2mz smart phone services & Computer Services /Networking / website ရေးသားပေးခြင်း တနှစ်စာ hosting / domain နှင့်တကွ / ဗီဒီယိုတည်းဖြတ် လုပ်ပေးခြင်း / IT နှင့်ပက်သက်သောပစ္စည်းများ ကို ၊ ဖုန်း ၊ ကင်မရာ ၊ အခြားပစ္စည်းများကို အွန်လိုင်းမှ ယိုးဒယား ၊ စင်္ကာပူမှ ၀ယ်ယူပေးနေပါပြီ ။ Software & Firmware ခွေများလည်းရရှိနိုင်ပါပြီ။ အမှတ် 73 ၊ ခတ္တာလမ်း ၊ဈေးပိုင်းရပ် ၊ ညောင်ရွှေကားဂိတ်အနီး၊ မီးသတ်လမ်းဟောင်း ။တောင်ကြီးမြို့ PH : 09250255175 / 0932732788 2mzminzarni@gmail.com ဆက်သွယ်နိုင်ပါသည်။သင်တန်းသားများလက်ခံသင်ကြားပေးနေပါပြီ။
Showing posts with label ဗေဒင်. Show all posts
Showing posts with label ဗေဒင်. Show all posts

Saturday, January 17, 2015

မိမိ ရဲ့ သွေး အမျိုးအစား နဲ့ စိတ်နေသဘောထား ပတ်သက်မှု


အေသွေးပိုင်ရှင်များအကြောင်း
သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့
သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို
ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့
အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကို
စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့… သူတပါးကို
နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့… ဒါပေမယ့် ကြီးပြင်းလာတာနဲ့
အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင်
အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့…
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့်
အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့… တခါတလေ ပတ်ဝန်းကျင်
အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့… အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို
နှစ်သက်သူများ ဖြစ်ကြပါတယ်… အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း
အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက်
အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ… သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့
အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ… နေ့စဉ်နေ့တိုင်း
လုပ်နေကြ အလုပ်တွေကိုပဲ
လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း
ခံရတတ်ပါတယ်… ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့်
မာဆတ်ဆတ်နိုင်တယ်… ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်…
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်
မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့
လူမျိုးတွေပါတဲ့… ကိုယ်နဲ့ ဆက်ဆံနေတဲ့
လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို
ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်…
တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ
မပြောဘဲလည်း နေတတ်ပါသတဲ့… ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့… ဒီသဘာဝလေးကတော့
သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့… ဘ၀ရဲ့ အနှစ်သာရကို
တစ်နေရာမှာဘဲ မရှာဘဲ
အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့… အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း
နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့…
တစ်ယောက်တည်း သီးသန့်
ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်… အထက်လူကြီးရဲ့
အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင်
မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်…
ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု
ပိုများတာ ဖြစ်ပါတယ်…
စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း
ရှိတတ်ပါတယ်တဲ့… ဒါကြောင့်မို့
စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ .
.အရင့်အရင် အပတ်တွေက သွေးအုပ်စုများ အကြောင်း ဖော်ပြပြီးခဲ့လို့ ဒီကနေ့တော့
ဘယ်သွေးအမျိုးအစားဟာ ဘယ်သွေးအမျိုးအစားနဲ့ လိုက်ဖက်ညီသလဲဆိုတာကို ဆက်လက်
ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့တော့ အေသွေးအတွက် ပေါ့နော်။
အေ-အေ (၇၀%)
အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့
ရာခိုင်နှုန်းကတော့ ၇၀%
ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ
ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု
ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို
မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း
အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက
သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး
နှစ်ယောက်ထဲ
လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့
တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့
နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။
တစ်ခုပဲ သတိထားစရာ
လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ
ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ
ချစ်ပြီဆိုရင် ဘယ်တော့မှ
မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင်
အချင်းချင်း ချစ်မိပြီဆိုရင်တော့
သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။
အေ-ဘီ (၂၅%)
အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး
ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း
စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက
ဘီသွေးဆိုရင်တော့ ဇနီးသည်ကို
ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို
နားလည်ပေးနိုင်ပါတယ်။ အေသွေး
ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု
အတွေးနက်နဲတဲ့ ပုံစံတွေက
အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို
ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့်
လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။
အေ-အို (၉၀%)
အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့
အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့
အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး
ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်
တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို
ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး
သဘောထားကြီးဘို့တော့ လိုပါတယ်။
တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း
သွက်လက်လွန်းတယ်လို့
ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး
သင့်တော်ပါတယ်တဲ့။
အေ-အေဘီ (၅၀%)
အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့
အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက
အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့
ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး
ယောင်္ကျားလေးများဟာ
ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့
ထူးခြား ဆန်းကြယ်မှုကို
အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု
ပိုများတတ်ပါတယ်။
တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်
မိန်းကလေးများက
အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ်
ထက်ထက်မျက်မျက်
ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း
ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့
အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။
ဒါပေမယ့်လည်း လိုက်ဖက်မှု
ရာခိုင်နှုန်းကတော့ ၅၀%ပါ။
ဘီသွေးပိုင်ရှင်များအကြောင်း
ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့
လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့
လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ်ပြန်ပါသတဲ့… ဒါပေမယ့်
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီး
ကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့
ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး
ကြိုးစားပါ… ကိုယ်သဘောကျတဲ့
အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ်
ဖြစ်ပါတယ်… ဒါပေမယ့်
ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့…
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့
ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့
ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး… ကိုယ်နဲ့ သိပ်
မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့
အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်…
မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း
မနှစ်သက်တတ်ကြပါဘူး… ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ
ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး
လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့… ဒါပေမယ့် သတိပြုစရာ
တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို
ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ…
ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ
တွေးခေါ်တတ်တဲ့အပြင်
သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး…
ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို
ဆောင်ရွက်ချင်ကြပါတယ်… အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင်
တခြားအလုပ်တစ်ခုကို တပြိုင်တည်း
ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်… စည်းမျဉ်းစည်းကမ်းတွေကို သိပ်
ဂရုမစိုက်တတ်လို့ ကိုယ့်ထက်
အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို
ခံရတတ်ပါတယ်… တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း
မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့…
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့
စတိုင်လ်မျိုးပါတဲ့…
အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက်
တောင်းပန်ဘို့ ၀န်မလေးသူများလည်း
ဖြစ်ပါတယ်… တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့
အထင်အလွဲခံရတာတို့ ရန်ညှိးတို့
မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။
ဘီသွေးပိုင်ရှင်နဲ့ လိုက်ဖက်မယ့်သူ

Tuesday, July 16, 2013

နက္ခတ်တို့၏ အိမ်ထောင်ရေး ဟောစာတမ်း



နက္ခတ်နဲ့ပတ်သက်ပြီး စိတ်နေစိတ်ထားကို တင်ပြီးသည့်နောက် ယခုအခါ အိမ်ထောင်ရေးဟောစာတမ်းကို ထပ်မံတင်လိုက်ပါသည်။

မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

(၁)-ကြွင်းရင်- နတ်နက္ခတ်။
(၂)-ကြွင်းရင်-လူနက္ခတ်။
(၀)-ကြွင်းရင်- ဘီလူးနက္ခတ်။

အကြင်သတို့သား နှင့် သတို့သမီးတို့ ၏ စင်နက္ခတ်သည် လူနက္ခတ် အချင်းချင်း ပေါင်းသင်းပါက

တစ်ဦးအပေါ် တစ်ဦး ကြင်ကြင်နာနာချစ်ခင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ ယဉ်ကျေးသိမ်မွေ့သော သားသမီးရတနာများ ထွန်းကားခြင်း၊ လူချစ်လူခင်ပေါများခြင်း၊ လူကြီးမိဘများ၏ အကျိုးကျေးဇူးတို့ကို ခံစားခွင့်များခြင်း၊ အိမ်ထောင်ရေးမေတ္တာမျှလျှက် စိတ်ချမ်းသာမှုတို့ကို ခံစားရခြင်း၊ ဖောက်လွဲဖောက်ပြန်မှု ကင်းစင်ခြင်း၊ သစ္စာရှိခြင်း ဟူသော အကျိုးတို့ကို ဖြစ်ပေါ်စေပါသည်။

အကြင်သတို့သားနှင့် သတို့သမီးတို့သည် လူနက္ခတ်နှင့် နတ်နက္ခတ် ပေါင်းသင်းပါက

Thursday, January 17, 2013

ဆရာ ဇင်ယော်နှီရဲ. ၂၀၁၃ ခုနှစ်အတွက် (၇)ရက်သားသမီး ဟောစာတမ်းစာအုပ်

ဒါကတော. ဆရာ ဇင်ယော်နှီရဲ.
၂၀၁၃ ခုနှစ်အတွက် (၇)ရက်သားသမီး ဟောစာတမ်းစာအုပ်များဖြစ်ပါတယ်

ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - တနင်္ဂနွေသားသမီးများအတွက်
ဒေါင်းရန် - download

ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - တနင်္လာသားသမီးများအတွက်
ဒေါင်းရန် download

ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - အင်္ဂါသားသမီးများအတွက်
ဒေါင်းရန် download
ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - ဗုဒ္ဓဟူးသားသမီးများအတွက်
ဒေါင်းရန် download

ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - ကြာသပတေးသားသမီးများအတွက်
ဒေါင်းရန် download

ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - သောကြာသားသမီးများအတွက်
ဒေါင်းရန် download
ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - စနေသားသမီးများအတွက်
ဒေါင်းရန် download

ဒီစာအုပ်လေးကို တင်ပေးတဲ.သူကတော.

ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့) ဖြစ်ပါတယ် ကျွန်တော်က လင်.ပဲ share ပေးတာ ဖြစ်ပါတယ် ။

Saturday, January 12, 2013

ဆရာ စံ-ဇာဏီဘို ၏ ၂၀၁၃ တစ်နှစ်စာ ၁၂ ရာသီဟောကိန်း များ


  • ဆရာ စံ-ဇာဏီဘို ၏ ၂၀၁၃ တစ်နှစ်စာ ၁၂ ရာသီဟောကိန်း များ

    ဇန်န၀ါရီလ ၂၀ မှ ဖေဖေါ်ဝါရီ ၁၈ အတွင်းမွေးဖွားသူ ကုမ်ရာသီဖွားများ အတွက်

    ဖတ်ရန်လင့်

    download link

    ဖေဖေါ်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်းမွေးဖွားသော မိန်ရာသီဖွားများ အတွက်

    ဖတ်ရန်လင့်

    download link

    မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသော မိသာရာသီဖွားများ အတွက်

      ဖတ်ရန်လင့်

    download link

    ဧပြီ ၂၀ မှ မေ ၂၀ အတွင်းမွေးဖွားသော ပြိသာရာသီဖွားများ အတွက်

      ဖတ်ရန်လင့်

      download link

    မေလ ၂၁ မှ ဇွန်လ ၂၀ အတွင်း မွေးဖွားသော မေထုန်ရာသီဖွားများ အတွက်

     ဖတ်ရန်လင့်

      download link
    ဇွန်လ ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသော ကရကဠ် ရာသီဖွားများ အတွက်

      ဖတ်ရန်လင့်

      download link

    ဇူလိုင် ၂၃ မှ သြဂုဏ် ၂၂ အတွင်းမွေးဖွားသော သိတ်ရာသီဖွား များအတွက်

     ဖတ်ရန်လင့်

     download link

    သြဂုဏ် ၂၃ မှ စက်တင်ဘာ ၂၂ တွင် မွေးဖွားသော ကန်ရာသီဖွား များအတွက်

     ဖတ်ရန်လင့်

      download link

    အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသော ဗြစ္ဆာရာသီ အတွက်

     ဖတ်ရန်လင့်

     download link

    နိုဝင်ဘာ ၂၂ မှ ဒီဇင်သာ ၂၁ အတွင်းမွေးဖွားသော ဓနုရာသီဖွားများ အတွက်
      ဖတ်ရန်လင့်

      download link

    ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၁၉ အတွင်းမွေးဖွားသော မကာရ ရာသီဖွားများ

      ဖတ်ရန်လင့်

      download link
    တူရာသီအတွက်ပြန်တင်ပေးလိုက်ပါတယ်

    download link