူလမ်းကြောင်း မအီမ သာဖြစ်မှုတွေကို ကောင်းမွန်စေ တယ်လို့ နယူးယောခ်မှ ဒေါက်တာ ဒန်ဟမ်နာက ပြောပါတယ်။ ဘရိုမီလင်က ပန်ခရိယ ဆဲလ်တွေကို ကူညီပေး တာကြောင့် အစာ ချေဖျက်မှုကို အားပေး ပါတယ်။ ဩဂဲနစ် သီးနှံများ ကိုသာ စားသုံးပါ အသီးအနှံတွေ ဝယ်ယူတဲ့ အခါ သ ဘာဝအတိုင်း စိုက်ပျိုး ထားတဲ့ ဩဂဲ နစ်သီးနှံတွေကို ရွေးချယ် ဝယ်ယူပါ။ လေ့ လာမှုတွေ အရ ပိုးသတ်ဆေးတွေ သုံးထား တဲ့ အသီးအနှံ တွေကို စားသုံး တာကြောင့် အဆီဆဲလ်တွေ ထဲမှာ ပိုးသတ်ဆေး အ ကြွင်းအကျန်တွေ ရှိနေပြီး အဲဒါတွေက ဇီဝဖြစ်ပျက်မှုကို နှေးစေ တယ်လို့ တွေ့ရှိ ထားပါတယ်။

တရားထိုင်ပါ

နေ့စဉ်ပုံမှန် တရားအား ထုတ်တာ က ဇီဝရုပ်ဖြစ် ပျက်မှုကို မြန်စေ ပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေပြီး ဗိုက်ပတ် လည်မှာ အဆီပို တွေကို စုစေပါတယ်။ တရား ထိုင်တာက စိတ်ဖိစီးမှု လျှော့ချပေးပြီး ဇီဝရုပ်ဖြစ်ပျက် မှုကို ကောင်းမွန်စေပါတယ်။

လက်ဖက်ရည်ကြမ်း သောက်ပါ

လက်ဖက်ရည်ကို တစ်ကျိုက်ချင်း သောက်တာက ဇီဝရုပ်ဖြစ် ပျက်မှုကို မြန် ဆန်စေပြီး ကိုယ်အလေးချိန် ကျဆင်းစေ ပါတယ်။ လက်ဖက်ရည်ကြမ်းထဲမှာ ကက် တီချင်ပါဝင် တာကြောင့် ဇီဝရုပ်ဖြစ်ပျက် မှုမြန် ဆန်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော တွေကိုလည်း လျော့နည်း စေပါတယ်။

ရေအေးအေးနှင့် ချိုးပါ

ခန္ဓာကိုယ် တုန်ယင်မှု ကလည်း ဇီဝ ရုပ်ဖြစ် ပျက်မှုကို ကောင်းစေ ပါတယ်။ ရေ အေးအေးနဲ့ ချိုးတာကြောင့် ချမ်းတုန်လာ တာက ဇီဝရုပ်ဖြစ် ပျက်မှုကို ကောင်းစေပြီး ကြွက်သားတွေ ကျုံ့ညှစ်မှုကို ဖြစ်စေပါ တယ်။ ရေအေးအေးကြောင့် အေးတဲ့ဒဏ် ကို ခံရပေမယ့် ခန္ဓာကိုယ်တွင်း အပူချိန် ပြောင်းလဲမှု မဖြစ်အောင်၊ ပုံမှန် အပူချိန်ကို ပြန်ရအောင် သဘာဝအတိုင်း ထိန်းညို တာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။

အရက်ကို ထိန်းချုပ်သောက်ပါ

စိတ်ထိခိုက် ခံစား နေရတာ ဒါမှမ ဟုတ် အပေါင်းအသင်း တွေနဲ့ဆုံတွေ့တာ မျိုးတွေမှာ အရက်ကို အလွန်အကျွံ သောက်မိတတ်ပါတယ်။ အရက်နဲ့ အချို ရည်ရောစပ်ပြီး ကော့တေးသောက်တာ၊ ဒါမှမဟုတ် ဝိုင်နှစ်ခွက်၊ ဒါမှမဟုတ် ဘီ ယာနှစ်ပုလင်းသောက်တာကြောင့် ခန္ဓာ ကိုယ်ရဲ့အဆီချေဖျက်နိုင်စွမ်း ၇၃ ရာခိုင် နှုန်းလျော့နည်းစေတယ်လို့ သုတေသန တွေမှာ တွေ့ရှိပါတယ်။ အသည်းက အဲလ်ကိုဟောကို အစီတိတ် အဖြစ် ပြောင်းလဲပြီး လောင်စာ အဖြစ် အသုံးပြု တာကြောင့် ခန္ဓာကိုယ်တွင်း သိုလှောင် ထားတဲ့ အဆီတွေ ဖြိုခွဲမှုလျော့ နည်းသွား ရတာပါ။

အချဉ်ဓာတ်ရှိသော သစ်သီးအနံ့ရှူပါ

အချဉ်အရသာ ရှိတဲ့ သစ်သီး တွေရဲ့ ရနံ့ ဒါမှမဟုတ် ပက်ပါမန့် ရနံ့ကို ရှူရှိုက် လိုက်တဲ့ အခါ အာရုံကြော စနစ်ကို လှုံ့ ဆော်တာကြောင့် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ လေ့ကျင့်ခန်း လုပ်နေ စဉ်မှာ သံပရာရနံ့၊ စတော်ဘယ်ရီ ရနံ့မျိုး ရတဲ့အခါ ခန္ဓာကိုယ်က ကယ်လိုရီအပို တွေ ပိုမိုလောင်ကျွမ်း နိုင်ပါတယ်။

ရေအေးအေးသောက်ပါ

ရေက ခန္ဓာကိုယ်တွင်း လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်ဖို့နဲ့ ဆဲလ်အ တွင်း အစာအာဟာရတွေ ရရှိဖို့အတွက် မရှိမဖြစ်ပါ။ လေ့လာမှု တွေအရ တစ်နေ့ ကို ရေ ၈-၁၂ ဖန်ခွက် သောက်သုံးသူ တွေဟာ တစ်နေ့ကို ရေလေးဖန်ခွက် သောက်သုံး သူတွေထက် ဇီဝရုပ်ဖြစ်ပျက် မှု ပိုမိုမြန်ဆန် တာကို တွေ့ရပါတယ်။ ရေဓာတ်လိုအပ်တဲ့အခါ ခန္ဓာကိုယ်က ဆာလောင်မှုနဲ့ မှားယွင်းပြီး အစာတွေ ပိုစားမိနိုင်ပါတယ်။ ရေကို ပြည့်ပြည့်ဝ၀ သောက်တာက အစာပိုမစားမိအောင် ထိန်းချုပ်ထားပြီးသား ဖြစ်စေပါတယ်။

အပူအစပ် စားပါ

အစပ်စားတဲ့အခါ စပ်လွန်းလို့ မျက် ရည်ထွက်တာ မျိုးတောင် ဖြစ်တတ်ပါ တယ်။ အစပ်စားတဲ့အခါ နှလုံးခုန် နှုန်းမြန် လာတာ၊ အဲဒီအစာကို ချေဖျက်ဖို့ စွမ်း အင်အသုံးပြု ရတာတွေကြောင့် ကယ်လို ရီတွေလောင်ကျွမ်း သွားစေ ပါတယ်။

မတ်တတ်ရပ်ပါ

အထိုင်များ တာက ကယ်လိုရီ လောင်ကျွမ်းမှု နည်းတာကြောင့် ကိုယ် အလေးချိန် တက်လာ စေပါတယ်။ မတ် တတ်ရပ်အလုပ် လုပ်ရသူတွေ အနေနဲ့ သိပ်မသိ သာပေမယ့် အထိုင်များ သူတွေ အနေ ဝမ်းဗိုက်ပိုင်းမှာ အဆီပိုတွေ သိသိ သာသာ စုလာတတ် ပါတယ်။ အထိုင်များ သူတွေ အနေနဲ့ ၃၀ မိနစ်လောက် အလုပ် လုပ်ပြီးတိုင်း ၅ မိနစ်လောက် လမ်းထ လျှောက်ပေးပါ။

ကော်ဖီသောက်ပါ

ကဖင်းက နှလုံးခုန်မြန်တာ၊ အသက် ရှူမြန်တာနဲ့ ဇီဝရုပ် ဖြစ်ပျက်မှု မြန်တာ တွေ ဖြစ်စေ ပါတယ်။ ကဖင်း ပါတဲ့ဖျော် ရည်သောက် သူတွေဟာ ကဖင်းမပါတဲ့ ဖျော်ရည်သောက် သူတွေထက် ဇီဝရုပ် ဖြစ်ပျက်မှု ၁၆ ဆ ပိုမို ကောင်းမွန် တာကို တွေ့ရပါတယ်။ ကဖင်းဓာတ် အများအ ပြားသောက်သုံး တာမျိုးကတော့ သင့် ကျန်းမာရေးကို ထိခိုက် နိုင်ပါတယ်။

အသက်ရှူလေ့ကျင့်ပါ

အသက်ရှူ လေ့ကျင့်ခန်းက အောက် ဆီဂျင်ကို အလုံအလောက် ရရှိစေပြီး ဇီဝ ရုပ်ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ ယောဂကျင့်တာ၊ တရားထိုင် တာတွေ ပြု လုပ်ပေးပါ။


ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH

Tuesday, June 25, 2013

ဝမ်းချုပ်ခြင်းကို ဘယ်လို ဖြေရှင်းမလဲ

ဝမ်းချုပ်ခြင်းကို ဘယ်လို ဖြေရှင်းမလဲ
Tuesday, June 25, 2013

လူတိုင်း ဝမ်းချုပ်တာကို ခံစားဖူး ကြပါတယ်။
ဝမ်းချုပ်တာက သင်စားတဲ့ အစားအစာနဲ့ သောက် တဲ့ ဆေးတွေကြောင့် ဖြစ်နိုင် သ လို ရောဂါ တစ်ခုခုရဲ့ ရှေ့ပြေးနိမိတ် လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင် ပါတယ...်။
...
လူတစ်ဦးနဲ့ တစ်ဦး ဝမ်းသွားတဲ့ အလေ့အကျင့်တွေ မတူညီ တတ်ပါဘူး။ တချို့လူတွေက နေ့စဉ်ပုံမှန် ဝမ်းသွားတတ်ပေမယ့် တချို့လူတွေ ကတော့ တစ်ရက်ခြား၊ နှစ်ရက်ခြားမှ တစ်ကြိမ်သာ ဝမ်းသွားတဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။ သင့်မှာ ဘယ်လိုပဲ အမူအကျင့် ရှိနေပါစေ တစ်ပတ်ကို သုံးကြိမ်ထက် နည်းပြီး ဝမ်းသွားမှသာ ဝမ်းချုပ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ပါ တယ်။ ဝမ်းချုပ်လာမှ ဝမ်းနုတ်ဆေး စားတာက ဝမ်းချုပ်တာကို ယာယီသာ ဖြေရှင်းပေးနိုင်ပြီး သင့်တော်မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဝမ်းချုပ် တာကို ကာကွယ်နိုင်စေဖို့ မီးဖိုချောင်သုံး သီးနှံတွေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။

၁။ စပျစ်သီး
ကျက်အောင် ကျိုထားတဲ့ နွားနို့ ပူပူထဲကို အစေ့ထုတ်ထားတဲ့ စပျစ်သီး ၁၀-၁၂ လုံးလောက် ထည့်ကာ ညအိပ်ခါနီးတိုင်း သောက်ပြီး နွားနို့ထဲက စပျစ်သီးကို ဝါးစားပါ။ ဝမ်းချုပ်တာကို ကာကွယ် ပေးနိုင်ပါတယ်။

၂။ သေဘာၤသီး
သေဘာၤသီးက ဝမ်းပျော့ပျော့ သွားစေဖို့ အကောင်းဆုံး အိမ်တွင်းဆေးနည်း တစ်မျိုးလို့ ပြောရင် မှားမယ် မထင်ပါဘူး။

၃။ ချင်း (ဂျင်း)
ချင်းကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ပွေးကိုင်းရွက်ကိုလည်း အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ချင်းခြောက်မှုန့်နဲ့ ပွေးကိုင်းရွက်မှုန့် တို့ကို ဆတူ ရောထားပါ။ အိပ်ရာမဝင်ခင် ရေနွေးနွေးထဲကို ရောထားတဲ့ အမှုန့် ခတ်သောက်ပါ။ မနက် အိပ်ရာထတဲ့အခါ ဝမ်းပျော့ပျော့ သွားပါလိမ့်မယ်။

၎။ မာလကာသီး
မာလကာသီး ၁-၂ လုံးကို အစေ့တွေပါ စားပေးပါ။ ဝမ်းမချုပ်စေဖို့ အလွယ်ကူဆုံး နည်းလမ်းပါ။ မာလကာစေ့ တွေပါ စားမယ်ဆိုရင် ညက်အောင် သေချာ ဝါးစားဖို့တော့ လိုပါတယ်။

၅။ ဂေါ်ဖီထုပ်
အမျှင်ဓာတ် များစွာပါတဲ့ ဂေါ်ဖီထုပ်က သင့်ကို ဝမ်းမှန်စေပါတယ်။ ဂေါ်ဖီထုပ်ကို အရွက်အတိုင်း မစားချင်ပါက ပန်းကန်လုံး တစ်လုံးစာလောက် အရည်ညှစ်ပြီး တစ်နေ့ ၁-၂ ကြိမ် သောက်ပေးပါ။ ဝမ်းချုပ်တာအတွက် အကောင်းဆုံး အိမ်သုံးဆေးပါ။

၆။ ဗာဒံစေ့ဆီ
ဗာဒံစေ့ဆီ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို နွားနို့နဲ့ ညအိပ်ရာမဝင်ခင် သောက်ပေးပါ။ ဝမ်းမချုပ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

၇။ သံပရာသီး
သံပရာသီးကို အစိတ်လေးများ ဖြစ်အောင် လှီးဖြတ်ကာ တစ်ညအိပ် ထားပြီးနောက် သံပရာစိတ်လေးတွေကို အရည်ညှစ်ပါ။ တစ်နေ့ ၁-၂ ကြိမ် သောက်ပါ။ ဝမ်းချုပ်တာ မဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။

၈။ စွန်ပလွံသီး
စွန်ပလွံသီး အနည်းငယ်ကို ရေနွေးပူပူထဲ ထည့်ပြီး အေးသွားတဲ့အထိ ထားပါ။ အေးသွားပါက အဲဒီရေကို သောက်ပေးပါ။ ရေနွေး ပူပူအစား နွားနို့ပူပူကို အသုံးပြုလို့လည်း ရပါတယ်။

၉။ ပန်းသီး
ပန်းသီးက ဝမ်းချုပ်တာကို ကုသဖို့ အကောင်းဆုံး အသီးပါ။ မနက်စာ စားတဲ့အခါ ပန်းသီးပါအောင် ထည့်စားပေးပါ။ ဝမ်းကို ရှောရှောရှူရှူ သွားစေပါတယ်။

၁ဝ။ ဥသျှစ်သီး
ဥသျှစ်သီး စားပေးတာက ဝမ်းပျော့ပျော့ သွားစေတာကြောင့် ဝမ်းချုပ်တတ် သူတွေ စားပေး သင့်ပါတယ်။

မြ၀တီ

ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ လိုက်နာရန်

ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ လိုက်နာရန်

ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ အနေနဲ့ ဘယ်လိုမှန်ကန်တဲ့ နည်းလမ်းနဲ့ ထိုင်ရမယ်၊ ကြည့်ရမယ်၊ အသုံးပြုရမယ်ဆိုတာ ပုံမှာ ပြသထား ပါတယ်။

-မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးရှိသော အခြားတစ်နေတရာသို့ စ...က္ကန့် ၂၀ ကြည့်ရှုပါ။
...
- ထိုင်ခုံ၊ မော်နီတာ၊ မီးအလင်းအမှောင်အားလုံးကို မိမိနဲ့ အဆင်ပြေဆုံးဖြစ် မယ့် အနေအထားတစ်ခုကို ချိန်ထားရပါမယ်။

- ကွန်ပြူတာ မျက်နှာမှ စာများ ဖတ်လို့ လွယ်ကူဖို့အတွက် မျက်နှာပြင်ကို enlarge ပြုလုပ် (ချဲ့ ) ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

- မိမိ ကွန်ပြူတာစင်နဲ့ ပတ်ပတ်လည်မှာ ဖုန်များ ရှိမနေသင့်ပါဘူး။ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရမယ့် နေရာမှာ ဖုန်နဲ့ အခြားအမှိုက် သရိုက် တွေပါ ရောယှက် ညစ်ပတ်နေရင် တစ်ကိုယ်ရည် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

- မျက်တောင်ခန့်ဖို့ မမေ့ပါနှင့်။ မျက်တောင် မခက်ပဲ ကွန်ပြူတာကို တစ်နေကုန် စိုက်ကြည့်ခြင်က မျက်တွင်းခမ်းခြောက်စေပြီး မျက်စိ အကြောအားနည်းခြင်းနဲ့ အခြား အာရုံကြော ဆက်စပ်ရောဂါများ ဖြစ် လာနိုင်ပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

Thursday, January 31, 2013

~နံနက်ခင်းအိပ်ယာနိုးနိုးခြင်း ရေသောက်လျှင် ရရှိသောအကိုးကျေးဇူးများ~


~နံနက်ခင်းအိပ်ယာနိုးနိုးခြင်း ရေသောက်လျှင် ရရှိသောအကိုးကျေးဇူးများ~

မနက်ခင်းရဲ့ အိပ်ယာထ ထခြင်း ရေသောက်ခြင်းရဲ့ (သွားမတိုက်ခင်နော်) အကိုးကျေးဇူးများစွာသင် ဘယ်လောက်ရရှိသလဲဆိုရင်...................

ဂျပန်မှာ လက်တွေ့ စမ်းသပ်ပြီးနေပါပြီ 100% အပြည့်အ၀ အိုမင်းရင့်ရော် ခြင်းမှ ကင်းဝေးပြီး အခြားပျောက်ကင်းနိုင်သောရောဂါကတော့ နှလုံးခုန်မြန်

ခြင်း၊ခေါင်းကိုက်ခြင်း၊တစ်ကိုယ်လုံးကိုက်ခဲခြင်း၊အဆစ်မြစ်ရောင်ရမ်းခြင်း၊
ဝက်ရူးပြန်ရောဂါထခြင်း၊ပန်းနာရင်ကျပ်ရောဂါဖြစ်ခြင်း၊အသက်ရှုလမ်း

ကြောင်းမှ ပိုးဝင်ခြင်းတို့ကို ကောင်းမွန်စွာ မနက်ခင်း အိပ်ရာနိုးနိုးခြင်းရေ
သောက်ပေးခြင်းမှ ဒီရောဂါတွေ ကောင်းမွန်းစွာ တားဆီးပေးနိုင်တာကိုတွေ့

ရပါတယ်...ကယ် ရေများများ သောက်ခြင်းရဲ့အကိုးကျေးဇူးက ကိုယ့်ခန္ဓာ
ကို ဘယ်လောက်အကိုးပြုသလဲဆိုတာ စာဖတ်ပရိတ်သတ်လည်း ဒီပိုစ်လေး
ဖတ်ပြီးဗဟုသုတလေးတွေ ရရှိသွားမယ်လို့မျှော်လင့်ပါတယ်...........။ :)
#########################

Post by Admin Kyalsin 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်