Showing posts with label ရှမ်းပြည်နယ်ရှိသမိုင်းအကြောင်းများ. Show all posts

Thursday, August 1, 2013
Sunday, June 30, 2013
အင်းလေးကန်
အင်းလေးကန်
အင်းလေးကန်သည် ရှမ်းကုန်းပြင်မြင့်၊တောင်ကြီးခရိုင်၊ ညောင်ရွှေနှင့် နမ့်ပန်မြို့နယ်၊ မြောက်လတ္တီကျု ၂၀ံ၃၅’ နှင့် အရှေ့လောင်ဂျီကျု ၉၆ံ ၅၇’ တွင်တည်ရှိ၏။ ပင်လယ်ပြင်မှ ၂၉၁၅ ပေခန့်မြင့်၏။
ယင်းသည် မြောက်မှတောင်သို့ တူရူတန်းနေသော တောင်တန်းနှစ်ခုကြားတွင် တည်ရှိ၏။ အနောက်ဖက် ရှိတောင်တန်းများ၏ တောင်ခြေများသည် အင်းလေးကန်ခြေတွင် မြေနုကျွန်းပေါ်ရွှံ့နွံများအဖြစ် ထိုးထွက်နေကြ၏။ မြောက်ဖက်လွင်ပြင်ရှိ ချောင်းငယ်ကလေးများစွာသည် အင်းလေးကန်ရေပြင်နှင့် မြေမျက်နှာပြင်အကြားရှိ မြေနုကျွန်းပေါ် ရွှံ့နွံများတွင် ပေါင်းစပ်မိကြ၏။ ထိုချောင်းကလေးများသည် ပြောပလောက်အောင် မကျယ်ဝန်းလှပေ။ ယင်းတို့သည် မြောက်ဖက်မှသာမက အနောက်ဖက်မှလည်း စီးဝင်လာကြ၏။ ထိုချောင်းကလေးများထဲတွင် မှတ်သားလောက်ဖွယ် ကောင်းသော ချောင်းတခုမှာ အနောက်မြောက်ဖက် ဟဲဟိုးလွင်ပြင်ရှိ ကန်ဟောင်းတခုဖြစ်သော ပုန်းအင်းမှ စီးဆင်းလာသည့်ချောင်း ဖြစ်၏။
ချောင်းများ၏သဘာဝ
ပုန်းအင်းသည် အင်းလေးကန်ထက် ပေ ၈၀၀ မြင့်ရာ ထိုပုန်းအင်းမှ စီးဆင်းလာသောချောင်းသည် ကျဉ်းမြောင်းသော တောင်ကြားကိုဖြတ်၍ ကန်ထဲသို့ ရေအဟုန်ပြင်းစွာစီးဝင်၏။ အင်းလေးကန်၏ အနောက်ဖက် တလွှားမှလည်း ချောင်းပေါင်းများစွာသည် ကန်တွင်းသို့ စီးဝင်ကြ၏။ အနောက်မြောက်ဖက်မှလည်း ချောင်းများသည်
ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့၏ ရေဝေကြော[1] ကို ပိုင်းခြားထားသော ကုန်းမြင့်များမှ စီးဆင်းလာကြ၏။ သို့သော်လည်း ယင်းချောင်းများသည် အင်းလေးကန်သို့ မရောက်မီ မြေအောက်သို့ မိုင်အနည်းငယ်ဝေးလံစွာ ငုပ်လျှိုးသွား၏။ သို့သော်လည်း ယင်းချောင်းများသည် အင်းလေးကန်ုသို့မရောက်မီ တောင်တန်းများတွင် မြေအောက်သို့ မိုင်အနည်းငယ် ဝေလံစွာ ငုပ်လျှိုးသွား၏။ ထိုသို့မြစ်ချောင်းများငုပ်လျှိုးသွားခြင်းသည် ရှမ်းကုန်းပြင်မြင့်တွင် ဖြစ်နေကျ သဘာဝပင် ဖြစ်၏။ ထိုမြစ်ချောင်းများ၏ သဘာဝကပင်လျှင် ရှမ်းပြည်တွင် ရေနေသတ္တဝါများ ပျံ့နှံ့[2]ရာ၌ အတော်အတန်လွှမ်းမိုးနေပုံရ၏။
အရှေ့ဖက်မှစီးဝင်လာသော ချောင်းများလည်း ရှိသေး၏။ ယင်းတို့သည် ဆောင်းရာသီတွင် ခြောက်သွေ့သွားတတ်၏။ အင်းလေးကန်၏ တောင်ဖက်စွန်းမှလည်း ချောင်းကြီးတခု တောင်ဖက်သို့ စီးဆင်းသွားသည်ကို တွေ့ရ၏။ ထိုချောင်းသည်လည်း အနောက်ဖက်မှ ချောင်းငယ်ကလေးများကဲ့သို့ပင် မြေအောက်သို့ ငုပ်လျှိုးသွား၏။ ယင်းသည် ဘီးလူးချောင်းအဖြစ်ဖြင့် ဆက်လက်စီးဆင်းရာနောက်ဆုံးတွင် သံလွင်မြစ်နှင့် တနည်းနည်းဖြင့် ဆက်စပ်နေသည်ဟု ယူဆရ၏။
အားလုံးချုံ၍ကြည့်သော် အင်းလေးကန်သည် ရေများအဆုံးသတ် ဆုံစီးရာနေရာကဲ့သို့ ဖြစ်နေ၏။ ယင်းသည် မြန်မာပြည်မရှိ မည်သည့်မြစ်ရေအစုတို့နှင့်မျှ တိုက်ရိုက်ဆက်သွယ်မှုမရှိကြောင်းတွေ့ရ၏။ သို့သော် ပထဝီသဘော၊ ဘူမိဗေဒသဘောအရ ဆက်စပ်စဉ်းစားရလျှင်ကား ယင်းချောင်းငယ်တို့သည် သံလွင်မြစ်နှင့် တနည်းနည်းဖြင့် ဆက်စပ်နေသည်ဟု ယူဆရ၏။
အင်းလေးကန်၏အကျယ်အဝန်း
အင်းလေးကန်၏ အကျယ်အဝန်းကို တိကျစွာမဖော်ပြနိုင်ပေ။ ယင်းသို့ မဖော်ပြနိုင်သည်မှာ အကြောင်းနှစ်ရပ်ကြောင့် ဖြစ်၏။
ပထမအကြောင်းမှာ မိုးတွင်းရေများချိန်တွင် ကန်၏အကျယ်အဝန်း ပို၍ကျယ်လာခြင်းကြောင့်ဖြစ်၏။ ဒုတိယအကြောင်းမှာ ကန်ဘေးပတ်လည်တွင် ကျွန်းမျောများ ပြည့်နှက်နေပြီးလျှင် ယင်းသို့သည် အချိန်မရွေး ရွှေ့ရှားသွားလာနေသောကြောင့် ဖြစ်၏။ သို့သော်လည်း ယေဘုယျအားဖြင့်မူ အင်းလေးကန်သည် အလျား၁၄မိုင်၊ အနံ၇မိုင်ခန့်ရှိသည်ဟု မှတ်သားကြ၏။ ရေအနက်မှာ ရေအတိမ်ဆုံးအချိန်တွင် ၁၂ပေရှိပြီးလျှင် ရေအနက်ဆုံးအချိန်တွင် ပေ၂၀ခန့်ထိ ရှိ၏။ ပြန်းမျှခြင်းအားဖြင့် ၇ပေခန့် နက်၏။
====================
Inle info

အင်းလေး စကားပုံများ
၁။ လူစားလျှင် နတ်ထည့်လိမ့်မည်။ (လူငတ်လျှင်၊ နတ်ဖြည့်လိမ့်မည်)
၂။ အင်းလယ်ရောက်မှ ဆန်ချေးတောင်းသည်။
၃။ မလိုတမာခါး၊ လိုသကာပျား။
၎။ အများစားတော့ဝမ်း၊ အများလုပ်တော့တော့တွင်။
၅။ မရှိလျှင်ဖားတစ်ကောင်၊ ရှိလျှင် ကျားတကောင်
၆။ ကျားစားစား၊ ကျားငတ်ငတ် ။
၇။ ဖားလိုမခုန်ဘဲ၊ ငါးကဲ့သို့ကျင့်ရသည်။
၈။ ပန်းလည်းလှစေ၊ ဖျားလည်းဝစေ။
၉။ ပဲပုပ်ထောင်းပြီး၊ ခေါင်းပြားအောင်အိပ်။
၁၀။ ကံယုံပြီးရေပေါ်လမ်းမလျှောက်နှင့်။
၁၁။ ကြံနက်လျှင် အေး၊ လူနက်လျှင် မွေး။
၁၂။ ကွဲ (ကျွဲ) ပါးစောင်းတီး၊ ကလီး (ကျီး) နားစာဖတ်။
၁၃။ ခေါင်းလောင်းနဲ့ ခလောက်မလဲနှင့်။
၁၄။ ခြေမသန်ပဲနဲ့ ခြေပယ် မကောက်နဲ့။
၁၅။ ခွေးမြီးကောက်ကျည်ထောက်စွပ်။ စွပ်တုံးခဏပင်။
၁၆။ ငါးရံကူး (ကြီး) စာကောင်းတပေါင်းလ။
၁၇။ ငါးအုံမက် တကောင်ကြောင့် တလှေလုံး န (နံ)
၁၈။ စပါးဖျင်းပြင် လူဖျင်းရွာပြင်။
၁၉။ တဖောင်းသီးပင် ကလီး(ကျီး)နားသလို။
၂၀။ မီးလောင်မှ ရေပွေ့ရိုးရှည် ရှာသလို။
၂၁။ မြောက်ပိုင်းသူကိုကွမ်းအစ်မပြနဲ့ တောင်ပိုင်းသူကိုစကားမစနဲ့။
၂၂။ လူပုခလာကျယ် လူရှည်နေရာရှား။
၂၃။ သူခိုးပွန်(ပြေး) မှလှံကွန်(ပစ်)။
၂၄။ သံယောင်နှင့် မင်းမပေါင်းနှင့်။
၂၅။ အထုပ်ကြီးလည်းမထမ်းနဲ့ စပ်သီ(ငရုတ်သီး)လည်းမစားနဲ့။
၂၆။ အိုးသခင် ဆန်စိမ်းဝါး မြင်းသခင် ခြေလျင်သွား။
၂၇။ တနေ့မင်းတနေ့ယင်း။
၂၈။ လှေဆင်းတက် မေ့
၂၉။ တက်ကောက်နဲ့ချိတ်၊ တကျိတ်လောက်ပါ။
၃၀။ လူပုလျှင်ပြဲလှေပုလျှင်ဝဲ။
၃၁။ လှေမျော၊ လှေနှင့်ငင်။
၃၂။ လှေပျောက်မှ လှေကြိုးရှာအထည်ပျောက်မှ အိမ်အောက်ထံရံကာ။
=================
inle info

Sunday, February 24, 2013
အင်းလေး ဖောင်တော်ဦးမြတ်စွာဘုရား သမိုင်းအကျဉ်းချုပ်။
ရှမ်းပြည်နယ်-ညောင်ရွှေမြို့မယ်-အင်းလေးဒေသ၊နန်းဟူးရွာ တွင် သီတင်းသုံးတော်မူသော
ဖောင်တော်ဦးမြတ်စွာဘုရား၊
သမိုင်းအကျဉ်းချုပ်။
မြန်မာသက္ကရာဇ် ၄၇၃-ခုနှစ်တွင်၊ပုဂံနေပြည်တော်ကြီး တွင်၊ထီးနန်းစိုးစံတော်မူသော နရပတိ အလောင်းစည်သူ မင်းကြီးသည် ၊ မဟာသမုဒြာတွင်ရှိသော ရတနာ အမျိုးမျိုးတို့ကို ကြည့်ရှူတော်
မူလိုသဖြင့်၊သင်္ကနက် ဖောင်ယာဉ် စကြာဖြင့်၊မှူးမတ်ဗိုလ်ပါတို့ ခြံရံလျက်ထွက်ခွာတော်မူသည်။
မင်းကြီးသည် ဖောင်ယာဉ်စကြာနှင့် ယမထာကြီမ်လုံးစကြာကိုပိုင်ဆိုင်သောမင်းမြတ်ဖြစ်ပေသည်၊
ထိုကြောင့် သင်္ကနက်ဖောင်စကြာကို သွားလိုရာအရပ်တွင် (လက်ညိုးညွန်ရာ ရေပြင်ဖြစ်ရလေသည်။)
ဟူသော ဆိုရိုးစကားထင်ရှားလေသည်။
အလောင်းစည်သူမင်းကြီးသည်တိုင်းခန်းလှည့်လည်တော်မူရင်း၊မြင့်မိုရ်တောင်သို့ သွားလိုသော
စိတ်ဆန္ဒ ပြင်းပြလာသဖြင့်၊မြင့်မိုရ်တောင်သို့သွားရန် ဆုံးဖြတ်လိုက်သည်။
နတ်သိကြားမင်းနှင့် သူသီတာတို့ဟန့်တားခြင်း။
တာဝတိန်သာ နတ်ပြည်ကို အစိုးရသော သိကြားမင်းနှင့် မိဖုရားသူသီတာတို့က၊ လူအိုခင်ပွန်းအရောင်ဖန်
ဆင်းပြီး လောင်းလှေငယ်နှင့်စီးနှင်းလှော်ခက်ဟန်ကဲ့သို့လှော်ခက်လာလေသည်။မင်းကြီးမြင်သောအခါ
မေးမြန်းခဲ့သည်မှာ- အကျွှန်ုပ်တို့ခင်ပွန်းသည် တဆယ့်ငါးနှစ်အရွယ်ကပင် အီမ်ထောင်ပြုပြီး မြင့်မိုရ်တောင်သို့ ရောက်ခြင်သောအားငါတို့သွားသည်၊ ယခုမူကား မြင့်မိုရ်ငွေ့များ မတွေ့ရပါ။တို့သာမိုက်လှဖြစ်ပေစွ၊မတွေ့ပါရ၊ မြေးမောင်လှတို့ မှတ်ရသူအိုစကားတည်း။ ဟုပြောပြီး
အလောင်းစည်သူမင်းကြီးသည် သူအိုတို့ပြောသည့်စကားကိုမယုံကြည်ဘဲဆက်လက်သွားရန် ဆန္ဒပြင်းပြ
နေပါသည်၊ ထိုကြောင့်ဖောင်ယာဉ်စကြာနှင့်သူအိုတို့စီးနှင်းသော လောင်းလှေငယ်တို့ယှဉ်ပြိုင်ကြရာ၊
သိကြားမင်းဖန်ဆင်းထားသော လောင်းလှေငယ်ကပိုမိုမြန်ဆန်သောကြောင့် ၊မင်းကြီးက သွားရန်အစီစဉ်
ကိုဖျက်သီမ်းလိုက်လေသည်။
Subscribe to:
Posts (Atom)